စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စဉ့်ကူးမြို့နယ်မှာ တရက်အတွင်း ပြည်သူ ၁၃ ဦးသေဆုံး

RNA_ဩဂုတ်(၅)၊၂၀၂၄ ခုနှစ်။
 
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ကံတောင်ကျေးရွာနှင့် နွယ်ရုံကျေးရွာတို့အား ဩဂုတ်လ ၄ ရက်နေ့က စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် ပြည်သူ (၁၃) ဦးသေဆုံးကာ (၁၉) ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
 
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုသည် ဩဂုတ်လ ၄ ရက်နေ့ နေ့လယ် (၁) နာရီခန့်က ကံတောင်ကျေးရွာ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်သည့်အတွက် ကလေးငယ် ၁ ဦးပါအဝင် ပြည်သူ (၁) ဦးသေဆုံးကာ ၁၃ ဦးဒဏ်ရာရရှိခဲ့ပြီး၊ နေ့လယ် (၃) နာရီ (၃၀) မိနစ်ခန့်တွင် နွယ်ရုံကျေးရွာအားလေကြောင်း တိုက်ခိုက်သည့်အတွက် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ (၁၀) ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်ထားသည်။

စစ်ကောင်စီအနေဖြင့် မြေပြင်တိုက်ပွဲများတွင် ရှုံးပြီး နယ်မြေများ လက်လွှတ်နေရပြီးနောက် အရပ်သား ပြည်သူများ၏ နေအိမ်များ၊ ဆေးရုံများနှင့် စစ်ဘေးရှောင်စခန်းတို့ကို လေကြောင်းတိုက်ခိုက်မှုများ မကြာခဏပြုလုပ်နေကြောင်း၊ စစ်ကောင်စီအနေဖြင့် တိုက်ပွဲများအတွင်း လေကြောင်းပစ်ကူထက် အရပ်သားပစ်မှတ်များကိုသာ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကို အများဆုံးပြုလုပ်နေသည်။

 

#RedNewsAgency
By Editor