စဉ့်ကူးမြို့နယ်အတွင်းမှ စစ်ကောင်စီတပ်စခန်း (၅) သိမ်းပိုက်နိုင်မှုတွင် ဒုတပ်မှုး ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင်ကို အရှင်ဖမ်းဆီးရမိ

RNA_ဇူလိုင်(၉)၊၂၀၂၄ ခုနှစ်။

မန္တလေးတိုင်း၊ စဉ့်ကူမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ရွှေပြည် ရဲစခန်း၊ လက်ပန်လှ ရဲစခန်း၊ ကျည်တောက်ပေါက် တပ်စခန်း၊ ကန်တောင် တပ်စခန်း နှင့် ပင်လယ်ကြီး တပ်စခန်းတို့ကို သိမ်းပိုက်နိုင်ပြီး ဒုတပ်မှုး ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင် အပါအဝင် (၁၅)ဦးကို အရှင်ဖမ်းဆီးရမိထားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်ထားသည်။

စဉ့်ကူးစစ်ဆင်ရေးများအတွင်း စစ်ကောင်စီတပ်မှ သပိတ်ကျင်းမြို့နယ် ဒုတပ်မှုး ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင် အပါအဝင် (၁၅)ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး၊ လက်နက်ချအလင်းဝင်သော ပသစ (ပျူ) တပ်ဖွဲ့များလည်းရှိကြောင်း၊ စစ်ကောင်စီတပ် လေကြောင်းမှ ချပေးသည့် လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိထားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကထုတ်ပြန်ထားသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ စဉ့်ကူးမြို့နယ်အတွင်းစခန်းများမှာ ရွှေပြည် ရဲစခန်း၊ လက်ပန်လှ ရဲစခန်း၊ ကျည်တောက်ပေါက် တပ်စခန်း၊ ကန်တောင် တပ်စခန်း၊ ပင်လယ်ကြီး တပ်စခန်း၊ ဒိုးနွယ်ရွာ တပ်စခန်း၊ နမ့်ဟပ်ရွာ တပ်စခန်း၊ မာလဲဆည် ရှင်းလင်းဆောင် တပ်စခန်း၊ ရွှေမာလဲစေတီ တပ်ခစန်း၊ ရွာတော်လေး တပ်စခန်း နှင့် နွယ်ရုံ ရဲစခန်း တို့ကို သိမ်းပိုက်ထားနိုင်ကြောင်း သိရသည်။

စစ်သုံ့ပန်း ဒုတပ်မှုး ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင်

#RedNewsAgency

By Editor