ပုလဲမြို့တွင်း ဝင်တိုက်ပြီး တော်လှန်ရေးတပ်များက (၂) နာရီကျော် ထိန်းချုပ်ထားနိုင်ခဲ့

RNA_ဇူလိုင်(၈)၊၂၀၂၄ ခုနှစ်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့တွင်း၊ စစ်ကောင်စီတပ် တပ်စွဲထားသော စုပေါင်းရုံးနှင့် ရဲစခန်းတို့အား တော်လှန်ရေးအင်အားစုများ ပူးပေါင်းပြီး ယမန်နေ့က တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ပြီး ပုလဲမြို့အား (၂) နာရီကျော် ထိန်းချုပ်နိုင်ခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ထံမှ သိရသည််။
“တိုက်ပွဲကြာမြင့်ချိန် ၃နာရီခန့်ကြာမြင့်ခဲ့ပြီး ပုလဲမြို့အား ၂နာရီကျော်ထိန်းချုပ်နိုင်ခဲ့သည်။တိုက်ပွဲတွင်း ရန်သူ့ဘန်ကာတစ်ချို့ရရှိိခဲ့ပြီး စကစပြည်သူ့စစ်အဖွဲ့ဝင်၂ဦးအားဖမ်းဆီးရမိခဲ့သည်။ဖမ်းဆီးရမိသော စကစပြည်သူ့စစ်အဖွဲ့ဝင်၂ဦးအား မြို့နယ် ပအဖအဖွဲ့ထံသို့ အပ်နှံခဲ့သည်” ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ထုတ်ပြန်ထားသည်။

ဇူလိုင် (၇) ရက်နေ့ ပုလဲမြို့တိုက်ပွဲတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၏ အနောက်မြောက်စစ်ဒေသ-အမှတ်(​၈၁၅)တပ်ဖွဲ့ ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီ​မိုကရက်တစ်တပ်ဦး(ABSDF)၊ ဗမာ့လွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)၊ ဒေါင်းနက်-နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့နှင့် ရပ်ရွာတော်လှန်ရေးတပ်ဖွဲ့ဝင်များပူးပေါင်း ပါဝင်ခဲ့ကြောင်း သိရသည်။
By Editor