အဆင့်မြင့်လက်နက်တွေမနိုင်တဲ့ ပြည်သူ့လက်သုံးချောင်း

“တော်လှန်ရေး စတင်ချိန်ကတည်းက အကြမ်းဖက်စစ်တပ်က အင်အားကြီးမှန်းကို သိပေမယ့် စုစည်းရသလောက် လက်နက်ခဲယမ်းတွေနဲ့ မတွန့်မဆုတ်တိုက်ခိုက်ခဲ့တယ်။ လက်နက်ခဲယမ်းတွေကို ဖင်ခုထိုင်ထားတဲ့ အကြမ်းဖက်စစ်ကတော့ လက်နက်သာရှိပြီး ယုံကြည်ချက်ကင်းမဲ့နေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေကို ရင်ဆိုင်မတိုက်ရဲခဲ့ကြဘူး”
 
နွေဦးတော်လှန်ရေးရဲ့ သူရဲကောင်းတွေက အကြမ်းဖက်စစ်တပ်ကို တိုက်ထုတ်ချင်တာကြောင့် ဘတ်ဂျက်အနည်းဆုံး လက်နက်တွေဖြစ်တဲ့ တူမီးလိုလက်နက်လေးတွေနဲ့စတင်လာခဲ့တာ ခုဆိုရင် နိုင်ငံရဲ့ ၆၀ ရာခိုင်နှုန်း ကျော်အထိ စစ်ရေးအရ ထိန်းချုပ်ထားနိုင်ပြီ။ အကြမ်းဖက်စစ်တပ်ကတော့ နိုင်ငံတော် ဘဏ္ဍာတွေကို မတရားသုံးစွဲပြီး ကာကွယ်ရေးအတွက်၊ လက်နက်အင်အား နည်းပညာအင်အား အဆင့်မြင့်ဆုံးတွေ သုံးထားပေမယ့် အောင်ပွဲဆိုတာ ကင်းမဲ့နေပြီး နယ်မြေတွေအားလုံးနီးပါး ထိန်းချုပ်မရတော့ဘူး။
 
လက်နက်မဲ့ပြည်သူတွေကို သေနတ်မောင်းတင်ပြီး သေရဲရင်ထွက်ခဲ့လို့ ပြောခဲ့သူတွေက အခုချိန်မှာတော့ မောင်းပြန်ကိုင်ထားတဲ့ ရဲဘော်တွေရှေ့ မျက်နှာအောက်ချပြီး အရှက်မရှိတောင်းပန်နေကြတယ်။ လက်နက်အသာနဲ့ စိန်ခေါ်ရဲတဲ့ အကြမ်းဖက်စစ်တဲ့ တပ်ဖွဲ့ဝင်တွေက လက်နက်အင်အားတူလာချိန်မှာတော့ စိတ်ဓါတ် စွမ်းရည်အရ မယှဉ်နိုင်ဘူးဆိုတာ သိသာလှတယ်။
 
ပြည်သူလူထုရဲ့ အကြမ်းဖက်စစ်တပ်ကို လက်နက်ကိုင်တိုက်ထုတ်ဖို့ဆိုတဲ့ လမ်းစဉ်ကိုရွေးပြီးတဲ့ နောက်တော့ တနိုင်ငံလုံးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ စီးပွားရေးဒေါက်တိုင်တွေ၊ အုပ်ချုပ်ရေးဒေါက်တိုင်တွေကို ဦးတည် တိုက်ခိုက်လာတာကြောင့် စစ်သည်အင်အား ၄ သိန်းရှိတဲ့ဆိုတဲ့စစ်တပ်က တနိုင်ငံလုံးကိုအင်အားတွေ ဖြန့်ထုတ်နှိမ်နင်းနေရတယ်။ တော်လှန်ရေးစကတည်းက စစ်တပ်ကိုနားချိန်မပေးပဲ ဗျူဟာမြောက်စွာနဲ့ တနိုင်ငံလုံးက နေ့စဉ်တိုက်ပွဲတွေဆင်နွှဲနေလို့ အကြမ်းဖက်စစ်တပ် ဖိအားတွေ များလာတယ်။

ဓာတ်ပုံ – ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းက တွေ့ရှိရသည့် ရန်ကုန်မြို့ လှည်းတန်းမီးပွိုင့် အနီးတဝိုက်မှ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု။
နေ့စဉ်ဘဝမှာ ဂိမ်းဆော့လိုက်၊ ကျောင်းတက်လိုက်နဲ့ ပေါ့ပေါ့ပါးပါးနေလာခဲ့တဲ့ လူငယ်တွေကအစ စစ်တပ်ရဲ့မတရားလုပ်တာကို မခံနိုင်တဲ့စိတ်တခုတည်းနဲ့ ကြမ်းတမ်းတဲ့လက်နက်ကိုင်လမ်းစဉ်ကို‌ ရွေးချယ်ခဲ့ကြတယ်။ လက်နက်တွေကို ကိုင်တွယ်ဖို့စပြီးသင်ကြားရင်းနဲ့ အသက်ရှင်သန်ဖို့ မသေချာတဲ့ တိုက်ပွဲတွေကို ပါဝင်ခဲ့ကြတယ်။ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ကျောင်းဆရာ၊ ဆရာဝန်၊ အင်ဂျင်နီယာစတဲ့ အလွှာအသီးသီးက အကြမ်းဖက်စစ်တပ်ကို လက်နက်ကိုင်တိုက်ဖို့ အကြမ်းတမ်းဆုံးလမ်းကြောင်းတွေကို ရွေးခဲ့ကြရတယ်။
 
ကြမ်းတမ်းတဲ့တော်လှန်ရေး လမ်းကြောင်းအတွင်းမှာ တစ်ဦးနဲ့တစ်ဦး ဖေးမကြသလို တယောက်ရဲ့ ကျွမ်းကျင်မှုတွေ အခြားတယောက်ကို လွတ်လွတ်လပ်လပ်ဝေမျှကြရင်းနဲ့ အလွန်ခက်ခဲတဲ့ လက်နက်ကိုင် ပညာရပ်တွေကိုသာမက တိုက်ခိုက်ရေးနည်းစနစ်တွေကို သင်ယူတက်မြောက်လာကြတယ်။ အတွေးအခေါ် လွတ်လပ်မှုနဲ့ တီထွင်ဖန်တီးမှုတွေကို ဝေမျှကြရင်းနဲ့ စစ်ပညာတွေ၊ စစ်ဘက်ဆိုင်ရာတိုက်ခိုက်ရေးပစ္စည်းတွေကို တီထွင်လာပြီး တိုက်ပွဲတွေမှာ လက်တွေ့အသုံးချလာကြတယ်။ ဘက်ဂျက်ငွေ နည်းပါးပေမယ့် ဆန်းသစ်တဲ့စိတ်ကူး၊ ဆန်းသစ်တဲ့ တီထွင်မှုတွေကြောင့် လက်နက်အင်အား အဆမတန် ကွာခြားတဲ့ အကြမ်းဖက်စစ်တပ်ကို ကောင်းကောင်းတိုက်ခိုက်ပြနိုင်ခဲ့တယ်။ လက်နက်ငယ် ထုတ်လုပ်မှုတွေကိုလည်း နည်းပညာနဲ့ ကုန်ကြမ်းပစ္စည်းမပြည့်စုံပေမယ့် ခုချိန်မှာမောင်းပြန် သေနတ်တွေထိ အောင်အောင်မြင်မြင်ထုတ်လုပ်နိုင်နေပြီဖြစ်တယ်။
 
တော်လှန်ရေး စတင်ချိန်ကတည်းက အကြမ်းဖက်စစ်တပ်က အင်အားကြီးမှန်းကို သိပေမယ့် စုစည်းရသလောက် လက်နက်ခဲယမ်းတွေနဲ့ မတွန့်မဆုတ်တိုက်ခိုက်ခဲ့တယ်။ လက်နက်ခဲယမ်းတွေကို ဖင်ခုထိုင်ထားတဲ့ အကြမ်းဖက်စစ်ကတော့ လက်နက်သာရှိပြီး ယုံကြည်ချက်ကင်းမဲ့နေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေကို ရင်ဆိုင်မတိုက်ရဲခဲ့ကြဘူး။ စစ်တပ်ရဲ့စခန်းငယ်လေးတခု တိုက်ပွဲဖြစ်ရင်တောင် လက်နက်ကြီးပစ်ကူ အဆမတန်သုံးသလို လေယာဉ်ပစ်ကူတွေနဲ့ အသည်းအသန်ခုခံနေပေမယ့်လည်း မကြာခင်မှာ စစ်တပ်က စခန်းတွေကို စွန့်ခွာပေးရတာပဲ။
 
အကြမ်းဖက်စစ်တပ်ကို အနိုင်တိုက်နိုင်မယ့်နည်းလမ်းပေါင်းစုံကို ကြိုးစားရင်းနဲ့ တော်လှန်ရေးအင်အားစုတွေက လေကြောင်းတိုက်ခိုက်ဖို့ Drone တိုက်ပွဲတွေကို ပီပီပြင်ပြင်ဖန်တီးလာခဲ့တယ်။ လူငယ်တွေရဲ့ တီထွင်နိုင်မှုကြောင့် Fredral Wings ဆိုတဲ့ Drone Team တခုအဖြစ် စစ်ကောင်စီအတွက် Drone တိုက်ခိုက်မှုဆိုတဲ့ အိပ်မက်ဆိုးကို အသက်သွင်းနိုင်ခဲ့တယ်။ ၂၀၂၃ခုနှစ် စက်တင်ဘာ (၂၄)ရက်နေ့မှာ ထုတ်ပြခဲ့တဲ့ Fredral Wings ရဲ့ VTOL Drone တွေဟာ ရာသီမရွေးမှာ ပျံသန်းချိန်ကြာကြာနဲ့ ကင်းထောက်စစ်ဆင်ရေးတာဝန်တွေကို ထမ်းဆောင်နိုင်တော့မှာဖြစ်ပါတယ်။
ဓာတ်ပုံ – ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းက တွေ့ရှိရသည့် ရန်ကုန်မြို့ လှည်းတန်းမီးပွိုင့် အနီးတဝိုက်မှ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု။
အကြမ်းဖက်စစ်တပ်က CZ55 VTOL ဒရုန်းတွေကို တရုတ်နိုင်ငံကနေပြီး ဒေါ်လာတစ်သိန်းခွဲလောက်နဲ့ ဈေးကြီးကြီးပေးဝယ်ပြီး သုံးနေတဲ့အချိန်မှာ Fredral Wings က ဒေါ်လာထောင်ဂဏန်းလောက်နဲ့ ထုတ်လုပ်သုံးစွဲပြနေတာပဲဖြစ်တယ်။ အကြမ်းဖက်စစ်တပ်ကတော့ ငွေပုံပေါ်ထိုင်ထားပြီး လေကြောင်းတိုက်ခိုက်ရေး Drone တွေကို ဝယ်ထားပေမယ့် လက်ညှိုးထောင်ခေါင်းညိတ်သာ လုပ်တတ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အတွက် နည်းပညာမြင့်စစ်အသုံးပစ္စည်းတွေဆိုတာ ရုပ်ပြသာသာပဲဖြစ်တယ်။
 
ဧပြီလ (၂၄) ရက်နေ့က ဗိုလ်ချုပ်မိုးအောင်က ရုရှားနိုင်ငံကိုသွားပြီး Drone တွေကို သွားရောက် လေ့လာခဲ့သလို နည်းပညာမြင့်စစ်ပွဲ ဆင်နွှဲရမယ်ဆိုတဲ့ ကြွေးကြော်သံနဲ့ ရန်ကုန်တိုင်း၊ ဖောင်ကြီးရှိ အမှတ်(၅) လေကြောင်းရန် ကာကွယ်ရေးတပ်မှာ (၅၀၆) ဒရုန်းတပ်ဖွဲ့ကိုဖွဲ့စည်းလိုက်ပြီး ရုရှားနိုင်ငံ၊ တရုတ်နိုင်ငံတို့က ပညာရှင်တွေနဲ့ သင်တန်းပေးနေကြောင်း ဖော်ပြထားတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်ဖို့ အတွက် အဆင့်မြှင့်လာခြင်း ဖြစ်တယ်။
 
စစ်ကောင်စီရဲ့ နိုင်ငံတော်အဆင့် အောင်ဇေယျာစစ်ကြောင်းနဲ့ ကော့ကရိတ်တိုက်ပွဲအတွင်းမှာ တရုတ်က ဝယ်ထားတဲ့ မောင်းသူမဲ့ CH-4 Drone တွေကို အားပြုပြီး စတင်တိုက်စစ်ဆင်နေပြီဖြစ်တယ်။ KNDF ဒု-စစ်ဦးစီးချုပ် မာဝီကလည်း “စစ်ကောင်စီရဲ့ ဒရုန်းနည်းပညာမြှင့်တင်လာပေမယ့် ကြောက်သွားမှာမဟုတ်ပဲ ကာကွယ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေ လိုချင်တဲ့ရလဒ်ကိုရအောင် ဆက်လုပ်သွားမှာ”လို့ ပြောခဲ့တယ်။ ဒီလိုပါပဲ စစ်ကောင်စီအတွက်တော့ အင်အားတောင့်တင်းလှပါတယ်ဆိုတဲ့ အောင်ဇေယျစစ်ကြောင်းကလည်း ပေါ်မလာနိုင်သလို မြေပြင်စစ်ကြောင်၊ ဝေဟင်၊ ရေပြင်ကနေ စစ်ဆင်ရေးတွေ လုပ်နေတဲ့ ရခိုင်ပြည်နယ်မှာလည်း ဗျူဟာဌာနချုပ်တွေသာ တခုပြီးတခု လက်လွှတ်ပေးနေရတာဖြစ်ပါတယ်။
 
တူးမီးလောက်သာ ကိုင်ထားနိုင်သေးတဲ့ တော်လှန်ရေးစတင်ချိန်ကတည်းက အကြမ်းဖက်စစ်တပ်က ပြည်တွင်းစစ်ကို တိုက်လေယာဉ်တွေ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ အလွန်အကျွံသုံးပြီး တိုက်နေတာဖြစ်တယ်။ တိုက်ပွဲအတွင်း လက်နက်ခဲယမ်း အပြည့်အစုံနဲ့ ပစ်ခတ်နေသလို လက်ရုံးတပ်တွေကလည်း ဟောင်ဝပ်ဇာအမြောက်၊ အတွဲလိုက်ဒုံး၊ ဓါတုလက်နက်တွေအပါအဝင် အင်အားကုန်သုံးပြီး ပစ်ကူပေးပြီး တိုက်နေတာဖြစ်တယ်။ လက်နက်မရှိတဲ့သူတွေကိုပဲ ထိုးစစ်ဆင်တတ်တဲ့ အကြမ်းဖက်စစ်တပ်က ခုချိန်မှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လက်နက်ငယ်နဲ့ အားပြုတိုက်တဲ့ တိုက်ပွဲတွေကိုတောင် အရှုံးပေးနေရပြီ။
ဓာတ်ပုံ – ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းက တွေ့ရှိရသည့် ရန်ကုန်မြို့ လှည်းတန်းမီးပွိုင့် အနီးတဝိုက်မှ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု။
လက်ချည်းသပ်သပ် ဆန္ဒပြချိန်ကတည်းက အကြမ်းဖက်စစ်တပ်က ပြည်သူတွေကို သေနတ်အစစ်တွေ၊ ကျည်အစစ်တွေနဲ့ ပစ်ခတ်သတ်ဖြတ်ပေမယ့် အနိုင်မရခဲ့ဘူး။ လက်နက်ကိုင်တိုက်ပွဲတွေ စတင်ချိန်မှာလည်း တူးမီးသေနတ်ပဲကိုင်ထားတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်လေယဉ်တွေ၊ လက်နက်ကြီးတွေနဲ့ အဆမတန် သုံးပေမယ့် အနိုင်မရခဲ့ပါဘူး။ ခုချိန်မှာလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေက လက်လုပ်ဒရုန်းတွေနဲ့ တိုက်နေနိုင်ပြီ၊ အကြမ်းဖက်စစ်တပ်က ရုရှားနိုင်ငံကထုတ် အဆင့်မြင့်ဆုံး မောင်းသူမဲ့ Drone တွေ သုံးလဲ စစ်တပ်အတွက်ကတော့ အရှုံးပဲကြုံရမှာဖြစ်တယ်။ စစ်အာဏာရှင် မပြုတ်မချင်းတိုက်မယ့် ပြည်သူတော်လှန်ရေးတပ်တွေကတော့ “ရေ” မြင့်ရင် “ကြာ” မြင့် သလိုပဲ အကြမ်းဖက်စစ်တပ်ရဲ့ အဆင့်မြင့်ဆုံးဆိုတဲ့ ဒရုန်းတပ်ဖွဲ့ကြီးကို တန်ပြန်နည်းစနစ်တွေနဲ့ သိပ်မကြာခင် ချေမှုန်းပြနိုင်မှာကတော့ အသေချာပဲဖြစ်တယ်။ ။
ရန်နိုင် – Wipar
Red News Agency
By Editor