ကျင်ဒွေးမြို့သိမ်းပိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေဟု ချင်းညီနောင်အဖွဲ့ပြော

RNA_မေ(၁)၊၂၀၂၄ ခုနှစ်။

PDF ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များနှင့်အတူ ဇိုမိုးဖက်ဒရယ်အစည်းအရုံး၊ ချင်းအများသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ ( ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ ( မတူပီ) စသည့် ချင်းညီနောင်စစ်ဆင်ရေးမှ သိမ်းပိုက်ရရှိထာသည့် ကျင်ဒွေးမြို့ကို သိမ်းပိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေကြောင်း ချင်းညီနောင်များထံမှ သိရသည်။

Photo : Mahuyar_Battalion_CDF_Kanpetlet

ကျင်ဒွေးမြို့စစ်ကောင်စီစခန်းအား ဧပြီလ ၂၉ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို မဟာမိတ်များနှင့်အတူ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး၊ ၄ လကျော်ကြာမြင့်ခဲ့သော ကျင်ဒွေးမြို့သိမ်းတိုက်ပွဲအတွင်း ထောက်ပို့နှင့်ပြည်သူများ၊ စစ်သည်တော်များအားလုံးကို ချင်းညီနောင်အနေဖြင့် ဂုဏ်ယူကြောင်းနှင့် မြို့သိမ်းတိုက်ပွဲအတွင်း အသက်နှင့် ကိုယ်လက်အင်္ဂါဆုံးရှုံးသွားသည့် စစ်သည်တော်များကိုလည်း လေးလေးနက်နက်လေးစားအသိအမှတ်ပြုကြောင်း ထုတ်ပြန်ထားသည်။

ချင်းညီနောင်အဖွဲ့ သိမ်းပိုက်ရရှိထားသည့် ကျင်ဒွေးမြို့ကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေသည့် ကာလအတွင်း Chin National Front/Chin National Army ဦးဆောင်သည့် Chinland Council ၏ အဖွဲ့ဝင်တပ်ဖွဲ့များသည် ဒေသခံတော်လှန်ရေးအဖွဲ့များ၏ ခွင့်ပြုချက်မပါပဲ ချင်းညီနောင်ထိန်းချုပ်စိုးမိုးနယ်မြေမျးကို သိမ်းပိုက်ကျူးကျော်ရန် စစ်ရေးလှုပ်ရှားမှုများပြုလုပ်နေသည်ဟု ချင်းညီနောင်က ယနေ့ ထုတ်ပြန်လိုက်သည်။

CNF/CNA အနေဖြင့် မိမိတို့နယ်မြေဖြစ်သည့် ဟားခါးနှင့် ထန်တလန်မြို့များတွင် ဦးစားပေးမြို့သိမ်းတိုက်ပွဲများဆင်နွှဲသင့်ကြောင်း၊ လိုအပ်ပါက ချင်းညီနောင်အနေဖြင့် တိုက်ခိုက်ပေးမည်ဖြစ်ကြောင်း၊ ထိုသို့မဟုတ်ပဲ နယ်မြေကျူးလွန်မှုများဆက်လုပ်မည်ဆိုပါက ချင်းပြည်သူများအကြား စည်းလုံးမှု ပြိုကွဲစေပြီး သွေးထွက်သံယိုမှုဖြစ်စေသည့် သမိုင်းတရာခံအဖြစ် ရောက်ရှိသွားမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

#RedNewsAgency

By Editor