RNA_ဧပြီ(၇)၊၂၀၂၃ ခုနှစ်။
သေနတ်အစစ်များရှားပါးနေသည့် စစ်ကိုင်းတိုင်းအတွင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် လက်လုပ် လက်နက်ကြီးများကို အားကိုးအားထားပြုတိုက်ခိုက်နေရသည့်အတွက် လက်နက်ကြီးများ ထုတ်လုပ်နေသည့် Golden Eagle Defence Force ခေါင်းဆောင် ကိုသိမ်းငှက်ကို Red News Agency က မေးမြန်းထားသည်။
စစ်ကိုင်းတိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် Golden Eagle Defence Force တပ်ဖွဲ့သည် လက်နက်ကြီးများ ထုတ်လုပ်ကာ စစ်ကောင်စီတပ်ကို မဟာမိတ်များနှင့်ပူးပေါင်းပြီး တိုက်ခိုက်နေကြကြောင်း၊ မဟာမိတ်များနှင့်အတူ တိုက်ပွဲများတွင် အနီးကပ် ပစ်ခတ်မှုများထက် မိုင်းဆွဲခြင်း၊ လက်လုပ်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကိုသာ အဓိကထားတိုက်ခိုက်နေရကြောင်း၊ လက်နက်အစစ်များလည်း လိုအပ်နေကြောင်း သိရသည်။
[embedyt] https://www.youtube.com/watch?v=f41bLHgSzlM[/embedyt]
Golden Eagle Defence Force အဖွဲ့သည် လက်နက်ကြီးများ ထုတ်လုပ်ရန်နှင့် လက်နက်အစစ်များအတွက် လိုအပ်ချက်များရှိကြောင်း၊ နွေဦးတော်လှန်ရေးတွင် ပြည်သူများအနေဖြင့် ဆက်လက်ပူးပေါင်းပါဝင်စေလိုကြောင်း၊ လက်တလော ဒေသတွင်းအခြေအနေများ စသည်တို့ကို အဖွဲ့ခေါင်းဆောင် ကိုသိမ်းငှက်က ပြောကြားထားသည်။
#RedNewsAgency