စစ်ကောင်စီစစ်တပ်သားများက ဖားကန့်မြို့အဝင်လမ်းမှာ အမျိုးသား(၂) ဦးကို ပစ်သတ်

ဓာတ်ပုံ - ဖားကန့်မြို့၌ ၂၀၂၁ ခုနှစ်က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြ ပြည်သူများကို ဖမ်းဆီးနေသည့်မြင်ကွင်း။ 

RNA_ဖားကန့်၊ မတ်(၁၁)၊၂၀၂၃ ခုနှစ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ အေးမြသာယာရပ်ကွက်၊ မော်မောင်းလျှံ‌ကျေးရွာဘက်မှ ဖားကန့်မြို့သို့အဝင် လမ်းဘေးတစ်နေရာတွင် ယနေ့နံနက် (၃)နာရီခန့်က စစ်ကောင်စီတပ်သားများက အရပ်သား ပြည်သူ (၂) ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

“ကျနော်ကျောက်ရှာပြန်တဲ့အချိန် မနက်(၃)နာရီလောက်၊ စစ်ခွေးတွေက အေးမြသာယာအဝင်မှာ ကင်းချထားတာ၊ ကျနော့်ဆိုင်ကယ်ကိုလမ်းဘေးထိုးခိုင်းပြီး လူကတခြားဖမ်းထားတဲ့လူတွေနဲ့ စုထိုင်ခိုင်းထားတာ၊ အလောင်းသယ်ပြီးမှပဲ လမ်းသွားလမ်းလာဖမ်းထားတဲ့လူတွေ အကုန်ပြန်လွှတ်ပေးတာ၊ မနက်(၆)နာရီအထိပဲ”ဟု ပြည်သူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သားများက ပြည်သူ (၂) ဦးကို သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး အလောင်းမသယ်အချင်း တားဆီးခံထားရသည့် ပြည်သူများကို တားပြီးစစ်ဆေးချိန် ရပ်မပေးသည့်အတွက် ပစ်ခတ်ကြောင်း၊ သေဆုံးသွားသူ (၂) ဦးတွင် သေနတ်အတို (၂) လက်ပါသည်ဟု သတင်းလွင့် ပြောဆိုထားသည်။

ဖားကန့်၌ စစ်ကောင်စီ စစ်တပ်၏ မတရား ပစ်ခတ်သတ်ဖြတ်ခံရခြင်းများရှိနေပြီး၊ ယခုတပတ်အတွင်း အကြောင်းအမျိုးမျိုးပြကာ ဒေသခံ ပြည်သူ (၁၀) ဦးထက်မနည်း ဖမ်းဆီးထားသည်။

ဓာတ်ပုံ – ဖားကန့်မြို့၌ ၂၀၂၁ ခုနှစ်က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြ ပြည်သူများကို ဖမ်းဆီးနေသည့်မြင်ကွင်း။ 

#RedNewsAgency

By Editor