Public Consent

အာဏာရဲ့တရားဝင်မှုကို ဘယ်သူပိုင်တာလဲ

အာဏာရဲ့တရားဝင်မှုကို ဘယ်သူပိုင်တာလဲ

"စစ်ကောင်စီအနေနဲ့ တရားဝင်မှုကို ရယူနိုင်သလားဆိုတဲ့ မေးခွန်းကို ဖြေရရင်တော့ “လုံးဝကို မရနိုင်ပါဘူး”လို့ပဲ ဖြေရမှာဖြစ်ပါတယ်။ လက်နက်အားကိုးနဲ့ခြိမ်းခြောက် အာဏာရှိနေမှုဟာ တရားဝင်မှုကို မရနိုင်ပါဘူး" ကျော်ကြီး ပြည်သူလူထုသာလျှင် အစိုးရတစ်ရပ်ရဲ့ အာဏာကိုဖန်တီးပေးနိုင်ပြီး အာဏာရဲ့ တရားဝင်အရင်းအမြစ်ဖြစ်တယ်။ အစိုးရအားလုံးရဲ့ တရားဝင်မှုဟာ ပြည်သူလူထုရဲ့ ထင်မြင်ယူဆချက်အပေါ်မှာသာ အခြေခံတယ်လို့ အမေရိကန်နိုင်ငံရဲ့ လေးဆက်မြောက်သမ္မတကြီး ဂျိမ်းမက်ဒီဆင်က ပြောခဲ့ပါတယ်။ ဒီအဆိုတွေဟာ ခေတ်သစ်ဒီမိုကရေစီစနစ် ဖြစ်တည်လာကာစ ဥရောပဉာဏ်အလင်းခေတ်လို့ ဆိုကြတဲ့ ၁၇-၁၈ ရာစု သမိုင်းမှတ်တမ်းထဲက အနှစ်သာရပြည့်ဝတဲ့ အခြေခံအယူအဆအတွေးအခေါ်တွေပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ကို အခြေခံထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေ၊ အုပ်ချုပ်မှုမူဝါဒတွေဟာ ၂၀ ရာစုနှစ်ရဲ့ ဒုတိယနှစ်ဝက်ကာလအတွင်းကထဲက ကမ္ဘာ့နိုင်ငံအများအပြားမှာ အောင်အောင်မြင်မြင် အခြေပြုနိုင်ခဲ့ပြီး ဒီနေ့ကမ္ဘာမှာတော့ အားကောင်းနေခဲ့ပါပြီ။…
Read More