အိုးအိမ်မဲ့ (ကျူးကျော်) အရေး ဖြေရှင်းရန်အတွက် စာရင်းကောက်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Women for the world (ပျိုမေ့အိမ်လူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း = အင်းစိန်) တို့ အိုးအိမ်မဲ့ (ကျူးကျော်) အရေး ဖြေရှင်းရန်အတွက် စာရင်းကောက်ခြင်း၊ အိမ်ဆောက်မည့်ပုံစံများ၊ လုပ်ဆောင်မည့်အကြောင်းအရာများကို မေလ ၁၉ ရက်နေ့က လှိုင်သာယာမြို့နယ် (၇) ရပ်ကွက် တေးဥယျာဉ်လမ်း သောင်ကြီးဘုန်းတော်ကြီးကျောင်းတွင် ရန်ကုန် = ပုသိမ် လမ်းမကြီးဘေးမှ ကျူးကျော်များနှင့်တွေ့ဆုံကာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မကြာမှီ ဖော်ဆောင်မဲ့ လူမှုအခြေပြု အစုအဖွဲ့ပိုင် အိမ်ယာစီမံကိန်းကို ပျိုမေ့အိမ်လူမှုဖွံ့ဖြိုးရေးအသင်း (အင်းစိန်)- Women for the world ၊ မြို့ပြနှင့်အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကြမည်ဖြစ်ကြောင်း သိရသည်။

Red News Agency

By Editor

Leave a Reply

Your email address will not be published. Required fields are marked *