Red News Agency

Independent Journalism for Justice and Human Rights.

Tag: နွေဦးတော်လှန်ရေး

  • ပေါက်ကွဲပစ်ခတ်မှု နေ့တိုင်းဖြစ်နေသည့်ရန်ကုန်မှာ ဟန်ပြသင်္ကြန်ပွဲ ကျင်းပရန် စီစဥ်နေ

    ပေါက်ကွဲပစ်ခတ်မှု နေ့တိုင်းဖြစ်နေသည့်ရန်ကုန်မှာ ဟန်ပြသင်္ကြန်ပွဲ ကျင်းပရန် စီစဥ်နေ

    RNA_မတ်၂၂၊၂၀၂၂ခုနှစ်။

    နိုင်ငံရေးမတည်ငြိမ်ဖြစ်နေသည့်ကာလ အများ
    ပြည်သူ စိတ်နှလုံးမသာမယာ ဖြစ်နေသည့် ယခုလိုကာလတွင်း လက်နက်နှင့် အုပ်ချုပ်နေရသည့် စစ် ကောင်စီက ရန်ကုန်တွင် သင်္ကြန်ကျင်းပရန် စီစဥ်နေသည်။

    ကိုဗစ်ကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုဖြစ်ပြီး စီးပွားရေးကျင်းနေချိန် ၊ပြည်သူ လူထု အလုပ်အကိုင်မဲ့ ဖြစ်နေချိန်တွင် စစ်ကောင်စီ အာဏာလုခဲ့သည့်အတွက် လူထုမှာ ကိုဗစ်ဘေးကော၊ ကိုစစ်ဘေးကော နေ့စဥ် ရင်ဆိုင်နေရပြီး နေ့စဥ် သောကရောက်နေကြရပြီး၊ မလုံခြုံမှုနှင့် စိုးရိမ်ထိန့်လန့်မှုများ နေ့စဥ် ကြုံတွေ့ခံရနေကြရသည်။

    ထိုအခြေအနေတွင် စစ်ကောင်စီက နဂိုပုံမှ​န်အခြေအနေ ပြန်ရောက်ပြီပြသရန်၊ အုပ်ချုပ်ရေး အာဏာသက်ရောက်ပြီဆိုသော အဖြစ်ကို ပြသရန် သင်္ကြန်ပွဲကျင်းပနိုင်ရေးပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။ (more…)

  • နိုင်ငံရေးအကျဉ်းသားဟောင်း ကိုငြိမ်းချမ်း ထောင်ဒဏ် (၃) နှစ်အမိန့်ချမှတ်ခံရ 

    နိုင်ငံရေးအကျဉ်းသားဟောင်း ကိုငြိမ်းချမ်း ထောင်ဒဏ် (၃) နှစ်အမိန့်ချမှတ်ခံရ 

    RNA_မတ်၂၁၊၂၀၂၂ခုနှစ်။

    နိုင်ငံရေးအကျဉ်းသားဟောင်း ကိုငြိမ်းချမ်း (ခ) ခိုင်ကိုမွန်ကို အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ အင်း‌စိန်အကျဥ်းထောင် အထူးတရားရုံးက နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် ‌ယနေ့ ထောင်ဒဏ် (၃) နှစ် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

    အာဏာသိမ်း စစ်ကောင်စီနှင့် အပေါင်းအပါများကို ခုခံစစ်ဆင်နွှဲရန်အတွက် သင်တန်းသားရှာဖွေစုဆောင်းခြင်းစသည့် လုပ်ငန်းများ လုပ်နေသည်ဟု သတင်းပေါက်ကြားပြီး ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ (၄) ရပ်ကွက်၊ ပြည်လမ်း (၉) မိုင် သီရိကွန်ဒို အခန်း အမှတ် (B-508)မှာ ၂၀၂၁ ခုနှစ် မေလ ၁၃ ရက်နေ့ ကိုငြိမ်းချမ်း စစ်ကောင်စီတပ်သားများ၏ ဖမ်းဆီးခြင်း ခံခဲ့ရခြင်း ဖြစ်သည်။

    ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ကာလက ကိုငြိမ်းချမ်းသည် Generation Wave အဖွဲ့တွင်ပါဝင်ခဲ့ပြီး ထောင်ကျခံရကာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှ လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး စစ်တပ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး ဖမ်းဆီးခံရကာ စစ်ကြောရေးနှိပ်စက်ခံရမှုများရှိပြီး ယနေ့ ထောင်ဒဏ်ချမှတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

    Red News Agency

  • PDF ရဲဘော်တဦး၏ မိဘနှစ်ပါးကို ဒလန်ဟု စွပ်စွဲကာ သတ်ဖြတ်ခံရ 

    PDF ရဲဘော်တဦး၏ မိဘနှစ်ပါးကို ဒလန်ဟု စွပ်စွဲကာ သတ်ဖြတ်ခံရ 

    RNA_မတ်၂၀၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာမှ NGR PDF တပ်ဖွဲ့ဝင် ရဲဘော်တဦး၏ မိဘနှစ်ပါးဖြစ်သည့် ကိုနိုင်မိုးနှင့် မမာဦးတို့ကို အခြား PDF (၂) ဖွဲ့က ဒလန်ဟု စွပ်စွဲကာ သတ်ဖြတ်သွားကြောင်း သိရသည်။

    ဆားလင်းကြီးမြို့နယ် အခြေစိုက် National Revolutionary Guards ( NRG PDF) တပ်ဖွဲ့ ရဲဘော်တဦး၏ မိဘနှစ်ပါးကို ဒလန်ဟု သတ်မှတ်ပြီး မတ်လ (၁၇) ရက်နေ့ နံနက် (၁၁) နာရီ ၄၀ မိနစ်ဝန်းကျင်က Salingyi People’s Force ( S.P.F) နှင့် Myanmar ချီဂွေဗားရား အဖွဲ့တို့ ပူးပေါင်းပြီး သုတ်သင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

    (more…)

  • လက်နက်ပစ္စည်း ထုတ်လုပ်ရာမှာ အောင်မြင်မှုရှိနေပြီဟု ဗိုလ်သူရိန်တပ်ဖွဲ့ကပြော

    လက်နက်ပစ္စည်း ထုတ်လုပ်ရာမှာ အောင်မြင်မှုရှိနေပြီဟု ဗိုလ်သူရိန်တပ်ဖွဲ့ကပြော

    RNA_မတ်၁၉၊၂၀၂၂ခုနှစ်။

    အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင် လက်ပါးစေများကို လက်နက်ကိုင်တိုက်ခိုက်နေသည့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်အခြေစိုက် ဗိုလ်သူရိန်တပ်ဖွဲ့ ( Bo Thurain – Yinmabin PDF )က လက်နက်ပစ္စည်း ထုတ်လုပ်ရာမှာ အောင်မြင်မှုရှိနေပြီဖြစ်ကြောင်း ယနေ့ ပြောကြားထားသည်။

    ” လက်နက်အင်အား မလုံလောက်သေးပေမဲ့ စစ်ခွေးကို တိုက်ခိုက်ဖို့အတွက် ကျွန်တော်တို့ မဖြစ်ဖြစ်အောင် ကြိုးစားနေပါတယ်။ ပြည်သူများ၏ ထောက်ပံ့မှုများကိုလည်း မအလရဲ့ စစ်ခွေးတွေကို ငရဲရောက်အောင်ပို့ဖို့အတွက် အလေအလွင့်မရှိ အသုံးပြုနေပါတယ်။လက်နက် ပစ္စည်းတွေ ထုတ်လုပ်ရာမှာလည်း အောင်မြင်မှုရှိနေပါပြီ။ တိုက်ပွဲမှာခွေးစာကျွေးပြီး ကုန်သွားတဲ့ ပစ္စည်းတွေအတွက် တိုက်ပွဲနား ချိန်မှာ ထုတ်လုပ်ရေးတွေအဆက်မပြတ်လုပ်နေပါတယ်” ဟု ဗိုလ်သူရိန် တပ်ဖွဲ့က ‌ပြည်သူများကို ပြောကြားထားသည်။

    (more…)

  • “ချန်ဂင်တို့စခန်း (၁၃)”

    “ချန်ဂင်တို့စခန်း (၁၃)”

    “ငါမှ အုပ်ချုပ်လို့မရရင် နင်တို့တိုင်းပြည် မီးလောင်ပြင်ထဲ နေခဲ့ကြ။” ဆိုတဲ့ စိတ်ယုတ်မာမျိုး။ ၃၁ ဘုံမှာ သူ့ထက်ယုတ်မာတဲ့ သတ္တဝါ အသင်းအပင်း အဖွဲ့အစည်း ဘယ်တုန်းကမှ မရှိဖူးဘူး။ နောင်လည်း ရှိမှာ မဟုတ်ဘူး။ မရှိတော့အောင်ကို မျိုးဖြုတ်ပစ်ရမှာ။

    ဒေါက်တာစိုးမင်း (CDM ဆရာဝန်)

    ဆောင်းဝင်တုန်းက တော်တော်နဲ့ မိုးမပြတ်ခဲ့ပေမယ့် ဆောင်းကုန်တဲ့အခါ နှင်းက ရုတ်ချည်းပျောက်သွားပါတယ်။ အရင်ရက်တွေတုန်းကမှ ထင်းစကလေးတွေ ကောက်ကောက်ထားပြီး မနက်မီးညမီး ဖိုနေရသေးတယ်။ အခုတပါတ်ထဲလည်းရောက်ရော အနွေးထည်တောင် ညတပိုင်းလေးပဲ လိုတော့တယ်။ စောင်တွေလည်း ပိုလာပြီ။ လူနာတွေအတွက် အလှူရှင်တွေပို့ပေးလိုက်တဲ့ အိပ်ယာခင်း ဂွမ်းကပ်တွေ ဂွမ်းစောင်တွေတောင် ဗီရိုထဲပြန်သိမ်းနေရပြီ။ တသွင်သွင်စီးတဲ့ စမ်းချောင်းကလေးလည်း အရင်ကလောက် မနက်တော့ဘူး။ ကြည်တော့ကြည်ပါသေးတယ်။ ညနေစောင်းရင် ချောင်းထဲမှာ ရေချိုးတဲ့သူတွေ စည်တာပေါ့။ ပြီးခဲ့တဲ့ တစ်ပါတ်လောက်ကဆိုရင် ချောင်းထဲကရေက ရေခဲရေထက်ပိုအေးလို့ ကြာကြာမစိမ်နိုင်ကြဘူး။ အစကတော့ မြွေဆိပ်ဖြေဆေးတွေ ရေခဲသေတ္တာနဲ့ထားရတဲ့ ထိုးဆေးတွေကို ဗူးကလေးနဲ့ အလုံပိတ်ပြီး စမ်းချောင်းထဲမှာ သွားစိမ်ထားမလို့ စဉ်းစားနေတာ။ စိမ့်ပြီးကျဉ်နေအောင် အေးတာကိုး။

    ဒီစမ်းရေကလေးကိုပဲ အားကိုးနေရတာပါလေ။ အခုတော့ ရာသီဥတုပူလို့ လူတစ်ယောက်ချင်း ရေအသုံးများလာတာရော၊ ဆေးရုံတက်လူနာတွေ များလာတာကြောင့်ရော၊ ချောင်းရေတွေက ခဏခဏတင်နေရတာပေါ့။ စကော့တလန်မှာ စမ်းချောင်းကလေးတွေက ရေကို ဝီစကီချက်ပြီးရောင်းရင် တကမ္ဘာလုံးက အလုအယက် တန်ဖိုးထားပြီး ဝယ်သောက်ကြသလိုမျိုး ကိုယ်တို့စခန်းက စမ်းရေကလေးကိုလည်း ဂါထာမန္တန်တွေ မန်းကာမှုတ်ကာနဲ့ လူနာတွေကို ဆေးကုပေးလို့ရရင် ဘယ်လောက်ကောင်းမလဲကွယ်။ ဘယ်သူပြောနိုင်မလဲ။ စမ်းရေလေးကြောင့်လည်း ဖြစ်ရင်ဖြစ်မယ်။ ဆရာဝန်လေး ဆရာမလေးတွေရဲ့ မေတ္တာစိတ်ကြောင့်လည်း ဖြစ်ရင်ဖြစ်မယ်။ ကိုယ်တို့ကုသမျှ လူနာတွေ အားလုံး သက်သာပျောက်ကင်းခဲ့ကြတယ်။ အဖိတ်အစင်တောင် မရှိဘူး။ တစ်ခုခုတော့ စွမ်းနေတာ ထင်ပါရဲ့။ “ချန်ဂင် ဆေးဘက်ဝင် သောက်ရေသန့်” ဆိုပြီး ရေစစ္စတြီလုပ်ထားရကောင်းနိုးနိုးနော်။ (more…)

  • ပုလင်းတူဗူးဆို့များညီညွတ်ရေးအစိုးရ

    ပုလင်းတူဗူးဆို့များညီညွတ်ရေးအစိုးရ

    KGZ ကိစ္စမှာ ကရင်နီပြည်အကြောင်း ခရေစေ့တွင်း ကျသိတဲ့ ခွန်းဘီထူး စကားတစ်ခွန်းမှ မဟဘဲ နားကန်းတစ်လုံးမှ မသိတဲ့ အိသဉ္ဇာမောင်က ဝင်ယောင်တာဟာ အတော်ဆိုးပါတယ်။ ငါးပိသည်က အိပ်နေတုန်း ဆားသည်က ခွေးဝင်မောင်းသလို ဖြစ်နေပါတယ်

    ကရင်နီဂျန်နရေးရှင်းဇက်(KGZ)အဖွဲ့ရဲ့ စစ်ကြောင်းမှူးဖြစ်သူ ‌ကိုဇော်လင်းထွန်း ခေါ် ဗိုလ်ဆော်ရယ် ကျဆုံးသွားတဲ့သတင်း တက်လာတဲ့နေ့မှာ ဒုဝန်ကြီး အိသဉ္ဇာမောင်ကို အမေရိကန်ပြည်ထောင်စုက အမျိုးသမီးသတ္တိရှင်ဆုကို ချီးမြှင့်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။

    ဗိုလ်ဆော်ရယ်ဟာ အရင်က ကျောင်းဆရာဟောင်းတစ်ဦးဖြစ်ပြီး စစ်အုပ်စုက အာဏာသိမ်းပြီးနောက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေထဲမှာ ထဲထဲဝင်ဝင်ပါရင်းကနေ အခုလို ကရင်နီဂျန်နရေးရှင်းဇက်(KGZ)မှာ ပါဝင်တိုက်ခိုက်နေသူဖြစ်လာခဲ့ပါတယ်။

    ဗိုလ်ဆော်ရယ်ခေါ် ကျောင်းဆရာကိုဇော်လင်းထွန်းဟာ ကျောင်းသားဘဝက လွိုင်ကော်မှာ ကျောင်းသားသမဂ္ဂထဲပါဝင်ဖြတ်သန်းဖူးခဲ့သူလို့ သူ့ရဲဘော်တွေက မီဒီယာတွေမှာ ဖြေထားပါတယ်။

    ကျဆုံးသွားတဲ့ ကိုဇော်လင်းထွန်းအတွက် မချိတင်ကဲဖြစ်ရသူတွေက အဲ့ဒီနေ့မှာ ဒုဝန်ကြီး အိသဉ္ဇာမောင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာအောက်မှာ မကျေနပ်မှုတွေကို သွားရောက်ရေးသားခဲ့ကြတာကို တွေ့ရပါတယ်။လူထောင်ပေါင်းများစွာက အိသဉ္ဇာမောင်ရဲ့ ပို့စ်တွေအောက်မှာ “အမှားကို ဝန်ချတောင်းပန်ဖို့နဲ့ မှားယွင်းတဲ့ပို့စ်‌ကို ပြန်ဖြုတ်ဖို့”ကို အဓိကထားပြီး မန့်ကြတာကို တွေ့ရပါတယ်။

    (more…)

  • ခင်ဦးမြို့နယ် သိမ်တော်ကျေးရွာတွင် PDF (၁၄) ဦးကျ

    ခင်ဦးမြို့နယ် သိမ်တော်ကျေးရွာတွင် PDF (၁၄) ဦးကျ

    RNA_မတ် ၉၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ သိမ်တော်ကျေးရွာကို စစ်ကောင်စီတပ်ဝင်စီးစဉ် တိုက်ပွဲဖြစ်ပွားပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၁၄ ဦး ကျဆုံးခဲ့ကြောင်း KhinU Warrior Force က ထုတ်ပြန်ထားသည်။

    သိမ်တော်ကျေးရွာကို စစ်ကောင်စီတပ်က မတ်လ ၈ ရက်နေ့ နံနက်ပိုင်းက လက်နက်ကြီးများ ပစ်ခတ်ဝင်ရောက် လာသည့် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း PDF  (၁၄) ဦးကျဆုံးခဲ့ရကြောင်း၊ ကျဆုံးခဲ့ရသူ (၁၄) ဦးတွင် ပြည်သူ (၃) ပါသည်ဟု သတင်းထွက်နေပေမဲ့ အတည်ပြုမရသေးကြောင်း၊ AK-47 သေနတ် ၂ လက်၊ လက်လုပ်စိန်ပြောင်း ၂၀ လက်၊ လက်လုပ်သေနတ်အရှည် ၃ လက်၊ လက်လုပ်သေနတ်အတို ၂ လက်၊ လက်လုပ်မိုင်း ၇ လုံး၊ လက်လုပ်ဗုံး ၇ လုံး၊ တရုတ်လက်ပစ်ဗုံး ၃ လုံး၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၁၁၉ လုံးကို စစ်ကောင်စီတပ်က ရရှိသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    Red News Agency

  • ယနေ့ တိုက်ပွဲအတွင်း KGZ Army သူရဲကောင်း ရဲဘော်တဦး ကျဆုံး

    ယနေ့ တိုက်ပွဲအတွင်း KGZ Army သူရဲကောင်း ရဲဘော်တဦး ကျဆုံး

    RNA_မတ် ၉၊၂၀၂၂ခုနှစ်။

    ယနေ့ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်ထိုးစစ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ခုခံတိုက်ခိုက်ရင်း Karenni Generation Z ( KGZ Army) က ရဲဘော်တဦး ယနေ့ ကျဆုံးခဲ့ကြောင်း သိရသည်။

    ကရင်နီပြည်ကို တာဝေးပစ်လက်နက်ကြီး၊ လေကြောင်း ပစ်ကူ စသည့် အင်အားအများအပြားဖြင့် ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်ကို KGZ ၊ PDF ၊ KNDF၊ KPDF စသည့် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖက်ဒရယ် ဒီမိုကရေစီရရှိရေးအတွက် အသက်ပေး ကာကွယ်နေကြောင်း KGZ ရဲဘော်များထံမှ သိရသည်။

    Red News Agency

  • လက်ပံတော ကျေးရွာ စကစတပ် ဝင်စီးစဉ် PDF ရဲဘော် မိသားစု (၄) ဦးပါအဝင် ပြည်သူ (၁၁) ဦးကိုသတ်ပြီး မီးရှို့သွား 

    လက်ပံတော ကျေးရွာ စကစတပ် ဝင်စီးစဉ် PDF ရဲဘော် မိသားစု (၄) ဦးပါအဝင် ပြည်သူ (၁၁) ဦးကိုသတ်ပြီး မီးရှို့သွား 

    RNA_မတ်၉၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ လက်ပံတောကျေးရွာကို မတ်လ ၈ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ဝင်စီးစဉ် PDF ရဲဘော် ကိုမိုးဝင်း၏ မိသားစုဝင် (၄) ဦး အပါအဝင် ပြည်သူ (၁၁) ဦးကို သတ်ပြီး မီးရှို့သွားကြောင်း Hero Tiger Force ထံမှ သိရသည်။

    ယင်းမာပင်မြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်သည့် Hero Tiger Force ရဲဘော် ကိုမိုးဝင်း၏ (၅) နှစ်သား၊ (၁၁) နှစ်သားနှင့် ဇနီးဖြစ်သူ ဇနီ၏အမေ ယောက္ခမ ဖြစ်သူတို့အပါအဝင် ကျေးရွာနေ ပြည်သူ(၁၁)ကို ယမန်နေ့က စစ်ကောင်စီတပ် စစ်ကြောင်းရောက်ရှိလာသည့်အတွက် လက်ပံတော ဘုန်းကြီးကျောင်း ဝင်ခိုနေစဉ် ဘုန်းကြီးကျောင်းအတွင်း လက်နက်ကြီးပစ်ခတ်ကာ ဝင်စီးပြီး သတ်ဖြတ်သွားခြင်း ဖြစ်သည်။ (more…)

  • စစ်တပ်မှာ ခံဝန်ထိုးနေထိုင်သည့်  လွှတ်တော်ကိုယ်စား လှယ် ဖမ်းဆီးခံရ

    စစ်တပ်မှာ ခံဝန်ထိုးနေထိုင်သည့်  လွှတ်တော်ကိုယ်စား လှယ် ဖမ်းဆီးခံရ

    RNA_မတ် ၇၊၂၀၂၂ခုနှစ်။

    ပဲခူးတိုင်း၊ ကဝမြို့နယ်တွင် စစ်ကောင်စီတပ်မှာ နိုင်ငံရေးမလုပ်တော့ကြောင်း ခံဝန်ထိုးနေထိုင်သည့် NLD ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းထွန်းကို စစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်းတွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။

    ကဝမြို့နယ် NLD ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် (၃) ဦးတို့သည် စစ်တပ်မှာ ခံဝန်ထိုးနေသည့်အတွက် CRPH နှင့် NUG က NLD လွှတ်တော်ကိုယ်စားလှယ်အဖြစ် အသိအမှတ်မပြုတော့ကြောင်း စုံစမ်း သိရှိရသည်။ (more…)