နွေဦးတော်လှန်ရေး

တန့်ဆည်PDF အတွက် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် အထောက်အကူပြု Drone နှင့် Laptop ဝယ်ယူနိုင်ခဲ့ 

တန့်ဆည်PDF အတွက် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် အထောက်အကူပြု Drone နှင့် Laptop ဝယ်ယူနိုင်ခဲ့ 

RNA_ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။ တန့်ဆည်PDF အတွက် စစ်ကောင်စီတပ်ကို တိုက်ခိုက်နိုင်ရေးအတွက် အရေးတကြီး လိုအပ်နေသည့်အထောက် အကူပြု Drone နှင့် Laptop တစ်လုံး ပြည်သူများ၏ လှူဒါန်းမှုဖြင့် ဝယ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း TSO က ယနေ့အသိပေးထားသည်။   PDF တပ်ဖွဲ့များသည် ယခုနောက်ပိုင်း စစ်ကောင်စီတပ် ရဲစခန်းနှင့် ကင်းစခန်းများကို Drone နှင့် ဗုံးများတွဲအသုံးပြု တိုက်ခိုက်ခြင်းများ ပြုလုပ်နေကြကြောင်း၊ စစ်ကောင်စီ အင်အားနှင့် သွားလာရာများကို Drone နှင့် ထောက်လှမ်းမှုများ ပြုလုပ်နေကြကြောင်း သိရသည်။ Red News Agency
Read More
ဗိုလ်နဂါးတပ်ဖွဲ့၊ ကျားသစ်နက်တပ်ဖွဲ့နှင့် ပုလဲဂျိုကာတို့ ပူးပေါင်းပြီး ယနေ့ နေ့လည်က စကစတပ်စခန်းကိုတိုက်ခိုက် 

ဗိုလ်နဂါးတပ်ဖွဲ့၊ ကျားသစ်နက်တပ်ဖွဲ့နှင့် ပုလဲဂျိုကာတို့ ပူးပေါင်းပြီး ယနေ့ နေ့လည်က စကစတပ်စခန်းကိုတိုက်ခိုက် 

RNA_ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်စ၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ နေ့လည် ၁၂ နာရီ ၃၀ မိနစ်ဝန်းကျင်က ပူးပေါင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဗိုလ်နဂါးဦးဆောင်သောမြန်မာ့တော်ဝင်နဂါးတပ်တော်၊ ပုလဲဂျိုကာတပ်ဖွဲ့၊ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့တို့ သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက် အကျအဆုံးများနိုင်ကြောင်း၊ ဗိုလ်နဂါးတပ်ဖွဲ့က ထိခိုက်ဒဏ်ရာရရှိသူတချို့နှင့် ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦး မျက်နှာ ယမ်းစမှန် ( မစိုးရိမ်ရ) ခဲ့ကြောင်း ကျားသစ်နက်‌ပြောက်ကျားတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။ Red News Agency
Read More
NUG က တိုက်ဆိုသည်နှင့် တိုက်ခိုက်ရန် အားလုံး အဆင်သင့်ဖြစ်နေပြီ

NUG က တိုက်ဆိုသည်နှင့် တိုက်ခိုက်ရန် အားလုံး အဆင်သင့်ဖြစ်နေပြီ

RNA_ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်မှ မြန်မာ့လွတ်လပ်ရေးတပ်ခွဲ အနေဖြင့် အမိန့်ကိုစောင့်နေပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် အားလုံးအဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားထားသည်။  Red News Agency  
Read More
“ချန်ဂင်တို့စခန်း “(၉)

“ချန်ဂင်တို့စခန်း “(၉)

" ခုနောက်ပိုင်း စစ်တပ်က သူ့ဘာသာ မတိုက်တော့ဘူး။ အဲ့ဒါတွေကို လက်နက်ထုတ်ပေးပြီး ချိုကြွအောင် မြှောက်ပေးထားတာ။ ဒီလိုအချိန် ဒီလိုနေရာမျိုးထိအောင်တောင်မှပဲ စစ်တပ်ထောက်ခံသူ လက်ပါးစေတွေက ရှိနေတုန်းပဲလားဆို မအံ့ဩပါနဲ့ " ဒေါက်တာစိုးမင်း ( ဆရာဝန် တော်လှန်ရေးသမား) “ယူတို့တော်လှန်ရေးကြီးက ပြီးရောပြီးဦးမှာလား။ ရှေ့လည်းဆက်မတက်ဘူး။ ဒီနားလေးတင် လည်နေတယ်။ လူတွေ ဒုက္ခရောက်လှပြီ။” လို့ စိတ်စောဝေဖန်တဲ့သူတွေ အများကြီး ရှိပါတယ်။ ကိုယ့်လာပြောရင်တော့ “ဟုတ်တယ်လေ။ အဲ့ဒါ ခင်ဗျားကြောင့်ပေါ့။” လို့ ပြန်ပြောမိမယ် ထင်ပါတယ်။ ကိုယ်တိုင်လည်း ဝင်မရုန်းပဲနဲ့ လှေကြုံစီး လှည်းကြုံစီး ရေသာခိုနေတဲ့သူတွေအတွက်ပါ ဝန်ပိုရုန်းနေရတဲ့အတွက် ခရီးမတွင်တာပါ။ လူစည်ရာပွဲရှာပြီး ဈေးဗန်းခင်းချင်သူတချို့ကြောင့်လည်း ခရီးဖင့်ရပြန်တာပဲ။ ဒီခရီး ဒီပန်းတိုင်ကို…
Read More
ကျေးရွာများတော်လှန်ရေးတပ်ဦးနှင့်အတူ ပြည်သူများ ဆန္ဒပြ

ကျေးရွာများတော်လှန်ရေးတပ်ဦးနှင့်အတူ ပြည်သူများ ဆန္ဒပြ

RNA_ဖေဖော်ဝါရီ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။ မြိုင်မြို့နယ်ကျေးရွာများတော်လှန်ရေးတပ်ဦး (MVRF)မှ ပြည်သူ့ရဲဘော်များ ပူးပေါင်းပါဝင်ဝန်းရံပေးမှုဖြင့် မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် ပြည်သူလူထုပူးပေါင်းကာ ယနေ့ ဗိုလ်ချုပ်အောင်ဆန်း ၏ (၁၀၇)နှစ်ပြည့်မွေးနေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသည်။ "အောင်ဆန်းသွေးဟေ့ရဲရဲနီတယ် နောက်မတွန့်ဘူးအဆုံးထိတိုက်မယ်" ဟု ဘန်နာများကိုင်ဆောင်ပြီး ကြွေးကြော် သံများ၊ ကာကွယ်ရေးခေါင်းဆောင်များနှင့် သပိတ်ကော်မတီဝင်များက သပိတ်တရားများ ဟောပြောခဲ့ကြကြောင်း သိရသည်။ Photo: BEGSC-MYAING Red News Agency
Read More
KIA စစ်သင်တန်းဆင်းများဖြင့် ကနီတပ်မတော် (Kani Army – KNA) ဖွဲ့စည်း 

KIA စစ်သင်တန်းဆင်းများဖြင့် ကနီတပ်မတော် (Kani Army – KNA) ဖွဲ့စည်း 

RNA_ဖေဖော်ဝါရီ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကချင်လွတ်လပ်ရေး တပ်မတော် ( KIA) ထံမှ စစ်ပညာသင်တန်း တက်ရောက်ခဲ့သူများပါဝင်သည့် ကနီတပ်မတော် (Kani Army - KNA) ကို ဖွဲ့စည်းလိုက်ကြောင်း ယနေ့ ကြေညာထားသည်။ KNA (Kani Army) အဖွဲ့စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ၊ KIA ထံမှ စစ်ပညာသင်တန်းများတက်ရောက်ခဲ့ပြီး စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းအခြေခံစစ်ပညာ ဆင့်ပွားသင်တန်း အပတ်စဥ်၁ မှ အပတ်စဥ် ၅ အထိ (KLG) ကျောက်လုံးကြီး အဖွဲ့နှင့်အတူ စစ်ပညာများသင်ကြား ပို့ချပေးခဲ့ကြောင်း KNA (Kani Army) က ယနေ့ ထုတ်ပြန်ကြေညာထားသည်။ ဒေသတွင်းအခြားမိတ်ဖတ်အဖွဲ့အစည်းများနှင့်အတူလက်တွဲ၍ စစ်အာဏာရှင်စနစ်ကျရူံးသည့်အထိ…
Read More
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ခရီးသွားပြည်သူများနှင့် တွေ့ဆုံနှုတ်ဆက်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ခရီးသွားပြည်သူများနှင့် တွေ့ဆုံနှုတ်ဆက်

RNA_ဖေဖော်ဝါရီ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။ မွန်ပြည်နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် MSRU /ရေးဘီးလူး /YSTF တပ်ဖွဲ့ ၃ ဖွဲ့က ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်ဝန်းကျင်က ရေးမြို့နယ် စံပြကျေးရွာအနီး အာရှလမ်းမကြီး ရေး မော်လမြိုင် ထားဝယ် ကားလမ်း​မ​ပေါ်တွင် ပြည်သူနှင့်တိုက်ရိုက်မိတ်ဆက်ခြင်း လက်သုံးချောင်းထောင်ကာ တော်လှန်ရေးအတွက်အသင့်ရှိနေမည်ဖစ်ကြောင်းပြသခဲ့ပီး ပြည်သူနဲ့အတူ ခေတ္တမျှ တွေ့ဆုံခြင်းပြုလုပ်ခဲ့ကြသည်။ ခရီးသွားပြည်သူများနှင့်တွေ့ဆုံ နှုတ်ဆက်သည့်နေရာသည် စစ်ကောင်စီတပ်ရင်း ၁၀၆/၅၈၈ တပ်ရင်းနှင့် ၃၄၃ / ၅၈၇ တပ်ရင်းကြားတွင်ဖြစ်ကြောင်း MSRU က ထုတ်ပြန်ထားသည်။ Red News Agency
Read More
“ချန်ဂင်တို့စခန်း “(၈)

“ချန်ဂင်တို့စခန်း “(၈)

ဆေးခန်းမှာ နေ့နေ့ညည ဆက်နေဖြစ်တဲ့အခါ CDM လူနာတွေကို ခွဲဖြစ်တာပေါ့ဗျာ။ သို့သော်ငြား အင်မတန်ကို သတိဝီရိယနဲ့ နေရတာပေါ့။ အရေးပေါ်ထွက်ပေါက်နဲ့ လှေကားကို သော့တောင်းထားရတယ်။ အဝင်အထွက် ဂယ်ပေါက်လေးတွေ ရှာရကြည့်ရတယ်။ အစစ်အဆေး လမ်းကြောင်းတွေကို လှစ်လှစ်ကလေးနေအောင် သိရတယ်။ စစ်ကားတွေတားစစ်နေရင် မီးပွိုင့် ၂ ခုစာလောက်ကနေ လှမ်းမြင်တတ်ရတာ။ ဆေးခန်းရှိတဲ့လမ်းထိပ်မှာ light truck တစ်စီးနဲ့ အရပ်ဝတ်တွေ လာရပ်နေရင် တိမ်းရတယ် သူငယ်ချင်းက သော့ပေးထားတဲ့ အခန်းလေးဆီကို ဒေါက်တာစိုးမင်း ( ဆရာဝန်တော်လှန်ရေးသမား) ခုရက်ပိုင်းအတွင်း ညကြီးသန်းကောင် လူနာလာလာနှိုးလို့ အိပ်ရတယ် မရှိပါဘူး။ လူနာမလာလည်း လေယာဉ်က လာပြန်တယ်။ လာပစေဟာ။ ဗုံးကျသံမကြားလို့ကတော့ ဆက်အိပ်မှာပဲ။ လေယာဉ်သံကြားတိုင်း…
Read More
ရှမ်းမြောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီကျွန်များကို မကြာမီ တိုက်ခိုက်ချေမှုန်းမည် 

ရှမ်းမြောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီကျွန်များကို မကြာမီ တိုက်ခိုက်ချေမှုန်းမည် 

RNA_ဖေဖော်ဝါရီ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။ ရှမ်းမြောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( NSSDF) ကအကြမ်းဖက်စစ်ကောင်စီတပ်ကို အမြစ်ဖြတ်ချေမှုန်းရေးနှင့် စစ်ကောင်စီကျွန်များကို မကြာမီ တိုက်ခိုက်တော့မည်ဖြစ်ကြောင်း သိရသည်။ " အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းရေးတွင် အခက်ခဲများစွာကြောင့် တိုက်ပွဲဝင်ရန်နှောင့်နှေးနေပေမယ့် မကြာခင်အချိန်မှာတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ အသေခံကျွန်တော်ကြီးများ အားတိုက်ခိုက်‌ ချေမှုန်းနိုင်မည့် အချိန်ကိုရောက်ရှိလာတော့မည်ဖြစ်ကြောင်း အများပြည်သူများအား အသိပေးတင်ပြအပ်ပါသည်" ဟု NSSDF ကထုတ်ပြန်ထားသည်။ ရှမ်းမြောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အနာဂတ်မှာ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံထူထောင်ရေးအတွက် ရည်ရွယ်ချက်တူသော အဖွဲ့အစည်းများအားလုံးနှင့် ပူးပေါင်းတိုက်ခိုက်သွားမည်ဖြစ်ကြောင်း သိရသည်။ Red News Agency
Read More
အတုအယောင်ပြည်ထောင်စုကို ဆက်ပြီးလက်မခံတော့ကြောင်း ကြွေးကြော်ဆန္ဒပြ

အတုအယောင်ပြည်ထောင်စုကို ဆက်ပြီးလက်မခံတော့ကြောင်း ကြွေးကြော်ဆန္ဒပြ

ရန်ကုန်၊ဖေဖော်ဝါရီ ၁၂ရက်၊၂၀၂၂ ခုနှစ်။ အတုအယောင်ပြည်ထောင်စုကို ဆက်ပြီး လက်မခံတော့ကြောင်း ပြည်သူများက ကြွေးကြော်သံများဖြင့် ယနေ့ ရန်ကုန်မြို့ လူစည်ကားရာ ‌နေရာတွင် လက်သုံးချောင်းထောင် စုရုံးကြွေးကြော်ကာ စစ်အာဏာရှင်ကို တော်လှန်ခဲ့ကြကြောင်း သိရသည်။ ဖေဖော်ဝါရီ ၁၂ လူထုလူပ်ရှားမူကို ပြည်သူအများပါဝင်ခဲ့သလို စစ်အာဏာရူး ဗိုလ်ရှုသဘင်ကို တီဗီ စောင့်ကြည့်ခြင်း၊ ထိုပွဲကို လူမူစာမျက်နှာများတွင် ဖော်ပြခြင်း၊ ဖြန့်ဝေခြင်း၊ မှတ်ချက်ပေးခြင်းတို့ကို မပြုလုပ်ပဲ စစ်အာဏာရှင်အား ဆန့်ကျင်ကြောင်း ပြသခဲ့ကြသည်။ Red News Agency
Read More