Tag: နွေဦးတော်လှန်ရေး

  • ယနေ့ မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီတပ်က (၄၀) ဦးထက်မနည်း သေဆုံးဟု ထုတ်ပြန်

    ယနေ့ မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီတပ်က (၄၀) ဦးထက်မနည်း သေဆုံးဟု ထုတ်ပြန်

    ယနေ့ မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီတပ်က (၄၀) ဦးထက်မနည်း သေဆုံးဟု ထုတ်ပြန်

    RNA_ဖေဖော်ဝါရီ ၁၉၊၂၀၂၂ ခုနှစ်။

    ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့အနီး ​ဝါှရီဆူးပလိုင်၊ လေဝိုး​၊ ဝီသဲကူး​(မြောက်ရွာ)တို့တွင် ယနေ့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က အရာရှိ တပ်သားပါအဝင် (၄၀) ဦးထက်မနည်း သေဆုံစခဲ့သည်ဟု မြေပြင်သတင်းအရ DMO-PDF ကထုတ်ပြန်ထားသည်။

    ” အကြမ်းဖက်စစ်ကောင်စီဘက်မှ စစ်ကား(၃)စီးပျက်ဆီးခဲ့ပြီး အရာရှိအရာခံအပါအဝင် (၄၀)ဦးထက်မနည်းသေဆုံးခဲ့ဟု ​မြေပြင်သတင်းအရသိရသည်။ အထိနာခဲ့သောအကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့သည် ခမရ ၄၂၂ တပ်၊ ခမရ ၅၄တပ်မှ လက်နက်ကြီး ပစ်ကူခဲ့သလို ည​နေ(၄)နာရီဝန်ကျင်ခန့်တွင် တိုက်လေယာဉ် ၂ စီး၊ ည​နေ (၅)နာရီအချိန်တွင် တိုက်​လေယာဥ် (၂)စီး စုစု​ပေါင်း (၄)စီးဖြင့် (၉)ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ (more…)

  • မိုးဗြဲတိုက်ပွဲအတွင်း ဒဏ်ရာရရဲဘော်များကို ‌ဆေးကုသပေးနေသည့် မြင်ကွင်း

    မိုးဗြဲတိုက်ပွဲအတွင်း ဒဏ်ရာရရဲဘော်များကို ‌ဆေးကုသပေးနေသည့် မြင်ကွင်း

    RNA_ဖေဖော်ဝါရီ ၂၀၊၂၀၂၂ ခုနှစ်။

    Photo: Roselin Ei

    ရှမ်း-ကယားနယ်စပ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့အနီး ဖေဖော်ဝါရီ ၁၇ ရက်နေ့မှ ယနေ့အထိတိုက်ပွဲပြင်းထန်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒဏ်ရာရရှိသည့် ရဲဘော်များကို Moebye Rescue Team အဖွဲ့က ဆေးကုသမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

    Photo: Roselin Ei

    Red News Agency

  • “ကမ္ဘာတည်သရွေ့ ဥဒါန်းမကြေဘူး” အာဇာနည် မြသွဲ့သွဲ့ခိုင် ကျဆုံးခြင်း ၁နှစ်ပြည့် ရန်ကုန်ဆန္ဒပြပွဲ

    “ကမ္ဘာတည်သရွေ့ ဥဒါန်းမကြေဘူး” အာဇာနည် မြသွဲ့သွဲ့ခိုင် ကျဆုံးခြင်း ၁နှစ်ပြည့် ရန်ကုန်ဆန္ဒပြပွဲ

    RNA_ဖေဖော်ဝါရီ ၁၉၊၂၀၂၂ ခုနှစ်။

    စစ်အာဏာရှင်နှင့် လက်ပါးစေများကို “ကမ္ဘာတည်သရွေ့ ဥဒါန်းမကြေဘူး” စာတန်းကိုင်ဆောင်ပြီး ကြွေးကြော်သံများဖြင့် အာဇာနည် မြသွဲ့သွဲ့ခိုင် ကျဆုံးခြင်း ၁နှစ်ပြည့် အထိမ်းအမှတ် ဝမ်းနည်းခြင်းဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ရန်ကုန်သပိတ်အင်အားစုများက ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ ဝေဇယန္တာလမ်းမပေါ်တွင် ဆန္ဒပြခဲ့ကြသည်။[embedyt] https://www.youtube.com/watch?v=W1C1rkKOrX8[/embedyt] အာဇာနည် မြသွဲ့သွဲ့ခိုင်၊ နွေဦးတော်လှန်ရေးတွင် ကျရာကဏ္ဍမှ အသက်ပေးကျဆုံးသွားသည့် အာဇာနည်အပေါင်းအား ၀မ်းနည်းဂုဏ်ယူကြောင်း နှင်းဆီပန်းအနီများ လက်တွင် ကိုင်ဆောင်ပြီး ခတ္တမျှ ငြိမ်သက်အလေးပြုကာ ထိုအသက်ပေးသွားသည့် အာဇာနည်သူရဲကောင်းများထုံးကို နှလုံးမူ၍ ဆက်လက်တိုက်ပွဲ၀င်သွားမည်ဖြစ်သည်။ (more…)

  • စစ်ကောင်စီတပ် တင့်ကားနှင့်ကျဥ်ထောက်ပို့ကား ၃ စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ချေမှုန်းနိုင်ခဲ့

    စစ်ကောင်စီတပ် တင့်ကားနှင့်ကျဥ်ထောက်ပို့ကား ၃ စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ချေမှုန်းနိုင်ခဲ့

    RNA_ဖေဖော်ဝါရီ ၁၉၊၂၀၂၂ ခုနှစ်။

    တိုက်ပွဲပြင်း‌ထန်နေပြီး အင်အားအလွန်အကျွှံသုံးနေသည့် စစ်ကောင်စီတပ်က ဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာအုပ်စု ၊ ဝှါရီဆူးပလိုင်တိုက်ပွဲ စစ်ကြောင်းထိုးနေသော စစ်ကောက်စီတပ်ကို အကူအညီလာသည့် တင့်ကားနှင့် ထောက်ပို့ကျည်ကားများ အပါအဝင် စစ်ကောင်စီတပ်သားများကို ပြည်သူ့တော်လှန်ရေး အင်အားစု KNDF B-03/ 11 KA နှင့် အရှေ့ဖက်ကမ်း PDF တို့မှ ပူးပေါင်းပြီး ယနေ့ တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း သိရသည်။[embedyt] https://www.youtube.com/watch?v=8OJf0-eCBJM[/embedyt] RedNewsAgency

  • “ချန်ဂင်တို့စခန်း (၁၀)”

    “ချန်ဂင်တို့စခန်း (၁၀)”

    တော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရတဲ့ သူရဲကောင်းတွေ အများကြီးပဲ။ ဆက်လည်း ရှိနေဦးမှာ။ ဒီလူတွေ စတေးခဲ့ရတဲ့ အသက်တွေ ဘဝတွေအတွက် ဒီစစ်ပွဲကို မနိုင်နိုင်အောင် တိုက်ဖို့သာ ရှိတယ်။ ဟိုဘက်က ဦးနှောက်မရှိတဲ့ စစ်ခွေးတွေကို မှိုင်းတိုက်ထားသလို မယ်စုနန်းတက်ဖို့ ကလေးတွေကို သွေးထိုးလှည့်ဖြားနေတာ မဟုတ်ဘူး။ ကလေးတွေကို ကယ်တင်ဖို့ ကလေးတွေကိုယ်တိုင် စစ်တိုက်နေရတာ။

    ဒေါက်တာစိုးမင်း

    ရေးရင်းရေးရင်း အပိုင်း (၁၀) တောင် ရောက်လာပြီနော်။ ဒါတောင်မှ ခွဲခန်းကြီးက လက်စသတ်ရုံပဲ ရှိသေးတယ်။ စုရင်းဆောင်းရင်း စုံလာတာပဲ ရှိသေးတာ။ “ရယ်ဒီ ဝမ်းတူးသရီး အက်ရှင်” ဆိုပြီး ဓါးစွမ်းမပြနိုင်သေးဘူး။ ခွဲစရာလူနာတွေတော့ တန်းစီပြီး ရက်ချိန်းပေးထားပြီ။ ရက်ချိန်းပေးလို့ မရတဲ့လူနာတွေကျတော့ သူ့အတွက် အန္တရာယ်အကင်းဆုံးနည်းလမ်းကို မဖြစ်မနေ ရှာရတာပေါ့။ ဘာလာလာ အကုန်လုံး ကိုယ်ချည့်ပဲလုပ်ချင်တဲ့ အရမ်းကုဆရာဝန်တော့ မဖြစ်ချင်ပါဘူး။ ကိုယ့်အတ္တကိုယ် အရောင်တင်ဖို့ လူနာအသက်ကိုတော့ အသုံးမချနိုင်။

    ဒီဘက်အရပ်မှာက ကိုယ်တိုင် စွန့်စွန့်စားစား ခွဲပလိုက်တာထက် သေသေချာချာ ခွဲပေးနိုင်မယ့်သူဆီကို ရောက်အောင်လွှဲပေးရတဲ့အလုပ်က ပိုပြီးခက်ပါတယ်။ ပိုလည်း စွန့်စားရတယ်။ “သွားလိုက်တော့နော်။ ငါ့လက်ကလွတ် ဗြွတ်။” လို့ လွှဲစာလေးတစ်စောင် ကောက်ရေးပေးလိုက်ရင် ကိုယ့်အရေးကုန်ပြီလို့ သဘောမထားပဲ အဲ့ဒီလူနာ ချောချောမောမော ရောက်ဖို့အထိ ကိုယ်က လိုက်ပူနေရတာကိုး။ ပို့မယ့်ကလေးက PDF။ ရခဲ့တာက သေနတ်ဒဏ်ရာ။ ကျည်ဆံကဗိုက်ထဲတင်ရှိသေးတယ်။ အပြင်ထွက်မလာသေးဘူး။ ကိုယ့်ဆီလာရင်း တစ်ရက်ကြာခဲ့တယ်။ စမ်းသပ် ဆုံးဖြတ် စီစဉ်ချိတ်ဆက်ရင်း ကိုယ့်ဆီမှာ တစ်ညထပ်အိပ်ရတယ်။ ဂိတ်တွေက ညဘက်ပေးမမောင်းဘူး။ နောက်တစ်နေ့ လွှဲတဲ့ဆီရောက်အောင် တစ်ရက်ထပ်သွားရဦးမှာ။ လမ်းမှာ စစ်တပ်ဂိတ်တွေ အဆင့်ဆင့်။ မှတ်ပုံတင်မြင်တာနဲ့ ဒီအရပ်ကနံပါတ်ဆို ပုံစံထိုင်ခိုင်းတဲ့ ဓလေ့နဲ့။ အရွယ်ကလည်း မောင်ပဉ္ဇင်းအရွယ်။ အောင်မယ်လေး။ လွယ်သလားခက်သလား ရာမရယ်။ ပြောစမ်းပါ။ လွယ်သလား ခက်သလား။ (more…)

  • ယမန်‌နေ့ တိုက်ပွဲတွင် မိုးဗြဲ PDF က ရဲဘော် (၇) မိုးဗြဲ

    ယမန်‌နေ့ တိုက်ပွဲတွင် မိုးဗြဲ PDF က ရဲဘော် (၇) မိုးဗြဲ

    RNA_ဖေဖော်ဝါရီ ၁၈ ရက်၊ ၂၀၂၂ ခုနှစ်။

    ဖယ်ခုံမြို့နယ်၊ မိုးဗြဲတိုက်ပွဲတွင် ယမန်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အကျအဆုံးခဲ့ရာမှာ မိုးဗြဲ PDF က (၇) ဦးကျဆုံးပြီး (၆) ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ဖေဖော်ဝါရီလ (၁၇) ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး မိုးဗြဲမြို့ပေါ်၊ ဟိုက်ကွီဆည်နှင့် ဝါရီဆူးဖလိုင်ရွာနားတွင် တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ရာ တိုက်ပွဲတွင် မိုးဗြဲ PDF၊ လွိုင်ကော် PDF၊ ဒီးမော့ဆို PDF၊ ဖယ်ခုံ PDF၊ KA ၊ KNDF၊ KGZ ၊ JPDF ၊ GZ-21 နှင့် အခြား မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်းပြီး အကြမ်းဖက်စစ်တပ်ကို ပြင်းပြင်းထန်ထန် ခုခံ တိုက်ခိုက်ခဲ့ကြသည်။ (more…)

  • ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ထောင်နိုင်ရန် မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်အဖွဲ့အား ဖယ်ရှားပြီးမှသာ ပြုလုပ်နိုင်မည်

    ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ထောင်နိုင်ရန် မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်အဖွဲ့အား ဖယ်ရှားပြီးမှသာ ပြုလုပ်နိုင်မည်

    RNA_ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။

    မွန်ပြည်နယ်အတိုင်ပင်ခံ ကောင်စီက ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ထောင်နိုင်ရန် မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်ကောင်စီအား ဖယ်ရှားပြီးမှသာလျှင် ပြုလုပ်နိုင် မည်ဖြစ်ကြောင်း (၇၅)ကြိမ်‌မြောက် စိန်ရတုမွန်အမျိုးသားနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ယခုနှစ် ကျရောက်သည့် (၇၅)ကြိမ်‌မြောက် စိန်ရတုမွန်အမျိုးသားနေ့သည် တပို့တွဲလပြည့်ကျော် ၁ ရက် (ဖေဖော်ဝါရီလ ၁၆ ရက်) ဖြစ်ကြောင်း၊ သမိုင်းမှတ်တမ်းများအရ အေဒီ ၅၇၃ ခုနှစ်၊ သာသနာနှစ် ၁၁၁၆ ခု၊ တပို့တွဲလပြည့်ကျော် ၁ ရက်နေ့တွင် သုဝဏ္ဏဘူမိ နေပြည်တော်မှ မွန်မင်းသား နှစ်ပါးဖြစ်သော သမလ နှင့် ဝိမလ ညီနောင်မှ ဟံသာဝတီ (ပဲခူး) တိုင်းနိုင်ငံအသစ်ကို စတင်တည်ထောင်ခဲ့သည့် လ/ရက်ကို မွန်အမျိုးသားနေ့အဖြစ်သတ်မှတ်ကာ ၁၉၄၇ ခုနှစ်မှ စတင်ကျင်းပခဲ့ကြကြောင်း သိရသည်။ (more…)

  • တန့်ဆည်PDF အတွက် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် အထောက်အကူပြု Drone နှင့် Laptop ဝယ်ယူနိုင်ခဲ့ 

    တန့်ဆည်PDF အတွက် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် အထောက်အကူပြု Drone နှင့် Laptop ဝယ်ယူနိုင်ခဲ့ 

    RNA_ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။

    တန့်ဆည်PDF အတွက် စစ်ကောင်စီတပ်ကို တိုက်ခိုက်နိုင်ရေးအတွက် အရေးတကြီး လိုအပ်နေသည့်အထောက် အကူပြု Drone နှင့် Laptop တစ်လုံး ပြည်သူများ၏ လှူဒါန်းမှုဖြင့် ဝယ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း TSO က ယနေ့အသိပေးထားသည်။

     

    PDF တပ်ဖွဲ့များသည် ယခုနောက်ပိုင်း စစ်ကောင်စီတပ် ရဲစခန်းနှင့် ကင်းစခန်းများကို Drone နှင့် ဗုံးများတွဲအသုံးပြု တိုက်ခိုက်ခြင်းများ ပြုလုပ်နေကြကြောင်း၊ စစ်ကောင်စီ အင်အားနှင့် သွားလာရာများကို Drone နှင့် ထောက်လှမ်းမှုများ ပြုလုပ်နေကြကြောင်း သိရသည်။

    Red News Agency

  • ဗိုလ်နဂါးတပ်ဖွဲ့၊ ကျားသစ်နက်တပ်ဖွဲ့နှင့် ပုလဲဂျိုကာတို့ ပူးပေါင်းပြီး ယနေ့ နေ့လည်က စကစတပ်စခန်းကိုတိုက်ခိုက် 

    ဗိုလ်နဂါးတပ်ဖွဲ့၊ ကျားသစ်နက်တပ်ဖွဲ့နှင့် ပုလဲဂျိုကာတို့ ပူးပေါင်းပြီး ယနေ့ နေ့လည်က စကစတပ်စခန်းကိုတိုက်ခိုက် 

    RNA_ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။

    စစ်ကိုင်းတိုင်စ၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ နေ့လည် ၁၂ နာရီ ၃၀ မိနစ်ဝန်းကျင်က ပူးပေါင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ဗိုလ်နဂါးဦးဆောင်သောမြန်မာ့တော်ဝင်နဂါးတပ်တော်၊ ပုလဲဂျိုကာတပ်ဖွဲ့၊ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့တို့ သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက် အကျအဆုံးများနိုင်ကြောင်း၊ ဗိုလ်နဂါးတပ်ဖွဲ့က ထိခိုက်ဒဏ်ရာရရှိသူတချို့နှင့် ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦး

    မျက်နှာ ယမ်းစမှန် ( မစိုးရိမ်ရ) ခဲ့ကြောင်း ကျားသစ်နက်‌ပြောက်ကျားတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

    Red News Agency

  • NUG က တိုက်ဆိုသည်နှင့် တိုက်ခိုက်ရန် အားလုံး အဆင်သင့်ဖြစ်နေပြီ

    NUG က တိုက်ဆိုသည်နှင့် တိုက်ခိုက်ရန် အားလုံး အဆင်သင့်ဖြစ်နေပြီ

    RNA_ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်မှ မြန်မာ့လွတ်လပ်ရေးတပ်ခွဲ အနေဖြင့် အမိန့်ကိုစောင့်နေပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် အားလုံးအဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားထားသည်။ [embedyt] https://www.youtube.com/watch?v=Sq98NP-l9QY[/embedyt] Red News Agency