Tag: နွေဦးတော်လှန်ရေး

  • ရှေ့တန်းမထွက်ရသည့် ရဲဘော်များ နောက်တန်းမှာ အပြင်းအထန်လေ့ကျင့်

    ရှေ့တန်းမထွက်ရသည့် ရဲဘော်များ နောက်တန်းမှာ အပြင်းအထန်လေ့ကျင့်

    RNA_မတ် ၃၊၂၀၂၂ခုနှစ်။

    NUG ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ မြန်မာ့လွတ်လပ်ရေးတပ်ခွဲ (MIU-PDF) ရဲဘော်များအနေဖြင့် ရှေ့တန်းထွက်ရသူများရှိပြီး နောက်တန်းကျန် ရဲဘော်များ အပြင်းအထန်လေ့ကျင့်နေကြရကြောင်း ယနေ့ နံနက်ပိုင်းက အခက် အခဲအကြပ်အတည်းကို ခံနိုင်ရည်ရှိရန် ခန္ဓာကိုယ်ကြံ့ခိုင်မှု လေ့ကျင့်‌နေသည့် မြင်ကွင်းတချို့ကို ဖော်ပြလိုက်သည်။

    Red News Agency

  • ပြည်သူ (၇) ဦးကျဆုံးမှု တနှစ်ပြည့် စစ်အာဏာရှင်ကို ဆက်လက်ဆန့်ကျင်နေ 

    ပြည်သူ (၇) ဦးကျဆုံးမှု တနှစ်ပြည့် စစ်အာဏာရှင်ကို ဆက်လက်ဆန့်ကျင်နေ 

    RNA_မတ်၃၊၂၀၂၂ခုနှစ်။

    ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင် ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူများကို စစ်ကောင်စီလက်အောက်ခံများက ပစ်ခတ်သတ်ဖြတ်သည့်အတွက် တရက်တည်း (၇) ဦး ကျဆုံးခဲ့ရပြီး ယနေ့အထိ စစ်အာဏာရှင်ကို ဆက်လက်ဆန့်ကျင်နေကြောင်း သိရသည်။ 

    “ဒီနေ့က ရက်ရက်စက်စက် လူတောထဲကို စက်သေနတ်နဲ့ ပစ်ခံရတဲ့နေ့ပေါ့ တရက်တည်း (၇) ယောက်ကျတယ် ၊ ဒဏ်ရာရတဲ့သူတွေ နောက်ရက်မှာ ဆက်ကျတာရှိတယ်၊ သွေးကြွေးဆိုတဲ့အတိုင်း အခုထိ မြို့နယ်ထဲမှာ ပူးပေါင်းလုပ်ဆောင်နေတာတွေရှိတယ်၊ ပြည်သူတွေ ထိတ်လန့်သလို ပြည်ဟူကို သတ်ဖြတ်ခဲ့တဲ့ကောင်တွေ အားပေးနေတဲ့ ဒလန်တွေဟာ အမြဲထိတ်လန့်နေရမယ်၊ ပြည်သူတွေအောင်ပွဲနဲ့အတူ ပြည်သူ့တရားစီရင်ရေးမှာ သစ္စာဖောက်တွေအတွက် နေရာမရှိစေရဘူး၊ ဘာတွေလုပ်နေတယ်ဆိုတာတော့ ပြောလို့မရဘူး လုပ်နေတယ် မြို့နယ်နေ လူထုသိတယ် ဒီလောက်ပါပဲ” ဟု မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် တဦးက ပြောသည်။ (more…)

  • ဖမ်းဆီးခံလိုက်ရသည့် မိုးဗြဲPDF ရဲဘော် ကျဆုံးလျှက် တွေ့ရှိ 

    ဖမ်းဆီးခံလိုက်ရသည့် မိုးဗြဲPDF ရဲဘော် ကျဆုံးလျှက် တွေ့ရှိ 

    RNA_‌မတ်၃၊၂၀၂၂ခုနှစ်။

    မိုးဗြဲPDF လင်းယုန်တပ်ခွဲမှ ရဲဘော်မောင်ဘဲတို မတ်လ ၂ ရက်နေ့က စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရပြီး ယနေ့တွင် ရင်ဘက် ဓားစိုက်ထားပြီး ညှင်းပန်းနှိပ်စက်ခံရကာ ကျဆုံးနေသည်ကို ရဲဘော်များ ပြန်တွေ့ရှိရကြောင်း သိရသည်။

    Photo: KGY

    စစ်ကောင်စီတပ်သည် တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် ပြည်သူအပါအဝင် ရဲဘော်များကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်နေပြီး၊ စစ်ကောင်စီတပ် ထိုးစစ်ဆင်သည့် ကျေးရွာနှင့် မြို့တို့ကို အလုံးစုံပျက်သုဉ်းရေးအတွက် မီးရှို့ခြင်း၊ မြင်မြင်သမျှ ပစ်ခတ်သတ်ဖြတ်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

    Red News Agency

  • စစ်ကောင်စီတပ် မီးရှို့သွားသည့် ကျေးရွာအတွင်း နေအိမ်များကို ရေစကြို PDF ကူညီ 

    စစ်ကောင်စီတပ် မီးရှို့သွားသည့် ကျေးရွာအတွင်း နေအိမ်များကို ရေစကြို PDF ကူညီ 

    RNA_မတ် ၂၊၂၀၂၂ခုနှစ်။

    မကွေးတိုင်းအတွင်း စစ်ကောင်စီတပ်က ကျေးရွာများကို ဝင်ရောက်မီးရှို့သွားသည့်အတွက် ရေစကြိုမြို့နယ်ပြည်သူကာကွယ်ရေးရဲဘော်များမှ သန့်ရှင်းရေးအပါအဝင် အိမ်ဆောက်မည့်ကိစ္စများအတွက် လုပ်အား ပါဝင်ကူညီပေးခဲ့ကြောင်း ယနေ့ အသိပေးထားသည်။

    မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခုက္ကူမြို့နယ်၊ ပေါက်မြို့နယ်၊မြိုင်မြို့နယ်၊ ဆိပ်ဖြူမြို့နယ် စသည့် နယ်တကျောတွင် စစ်ကောင်စီတပ်က ကျေးရွာများအတွင်း နယ်မြေရှင်းလင်းရေးအကြောင်းပြ ဝင်ရောက်ကာ ဒေသခံများကို ဖမ်းဆီးခြင်း၊ နေအိမ်များကို မီးရှို့ခြင်းများ မကြာခဏ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

    RedNewsAgency

  • ဖားကန့်မြို့နယ်က ဖမ်းဆီးခံ ပြည်သူများကို တရားရုံးမထုတ်၊ အချုပ်ထဲမှာ ကျန်းမာရေး စောင့်ရှောက်မှုမရှိ နေထိုင်ရ 

    ဖားကန့်မြို့နယ်က ဖမ်းဆီးခံ ပြည်သူများကို တရားရုံးမထုတ်၊ အချုပ်ထဲမှာ ကျန်းမာရေး စောင့်ရှောက်မှုမရှိ နေထိုင်ရ 

    RNA_မတ် ၂၊၂၀၂၂ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ သတင်းထောက် ကိုနောင်ရိုးပါအဝင် ငြိမ်းချမ်းစွာဆန္ဒပြခဲ့စဉ်က ဖမ်းဆီးထားသည့် ပြည်သူ (၅၀) ဝန်းကျင်ကို ၅၀၅ ဖြင့်တရားစွဲဆိုပြီး ရုံးထုတ်စစ်ဆေးမှုမရှိကြောင်း၊ ရဲစခန်း အချုပ်တွင် ကျန်းမာရေးဆိုးရွားမှုများ ကြုံတွေ့နေရကြောင်း သိရသည်။

    “အခုက အချုပ်ထဲမှာ ကျန်းမာရေးမကောင်းကျဘူး၊ တချို့ဆို အဖမ်းခံရတာ ၁ နှစ်ပြည့်တော့မယ်၊ ရုံးထုတ်တာမရှိဘဲ ဒီလို ဖမ်းဆီးခံရ အပြစ်မရှိ အချုပ်ထဲမှာနေရတာထက် တရားရုံးက အမိန့်ချပြီး ထောင်ထဲသာ နေချင်နေကြတယ်၊ မတရားဖမ်းခံထားရပြီး ရဲအချုပ်မှာက ဆိုးဆိုးရွားရွား နေကြရတယ်၊ သန့်ရှင်းမှုမရှိဘူး၊ အခုဖျားတဲ့သူတွေပါရှိတယ်” ဟု ဖမ်းဆီးခံရသူမိသားစုနှင့် နီးစပ်သူ တဦးက ပြောသည်။

    ဓာတ်ပုံ : စစ်အာဏာရှင်ဆန့်ကျင်ရေး ဖားကန့်ပြည်သူများ ၂၀၂၁ ခုနှစ် ဧပြီလ ၆ ရက် ၅၃ ရက်မြောက် ဆန္ဒပြမှု မြင်ကွင်း။ 

    ဖားကန့်မြို့နယ်တွင် ငြိမ်းချမ်းစွာဆန္ဒပြစဉ်က ဖမ်းဆီးခံရပြီး အချုပ်ထဲ မွေးဖွားသည့် ကလေးပင် လသားအရွယ်ရောက်နေပြီဖြစ်ကြောင်း၊ ရဲအချုပ်ဖမ်းဆီးခံထားရသူများ တရားရုံးမထုတ်သည်မှာ ၄ လ ကျော်နေပြီဖြစ်ကြောင်း၊ ဖားကန့်မြို့နယ်တွင် ၅၀၅ အမှုဖြင့် တရားစွဲခံထားရသူ (၅၀) ဝန်းကျင်ရှိကြောင်း သိရသည်။

    ဓာတ်ပုံ : စစ်အာဏာရှင်ဆန့်ကျင်ရေး ဖားကန့်ပြည်သူများ ၂၀၂၁ ခုနှစ် ဧပြီလ ၆ ရက် ၅၃ ရက်မြောက် ဆန္ဒပြမှု မြင်ကွင်း။ 

    RedNewsAgency

  • ရဲဘော် (၁၈) ဦး ကျဆုံးခြင်း (၈) လပြည့် သွေးကြွေး ရဲစခန်းကို တိုက်ခိုက်

    ရဲဘော် (၁၈) ဦး ကျဆုံးခြင်း (၈) လပြည့် သွေးကြွေး ရဲစခန်းကို တိုက်ခိုက်

    RNA_မတ် ၂၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (၁၈) ဦး ကျဆုံးခဲ့ရသည့် သွေးကြွေးအနေဖြင့် ဒီးပဲယင်းရဲစခန်းကို တိုက်ခိုက်ခဲ့ကြပြီး ယနေ့ ကျဆုံးရဲဘော်များအတွက် ဝမ်းနည်းခြင်း၊ အလေးပြုခြင်းစသည့် အထိမ်းအမှတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

    ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က ဒီပဲယင်းမြို့နယ်မှာ စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် (၁၈) ဦးကျဆုံးခဲ့ရပြီး (၁၀)ဦးကျော် ဒဏ်ရာရရှိခဲ့ကြရကြောင်း၊ ဆပ်ပြာကျင်း၊ ဘုတ်ရွာ၊ အုန်းဒင်၊ ကျွန်းတောကြီး၊ ကျွန်တောလေး၊အင်ပင်စသည့် ကျေးရွာနေပြည်သူ ထောင်ချီကာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

    ဒီပဲယင်း ရဲစခန်းကို အဝေးပစ် ဒုံး များဖြင့် ယမန်နေ့ညက တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီလက်အောက်ခံ ရဲများသေဆုံးမှုရှိကြောင်း၊ ယနေ့နံနက်မှာ ကျဆုံးရဲဘော်များအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်ပြုလုပ်ခဲ့ကြောင်း၊ ရဲစခန်းကို ဒီပဲယင်း အခြေစိုက် ကောင်းကင်၊စွယ်တော်၊ဇာမဏီ တပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

    RedNewsAgency

  • “ချန်ဂင်တို့စခန်း (၁၁)”

    “ချန်ဂင်တို့စခန်း (၁၁)”

    မြို့ပေါ်မှာ လူငယ်တွေကို အကြမ်းဖက် နှိပ်စက် ဖမ်းဆီး သတ်ဖြတ်ခဲ့သမျှဟာ တိုင်းရင်းသား လက်နက်ကိုင်တွေ ရှိတဲ့အရပ်မှာ PDF တပ်သားသစ်တွေ အလုံးအရင်းနဲ့ တိုးပွါးလာစေတယ်။ စစ်သားစုဆောင်းရေးဘက်မှာသာ တစ်ယောက် သိန်း ၂၀ ပွဲခပေးပြီး ဝယ်ယူလို့မရတာ။

    ဒေါက်တာစိုးမင်း (CDM ဆရာဝန်)

    ဇာတ်ရှိန်တွေတော့ တက်လာပါပြီ။ စောင့်မျှော်ဖတ်ရှုနေကြတဲ့ ပရိသတ်ကြီးရဲ့ စိတ်ပါဝင်စားမှုတွေကလည်း ထက်သန်လာပြီပေါ့။ ဘာတွေများဆက်ဖြစ်ဦးမလဲ ရင်ခုန်စိတ်လှုပ်ရှားနေမှာပေါ့နော်။ ဒီမှာလည်း ပြောပြစရာတွေက တပုံကြီးပါပဲ။ ကိုယ့်အဖြစ်က realty show တစ်ခုကို live လွှင့်ထားမိသလို မျက်စိအောက်ပေါ်လာသမျှကို အချိန်နဲ့တပြေးညီ ထုတ်လွှင့်ရေးသားနေတာ မဟုတ်လား။ ဒီအခန်းဆက်ကလေး တစ်ပါတ်လောက် ဆက်မရေးမိရင် အဆင်မှပြေရဲ့လား စိတ်ပူသူတွေ နည်းမှမနည်းတာ။ အဲ့ဒါကြောင့် ကိုကိုလေပါတီခမျာ အခြေလည်းဖြိုးတယ် အနေလည်းတိုးတယ် မသေပဲကိုး ကွယ် ဆိုတဲ့အကြောင်း ပေတစ်ရာဆီလျှောက် မြင်သလောက်ပြပြနေရတာပေါ့။ “ကိုင်းအခု လုပ်စမ်းပါဦး။ ဘာတွေဆက်ဖြစ်သလဲ။ up date ကလေး၊ breaking news ကလေး။” ဆိုရင်တော့ ပြောရခက်ပါတယ်။ မပြောချင်လို့ အိုက်တင်ခံတာ မဟုတ်ပါဘူး။ ပြောသင့် မပြောသင့် အများကြီး ချင့်ချိန်နေရလို့ပါ။

    သိတဲ့အတိုင်းပဲလေ။ စစ်မြေပြင်အခြေပြု ဆေးရုံကလေးတစ်ခုမှာ ဇာတ်ရှိန်တွေတက်လာရင် စစ်ပွဲနဲ့ အရမ်းကို နီးစပ်လာလို့ပဲ ဖြစ်စရာရှိတာ မဟုတ်လား။ စစ်သတင်းဆိုတာ ကိုယ်ကသာ မျက်ခြေမပြတ် သိနေပြီး ရန်သူ့နားမပေါက်အောင် ခြေသံတိတ်နေမှ ကောင်းတာ။ဒါကြောင့်မို့ ဘာလေးပဲ ပြောချင်ပြောချင် လုံခြုရေးသတိ အမြဲရှိ ကိုယ့်ကိုယ်ကိုယ် သံပါတ်တင်းနေရတယ်။ ကိုယ့်တစ်ယောက်တည်းအတွက်ဆို အရေးလား။ ကိုယ့်ကိုယုံလို့ လက်တွဲအလုပ်လုပ်သူ တစ်ဖွဲ့လုံး ဘေးကင်းရန်ကွာ ရှိဖို့ကလည်း ကိုယ့်တာဝန်ပဲမို့လို့သာ။ “သူ ဖေ့စ်ဘုတ်ပေါ် တက်အာချောင်တာနဲ့ ငါတို့စခန်းလေး လာအသိမ်းခံရတယ်။” ဆိုတာမျိုး အဖြစ်မခံနိုင်။ အခုလို အခြေအနေရောက်ဖို့ အများကြီးကြိုးစားခဲ့ရတယ်။ ကိုယ့်ဖာသာ အသိဆုံး။ စိတ်ကူးထဲကအတိုင်း လက်တွေ့ အကောင်အထည် ဖော်ထားတာ။ အတောင်စုံလို့ ပျံသန်းနိုင်ခါမှ လောက်လေးစာမိလို့ ဘယ်ဖြစ်မလဲ။ ဒီဆေးစခန်းကလေးဟာ တော်လှန်ရေးရဲ့ တစိတ်တပိုင်းလည်းဖြစ်တယ်။ အထိခိုက်မခံနိုင်ဘူး။ ရှေ့ဆက် အလုပ်လုပ်စရာတွေ အများကြီး။ (more…)

  • ချင်းပုံးမှာ စစ်ကောင်စီတပ်က (၉) ဦးသတ်၊ (၃) ဦးဖမ်း ဆိုင်ကယ် (၅၀) ကျော်နှင့် ကား ၄ စီး မီးရှို့သွား

    ချင်းပုံးမှာ စစ်ကောင်စီတပ်က (၉) ဦးသတ်၊ (၃) ဦးဖမ်း ဆိုင်ကယ် (၅၀) ကျော်နှင့် ကား ၄ စီး မီးရှို့သွား

    RNA_၂၈၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ချင်းပုံးရွာကို စစ်ကောင်စီတပ် ဝင်စီးပြီးနောက် အနီးအနားဝန်းကျင်မှာ ပြည်သူ (၉) ဦးကို သတ်သွားပြီး၊ (၃) ဦးကိုဖမ်းကာ ဆိုင်ကယ် (၅၉)စီးနှင့် ကား ၄ စီး၊ နေအိမ် (၅) လုံးမီးရှို့ကာ ဘုန်းတော်ကြီးကျောင်းက ကွန်ပျူတာကို ဖျက်ဆီးသွားကြောင်း သိရသည်။

    “တပ်တွေက ဒီနေ့ထွက်သွားပြီ၊ အနီးဝန်းကျင်မှာ အလောင်း (၉) လောင်းတွေ့တယ်၊ ၂ လောင်းက နယ်ဝေးက၊ ဆိုင်ကယ် ၆၀ ပြောပါတော့ ၅၉ စီးမီးရှို့တယ် နေအိမ် ၅ လုံးပြာကျသွားတယ်။ ၃ ယောက်ကို လေယာဉ်နဲ့ခေါ်သွားတယ် ဖမ်းတာပေါ့၊ အခုတော့ အခြေအနေက ရှုပ်ထွေးနေတုန်းပဲ၊ လောလောဆယ် ဒါပဲ သိရသေးတယ်၊ ရွာထဲပိတ်မိနေတဲ့ ကလေးတွေက အခြေအနေကောင်းပါတယ်” ဟု ယင်းမာပင်မြို့နယ်အခြေစိုက် ရိုက်မဖိုက်တာအဖွဲ့က တာဝန်ရှိသူတဦးက ပြောသည်။

    PDF သင်တန်းဆင်းပွဲရှိသည်ဟုဆိုကာ စစ်ကောင်စီတပ်က လေယာဉ်နှင့်ရောက်ရှိလာပြီး ပစ်ခတ်ကာ ချင်းပုံးရွာကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဝင်စီးပြီး တရွာလုံးကို ပိတ်ဆို့ခဲ့ကြောင်း၊ ယနေ့ မှသာ စစ်ကောင်စီတပ်များ ကျေးရွာကထွက်သွားကြောင်း သိရသည်။

    RedNewsAgency

  • အာဏာသိမ်း စစ်တပ်လက်အောက်မှ ရုန်းထွက်လာသည့် တပ်ရင်းမှူးအဆင့်အပါအဝင် (၃၅၀၀) ကျော်ရှိ

    အာဏာသိမ်း စစ်တပ်လက်အောက်မှ ရုန်းထွက်လာသည့် တပ်ရင်းမှူးအဆင့်အပါအဝင် (၃၅၀၀) ကျော်ရှိ

    RNA_ဖေဖော်ဝါရီ ၂၆၊၂၀၂၂ခုနှစ်။

    မင်းအောင်လှိုင်ဦးဆောင်သည့် အာဏာသိမ်းအဖွဲ့လက်အောက် စစ်တပ်မှာ မနေလိုသည့်အတွက် ဆန့်ကျင်ကာ ပြည်သူ့ဘက်ကူးပြောင်းလာသူ တပ်ရင်းမှူးအဆင့် ဒုဗိုလ်မှူးကြီး (၂) ဦးအပါအဝင် စစ်သားနှင့်ရဲ (၃၅၀၀) ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။

    ” တပ်ရဲ CDM တွေ အင်အားဟာ ကိန်းဂဏန်းတစ်ခုထိထပ်တိုးလာပါပြီ၊ အထူးသဖြင့်တော်လှန်ရေးအင်အားစုတွေဆီ ဝင်ရောက်ကြတာ များပါတယ်၊ စစ်တပ်ဘက်ကတော့ နည်းနည်းလေးပဲလို့ ငြင်းနေပေမယ့် ကျနော်တို့ပြည်သူ့ရင်ခွင်အဖွဲ့က တပ်ရဲ CDM code ထုတ်ပေးမှုဟာ ၃၅၀၀ ကျော် သို့ရောက်ရှိလာပါပြီ၊ ၃၅၀၀ ဟာ တရားဝင်တဲ့စာရင်းတစ်ခု ဖြစ်ပြီး ဆက်သွယ်မှုအခက်အခဲ နေရာအခက်အခဲတွေကြောင့် ကျနော်တို့ဆီ စာရင်းမပေးသွင်းနိုင်တာ အင်အားတော်တော်များများ ကျန်နေပါသေးတယ်” ဟု ဗိုလ်ကြီးလင်းထက်အောင်ထံမှ သိရသည်။

    တိုက်ပွဲပြင်းထန်နေသည့် ကယားပြည်နယ်ရှေ့တန့်၊ ကရင်ပြည်နယ်ရှေ့တန်း၊ ချင်းပြည်နယ် ရှေ့တန်း၊ စစ်ကိုင်းတိုင်း ရှေ့တန်းရောက် စစ်ကောင်စီလက်အောက်ခံ တပ်မှ ဆန့်ကျင်ကာ ပြည်သူ့ရင်ခွင်ခိုလှုံကာ CDM ပြုလုပ်လာသူများရှိကြောင်း၊ PDF များအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကလည်း ကူးပြောင်းလာသူများကို စိစစ်ကြိုဆိုနေကြောင်း သိရသည်။ (more…)

  • NUG၏ သင်ရိုးညွန်းတမ်းနှင့် ကန့်ဘလူမြို့နယ်မှာ အခြေခံ စာသင်ကျောင်း ဖွင့်လှစ်

    NUG၏ သင်ရိုးညွန်းတမ်းနှင့် ကန့်ဘလူမြို့နယ်မှာ အခြေခံ စာသင်ကျောင်း ဖွင့်လှစ်

    RNA_ဖေဖော်ဝါရီ ၂၆၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ပညာရေးဘုတ်အဖွဲ့ ဦးဆောင်ပီး CDMဆရာ ဆရာမများ‌၊ စေတနာ့ ဝန်ထမ်းများ ပူးပေါင်းကာ အခြေခံပညာကျောင်သူကျောင်းသားများကိုအမျိုးသားညီညွတ်ရေးအစိုးရNUG၏သင်ရိုးညွန်းတမ်းနှင့်အညီ နေရာ တချို့တွင် စာပေသင်ကြားနေပီဖြစ်ကြောင်း သိရသည်။ (more…)