Red News Agency

Independent Journalism for Justice and Human Rights.

Tag: နွေဦးတော်လှန်ရေး

  • “အမေ့ရင်တွေ ကျိုးပါပြီ” PDF သူရဲကောင်း မိခင် 

    “အမေ့ရင်တွေ ကျိုးပါပြီ” PDF သူရဲကောင်း မိခင် 

    RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၂ခုနှစ်။

    စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်း ခံခဲ့ရသည့် ယင်းမာပင်ခရိုင် တပ်ရင်း၂၈ တွေ့ရာသင်္ချိုင်းဓါးမဆိုင်းတပ်မတော်မှ ရဲဘော် မောင်အောင်ပိုင်စိုး (ကိုယ်ပိုင်အမှတ် -P13028 073) ၏ ဈာပနတွင် မိခင်ဖြစ်သူမှာ ရင်ကွဲမတက် ခံစားငိုကြွေးခဲ့ရသည်။

    ” သား အမေ့ရင်တွေ ကျိုးပါပြီ ငါ့သားရယ်” ဟု စသဖြင့် တမ်းတမ်းတတ ပြောဆို ငိုကြွေးနေခဲ့သည်။

    [embedyt] https://www.youtube.com/watch?v=4tp5EgIVkwo[/embedyt]

    (more…)

  • စစ်ကောင်စီလက်အောက်ခံများ ကြောက်အားပိုနေရသည့် မဟာရန်ကုန်

    စစ်ကောင်စီလက်အောက်ခံများ ကြောက်အားပိုနေရသည့် မဟာရန်ကုန်

    စစ်ကောင်စီလက်အောက်ခံများက လမ်းသွားလမ်းလာများအပေါ် အမြဲရမ်းကားနေကြသည်။ တားဆီးထားသည့် အကာအရံများကို မတော်တဆ တိုက်မိသည့် ကားသမားများမှာ စစ်ဆေးခံရမှုနဲ့အတူ ရိုက်နှက်ခံရမှုများပါ ကြုံနေကြရသည်

    ဇော်နိုင်

    နေပြည်တော်မှသည် ကျေးလက်တောရွာအလယ် ရန်ကုန်မြို့တော်အဆုံး တနိုင်ငံလုံးနီးပါးရှိ အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်များ၊ ထောက်ခံအားပေးသူများ၊ စစ်ကောင်စီတပ်လက်အောက်ခံ လက်နက်ကိုင်များသည် ဒီမိုကရေစီရေးအင်အားစုများ၊ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်တော်လှန်နေသည့် တော်လှန်ရေးသမားများကို ကြောက်အားပိုနေရသည့်အနေအထားဖြစ်နေသည်။

    ကျေးလက်တောရွာများတွင် စစ်ကောင်စီလက်အောက်ခံများကို လက်နက်များတပ်ဆင်ကာ ပျူစောထီးအဖွဲ့များရှိသော်လည်း အချိန်ပြည့် ကြောက်လန့်နေရသည့်အနေအထားဖြစ်သည်။ နေပြည်တော်ကောင်စီနယ်မမြေအထိ တော်လှန်ရေးတပ်သားများက အခွင့်ရတိုင်းတိုက်ခိုက်နေသည့်အတွက် နေပြည်တော်က စစ်ခေါင်းဆောင်နှင့်အပေါင်းအပါများမှာလည်း စိုးရိမ်ထိတ်လန့်စွာ သွားလာနေထိုင်ရသည်။ တနိုင်ငံလုံးမှာ အကြီးဆုံးမြို့ဖြစ်သည့် မဟာရန်ကုန်တွင်ကား ထင်ရာစိုင်းနေသည့် စစ်ကောင်စီလက်အောက်ခံများကို နေ့စဉ်နှင့်အမျှ ဆုံးမနေကြသည့်အတွက် အခိုင်အမာ အကာအရံများ၊ လက်နက်ကိုင် အကာအရံများ၊ လက်နက်ရှိယုံမျှဖြင့် မလုံခြုံတော့သည့် အုပ်ချုပ်ရေးမှူးအဖွဲ့များသည် နေ့စဉ်နှင့်အမျှ ထိတ်လန့်တုန်လှုပ်နေကြရသည်။

    ရန်ကုန်မြို့ ပြည်သူပိုင်နေရာများတွင် စစ်ကောင်စီလက်အောက်ခံများသည် အတင်းအဓမ္မနေရာယူထားပြီး အတားအဆီးအခိုင်အမာနှင့် ခြံရံမှုများပြုလုပ်ကာ စစ်အာဏာရှင်တို့၏ အမိန့်များကိုနာခံကာ ပြည်သူများကို အချိန်ပြည့် သေနတ်ဖြင့် ချိန်ထားကြသည်။ စိတ်အခန့်မသင့်ရင်ဖြင့် PDF စွပ်စွဲကာ ဖမ်းဆီးမှုများ ပစ်သတ်မှုများပါ ပြုလုပ်နေကြသည်။ ထို့ကြောင့် ရန်ကုန်မြို့နေပြည်သူများမှာ ဘယ်နေရာ သွားသွား ဘယ်အချိန်ဘာဖြစ်မလဲဆိုတာ အမြဲစိုးရိမ်ထိတ်လန့်နေကြရသည်။ အာဏာရှင်တို့သည်ကား လက်နက်အားကိုးဖြင့် ပြည်သူများကို အမြဲညှင်းပန်းနှိပ်စက်နေကြသည်။

    (more…)

  • ကလေး PDF အမျိုးသမီးနေအိမ် ချိပ်ပိတ်လာသည့် စစ်ကောင်စီလက်အောက်ခံများ မိုင်းခွဲတိုက်ခိုက်ခံရ

    ကလေး PDF အမျိုးသမီးနေအိမ် ချိပ်ပိတ်လာသည့် စစ်ကောင်စီလက်အောက်ခံများ မိုင်းခွဲတိုက်ခိုက်ခံရ

    RNA_ဒီဇင်ဘာ(၈)၊၂၀၂၂ ခုနှစ်။
     
    အာဏာသိမ်းစစ်ကောင်စီတပ်ကို လက်နက်ကိုင်တိုက်ခိုက်နေသည့် ကလေးခရိုင် အမှတ် (၆) PDF တပ်ရင်းမှ မချောစုအောင်၏ ကလေးမြို့မှ နေအိမ်ကို စစ်ကောင်စီလက်အောက်ခံများက ချိပ်ပိတ်သိမ်းဆည်းရန် လာသည့် ယမန်နေ့( ဒီဇင်ဘာလ ၇ ရက်)က မိုင်းခွဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီလက်အောက်ခံများ သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။
     
    မချောစုအောင် PDF တပ်ဖွဲ့ဝင်ဖြစ်ကြောင်း စစ်ကောင်စီဘက်က သိရှိပြီးနောက် အိမ်ချိပ်ပိတ်နိုင်ရေး ဆောင်ရွက်နေစဉ်အတွင်း မချောစုအောင်က “ အိမ်မီးရှို့ခံရမဲ့ အတူတူမိုင်းထောင်လိုက်မယ်” ဟုဆုံးဖြတ်ကာ အိမ်မှာ မိုင်းထောင်ခိုင်းထားပြီး လာချိပ်ပိတ်ချိန် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ချိပ်ပိတ်လာသည့် စစ်ကောင်စီဘက်တော်သားများ သေဆုံးအရေတွက်ကို ကလေး PDF ဌာနချုပ် ထုတ်ပြန်မှသာ အတည်ပြုနိုင်မည်ဟု မချောစုအောင်၏ အမျိုးသား PDF ရဲဘော် ကိုဂျပန်ကြီးက ပြောသည်။
    “ကျနော်အမျိုးသမီးရဲ့စွန်လွှတ်ရဲတဲ့သတ္တိကိုတော့ လေးစားတယ်၊ ဒီတိုင်းပြည်အတွက် သူအကုန်စွန်လွှတ်ထားတယ်ဆိုတာကို ပြည်သူလူထုကို သက်သေချပြလိုက်တာဘဲ” ဟု PDF ရဲဘော် မချောစုအောင်၏ အမျိုးသား ကိုဂျပန်ကြီးက Red News Agency ကိုပြောသည်။

    (more…)

  • စစ်ကောင်စီတပ်သားနှင့်ပျူစောထီးများ တိုက်ခိုက်ခံရပြီး (၈) ဦး အနည်းဆုံးသေ

    စစ်ကောင်စီတပ်သားနှင့်ပျူစောထီးများ တိုက်ခိုက်ခံရပြီး (၈) ဦး အနည်းဆုံးသေ

    RNA_ဒီဇင်ဘာ(၇)၊ ၂၀၂၂ ခုနှစ်။
     
    စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးရွာ (ပျူစောထီးရွာ) သားများနှင့် စစ်ကောင်စီတပ်သားများ ပူးပေါင်းထားသည့် အင်အား (၂၀၀) ခန့် ရွာထွက်တွင် ယမန်နေ့ နံနက်ပိုင်းက PRA ပါအဝင်အဝင် ဒေသခံပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစု၏ တိုက်ခိုက်မှုကြောင့် ၈ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားသည်ဟု သိရသည်။
     
    ” တိုက်ပွဲက မနက်ပိုင်းကတည်းက ဖြစ်တာ ညနေပိုင်းထွက်လာအုံးမလားလို့ စောင့်တိုက်တာ သူတို့ထပ်ထွက်မလာတော့ဘူး။ လက်ရှိ နယ်မြေအတွင်း အနေအထားက ခွေးတွေထွက်အလာကို စောင့်တိုက်ဖို့ ပြင်ဆင်နေကြပါတယ်” ဟု People Revolution Army အဖွဲ့ခေါင်းဆောင် ဗိုလ်ဂျပန်က Red News Agency ကို ပြောသည်။
     
    စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်သားများသည် ပျူစောထီးရွာများတွင် အထိုင်ချ တပ်စွဲနေကြကြောင်း၊ ခြေလျင်အင်အားသုံးပြီီးဒေသခံကျေးရွာများအတွင်း ဝင်စီးကာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း၊ ပုလဲ-ဂန့်ဂေါ လမ်းမတွင် စစ်ကောင်စီတပ်သားများ ဖြတ်သန်းသွားလာမှု မလုပ်ရဲသလောက်ဖြစ်နေကြောင်း သိရသည်။
     
    #RedNewsAgency

  • NLD ပါတီဝင် ဦးဝင်းဌေးကို ပျူစောထီးနှင့် စစ်ကောင်စီတပ်သားများက သတ်ဖြတ်

    NLD ပါတီဝင် ဦးဝင်းဌေးကို ပျူစောထီးနှင့် စစ်ကောင်စီတပ်သားများက သတ်ဖြတ်

    ပွင့်ဖြူမြို့ NLD ပါတီဝင် ဦးဝင်းဌေးကို ပျူစောထီးနှင့် စစ်ကောင်စီတပ်သားများက သတ်ဖြတ်
     
    RNA_ဒီဇင်ဘာ(၆)၊၂၀၂၂ ခုနှစ်။
     
    မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် -NLD ပါတီဝင် ဦးဝင်းဌေးကို ကြံ့ခိုင်ရေးပါတီဝင် ကျောင်းကုန်းကြီးရွာမှ ပျူစောထီးများနှင့် စစ်ကောင်စီတပ်သားများက ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း သိရသည်။
     
    ဦးဝင်းဌေးနှင့်မိသားစုသည် ဒီဇင်ဘာလ ၄ ရက်နေ့က မကွေး-မင်းဘူးသွားပြီး ဆေးခန်းပြအပြန် ပွင့်ဖြူမြို့အဝင် ထွေအုပ်ရုံးရှေ့ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးခံပြီးနောက် သစ်ချိုကုန်းရွာထိပ်တွင် ပျူစောထီးနှင့်စစ်ကောင်စီတပ်သားများက စောင့်ဆိုင်းကာ မိသားစုကို ပြန်လွှတ်ပြီး ဦးဝင်းဌေးကိုသာ ဖမ်းဆီးသွားကြောင်း၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကျောင်းကုန်းကြီးရွာ မြောက်ဘက်တောတွင်းမှာ အလောင်းတွေ့ရှိခဲ့ရကြောင်း၊ ယနေ့ သင်္ဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

    (more…)

  • သေးဆူးလဲတိုက်ပွဲတွင် ကျဆုံးခဲ့ရသည့် ရဲဘော်ဒို ဈာပန ပြုလုပ်

    သေးဆူးလဲတိုက်ပွဲတွင် ကျဆုံးခဲ့ရသည့် ရဲဘော်ဒို ဈာပန ပြုလုပ်

    RNA_ဒီဇင်ဘာ ( ၃)၊၂၀၂၂ ခုနှစ်

    ကရင်နီပြည်(ကယား)၊ ဒီးမော့ဆိုမြို့နယ်၊ သေးဆူးလဲတိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် တပ်ရင်းအမှတ် (၅) မှ ကျဆုံးခဲ့သည့် ရဲဘော်ဒို ဈာပနအခမ်းအနားကို ဒီဇင်ဘာ (၁) ရက်နေ့က ပြုလုပ်ခဲ့သည်။

    ကရင်နီပြည် အမျိုးသားကာကွယ်ရေးတပ်နှင့် ဒေသခံမဟာမိတ် တပ်ပေါင်းစု တပ်ဖွဲ့များက သေးဆူးလဲရွာအနီးဝန်ကျင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်သည့် နိုဝင်ဘာလ (၂၉) ရက်နေ့ တိုက်ပွဲတွင် ရဲဘော်ဒို ကျဆုံးခဲ့ရသည်။

    (more…)

  • စစ်ကောင်စီတပ် ထိန်းချုပ်နယ်မြေတချို့ကို တော်လှန်ရေး တပ်ပေါင်းစုမှ ပြန်လည်ထိန်းချုပ်

    စစ်ကောင်စီတပ် ထိန်းချုပ်နယ်မြေတချို့ကို တော်လှန်ရေး တပ်ပေါင်းစုမှ ပြန်လည်ထိန်းချုပ်

    RNA_ဒီဇင်ဘာ(၂)၊၂၀၂၂ခုနှစ်။

    ကရင်နီ ( ကယား) ပြည်၊ ဒီမော့ဆိုမြို့၊ကုန်းသာကျေးရွာ အတွင်း စစ်ကောင်စီတပ် တပ်စွဲအထိုင်ချနေသည့် ထိန်းချုပ်နယ်မြေအား ကယား (ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု (KRU) မှ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

    ” ဒီမော့ဆို့မြို့ ၊ကုန်းသာ ကျေးရွာ အတွင်း နယ်မြေ များပြန်လည်ရှင်းလင်းနေစဉ်အတွင်း စစ်ကောင်စီ တပ်များ၏ ရိက္ခာ ၊ စွပ်ဗုံး၊ကျည်ဆံနှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ပြီး နယ်မြေအား မိုင်းရှင်း လင်းရေးများ ပြန်လည်ပြုလုပ်နေခဲ့ပြီ” ဟု ကယား (ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု (KRU) က ယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • ကြာအင်းဆိပ်ကြီးမြို့နယ် ခလရ ၂၈၄ မှ တပ်သားတဦး CDM ပြုလုပ်

    ကြာအင်းဆိပ်ကြီးမြို့နယ် ခလရ ၂၈၄ မှ တပ်သားတဦး CDM ပြုလုပ်

    RNA_ဒီဇင်ဘာ(၁)၊၂၀၂၂ခုနှစ်။

    ကရင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေသည့် ကြာအင်းဆိပ်ကြီးမြို့နယ် ခလရ ၂၈၄ မှ တပ်သား စက်ပိုင်ထွန်းသည် ယနေ့ နေ့လည် (၁၂) နာရီဝန်းကျင်က နဂါးနီစစ်ကြောင်း – တပ်ခွဲ၂ နှင့် KNLA တပ်ရင်း ၁၇ တပ်ခွဲ ၂ ထံသို့ လာရောက်ပူးပေါင်းကာ CDM ပြုလုပ်ခဲ့သည်။

    ” ကျန်ရှိနေသေးသည့် တပ်မတော်သားများလည်းအာဏာရှင်လူတစ်စုစာအတွက် ရပ်တည်မနေဘဲ ပြည်သူနှင့် အမြန်ဆုံးပူးပေါင်းပြီး ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့ တိုက်တွန်းလိုက်ရပါသည်” ဟု နဂါးနီ စစ်ကြောင်း တပ်ခွဲ -၂ က ထုတ်ပြန်ထားသည်။

    (more…)

  • ဒဂုံတက္ကသိုလ်ကျောင်းသား (၇) ဦး သေဒဏ်ချမှတ်ခံရ

    ဒဂုံတက္ကသိုလ်ကျောင်းသား (၇) ဦး သေဒဏ်ချမှတ်ခံရ

    RNA_ဒီဇင်ဘာ(၁)၊၂၀၂၂ခုနှစ်။

    အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီလက်အောက် ခံ အင်းစိန်ထောင်တွင်းရှိ စစ်ခုံရုံးက ဒဂုံတက္ကသိုလ်ကျောင်းသား (၇) ဦးကို ယမန်နေ့ ( နိုဝင် ဘာ ၃၀ ရက်) က သေဒဏ်အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

    ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် ကမ္ဘာ့ရတနာဘဏ် မန်နေဂျာ ဒုဗိုလ်မှူးကြီး စောမိုးဝင်းကို သတ်သည်ဟု စွပ်စွဲကာ ဒဂုံတက္ကသိုလ်ကျောင်းသား ကိုဟိန်းထက်၊ ကိုသီဟထက်ဇော်၊ ကိုသူရမောင်မောင်၊ ကိုခန့်ဇင်ဝင်း၊ ကိုဇော်လင်းနိုင်၊ ကိုသက်ပိုင်ဦး၊ ကိုခန့်လင်းမောင်မောင်တို့ကို ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၃၀၂ (က) ဖြင့် မတရားအမိန့် သေဒဏ်ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

    (more…)

  • လှတောရွာအထွက် တိုက်ပွဲမှာ စစ်ကောင်စီဘက်က အနည်းဆုံး ၄ ဦးသေဆုံ

    လှတောရွာအထွက် တိုက်ပွဲမှာ စစ်ကောင်စီဘက်က အနည်းဆုံး ၄ ဦးသေဆုံ

    ဝက်လက် လှတောရွာအထွက် တိုက်ပွဲမှာ စစ်ကောင်စီဘက်က အနည်းဆုံး ၄ ဦးသေဆုံး

    RNA_နိုဝင်ဘာ(၂၉)၊၂၀၂၂ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်ကို နိုဝင်ဘာလ ၂၈ ရက်နေ့က နံနက် (၉) နာရီဝန်းကျင်က လှတော့ဘက် တက်လာသည့် စစ်ကြောင်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အနည်းဆုံး (၄) ဦးသေဆုံးကြောင်း ထုတ်ပြန်ထားသည်။

    “ ခွေး၅ကောင်အကျအဆုံးရှိသည် ခွေး၄ကောင်မှာ လမ်းမပေါ်တွင် တုံးလုံးပက်လက် ပြန့်ကျဲနေပီး ခွေး၁ကောင်မှာ မချိမဆန့်ဖစ်နေသည်ကို နာရေးကူညီရေးအသင်းကားဖြင့် လာရောက်ခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိရသည်။ကျွန်တော်တို့မဟာမိတ်အဖွဲ့များ အထိအခိုက်အကျအဆုံးမရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့” ဟု ဝက်လက်မြို့နယ်အခြေစိုက် ကြောင်လက်သည်း တပ်ဖွဲ့က တိုက်ပွဲရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။

    [embedyt] https://www.youtube.com/watch?v=KzITwPvjss8[/embedyt]

    လှတောရွာအထွက် ပင်းဇင်းမူးဘောင်ကြားတွင် စစ်ကြောင်းဆက်လက်တက်မရအောင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် ကြောင်လက်သည်း ပြည်သူ့ကာကွယ်ရေးတပ်၊ နန်းတက်မင်း တော်လှန်ရေးအင်အားစု၊ Dynamite “တပ်ခွဲ” နှင့် မဟာမိတ်များစုပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    #RedNewsAgency