Tag: နွေဦးတော်လှန်ရေး
-

ဒေါ်အောင်ဆန်းစုကြည်အပါ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး ကုလလုံခြုံရေးကောင်စီ အတည်ပြု
ဒေါ်အောင်ဆန်းစုကြည်အပါ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ စစ်ကောင်စီ၏ အကြမ်းဖက်မှုများ အမြန်ဆုံးရပ်တန့်ရေး ကုလလုံခြုံရေးကောင်စီ အတည်ပြုRNA_ဒီဇင်ဘာ ၂၂၊ ၂၀၂၂ ခုနှစ် ။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးကို အမြန်ဆုံးလွှတ်ပေးရန်၊ အာဏာသိမ်း စစ်ကောင်စီက ကျူးလွန်နေသည့် အကြမ်းဖက်မှုများကို အမြန်ဆုံးရပ်တန့်ပေးရန် စသည့်အချက်များပါဝင်သော မြန်မာ့အရေးဆုံးဖြတ် ချက်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒီဇင်ဘာ ၂၁ ရက်တွင် မဲခွဲဆုံးဖြတ်ပြီး အတည်ပြုလိုက်သည်။အကြမ်းဖက်စစ်ကောင်စီကို လက်ရှိကျုးလွန်နေသောအကြမ်းဖက်မှုများကို အမြန်ဆုံးရပ်တန့်ရေး၊ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် ဖမ်းဆီးခံထားရသူများအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးရေး၊လူ့အခွင့်အရေးလေးစားရန် တောင်းဆိုချက်များပါဝင်သော ဆုံးဖြတ် ချက်တစ်ခုကို လူ့အခွင့်အရေးလုံခြုံရေးကောင်စီက ချမှတ်လိုက်ခြင်း ဖြစ်သည်။” အခုဆုံးဖြတ်ချက်က ကုလလုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံအတွက် သမိုင်းဝင်တဲ့ တိုးတက်ပြောင်းလဲသော ခြေလှမ်းတခုလို့ပြောနိုင်ပြီး အကြမ်းဖက်စစ်ကောင်စီကီု တောင်းဆိုမှုနဲ့ နိုင်ငံတကာကလုပ်ဆောင်ရန်ဆိုတဲ့အချက်တွေပါဝင်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီကို လက်နက်တင်ပို့ရောင်းချမှုတွေ ရပ်တံ့ရန်ဆိုတဲ့အချက်မျိုးတွေ ကျန်ခဲ့ပါတယ်၊ ဒါတွေကို မလိုက်နာရင် နိုင်ငံတကာအနေနဲ့ ဘယ်လိုအရေးယူဆောင်ရွက်မယ်ဆိုတဲ့အဆင့်ထိတော့ မပါဝင်လာသေးပါဘူး။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ကနေ နိုင်ငံတကာက ဆက်လက်ကြိုးပမ်းဆောင်ရွက်ရမယ့်လုပ်ငန်းတွေအတွက် ခွန်အားသက်ရောက်မှု ကြီးကြီးမားမားဖြစ်စေပါတယ်။ အကြမ်းဖက်စစ်ကောင်စီကို နောက်ထပ်အရိူက်ထိစေတဲ့ လုပ်ဆောင်ချက်နဲ့ ရပ်တည်ချက်တွေကို မဲပေးမှုအပေါ်သုံးသပ်ရင် တွေ့နိုင်ပါတယ်။ အာဆီယံရဲ့လုပ်ဆောင်နိုင်မှုကို ပိုမိုအားကောင်းစေနိုင်ပါတယ်။ မြန်မာ့အရေးကို ပြည်တွင်းရေးဖြစ်တယ်ဆိုပြီး မျက်နှာလွှဲလက်ရှောင်နေတဲ့ ကုလသမဂ္ဂဝင်နိုင်ငံတွေကို တာဝန်ပေးလိုက်တာဖြစ်ပါတယ်။ မြန်မာ့အရေးဟာ ကမ္ဘာမှာမအေးသေးဘူးဆိုပြီး မြန်မာပြည်သူတွေကို အားပေးလိုက်တဲ့လုပ်ဆောင် ချက်တခုဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ ကြိုးပမ်းလုပ်ဆောင်သွားပါ့မယ် ” ဟူ၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက လူမှုကွန်ယက်မှတစ်ဆင့်သတင်းထုတ်ပြန်ခဲ့သည်။ကုလဌာနများ အမြင့်ဆုံးဆုံးဖြတ်ချက်ချမှတ်သည့်ဌာနဟု ဆိုနိုင်သည့်ကုလလုံခြုံရေးကောင်စီအနေဖြင့် လွန်ခဲ့တဲ့ (၇၄) နှစ်အတွင်း မြန်မာနိုင်ငံအပေါ် ပထမဦးဆုံးချမှတ်သည့် ဆုံးဖြတ်ချက်ဖြစ်ပြီး မြန်မာနိုင်ငံနှင့်ပတ်သက်၍ ယခင်က လူ့အခွင့်အရေးကောင်စီနှင့် အထွေထွေညီလာခံတို့တွင်ဘ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ဖူးသည်။လုံခြုံရေးကောင်စီတွင်လည်း ကြေညာချက် (Statement) များ ထုတ်ပြန်ခဲ့ဖူးပြီး ယခုထုတ်ပြန်ခဲ့မှုသည် ကောင်စီဆုံးဖြတ်ချက် (resolution) အဆင့်ဖြစ်၍ည လေးစားလိုက်နာရန်လိုအပ်သည့်အဆင့်ဖြစ်ကြောင်း ဦးအောင်မျိုးမင်းက ပြောသည်။ယင်းသို့ ဆုံးဖြတ်နိုင်ရန်အတွက် အမြံတမ်းအဖွဲ့ဝင် (၅) နိုင်ငံနှင့် အလှည့်ကျအဖွဲ့ဝင် (၁၀) နိုင်ငံက မဲခွဲဆုံးဖြတ်ခဲ့ပြီး မဲအနည်းအများနှင့် ဆုံးဖြတ်ခဲ့ကြောင်း၊ အမြဲတမ်းအဖွဲ့ဝင် (၅) နိုင်ငံထည်းက တစနိုင်ငံမှ ဗီတိုအာဏာသုံး ကန့်ကွက်လျင် အတည်ပြုလို့မရကြောင်း သိရသည်။ယခုဆုံးဖြတ်ချက်ချနိုင်ခြင်းသည့ ဗီတိုအာဏာသုံးပြီး ကန့်ကွက်သည့်နိုင်ငံမရှိတဲ့အပြင် ထောက်ခံသူ (၁၂) နိုင်ငံ။ ကြားနေ (၃) နိုင်ငံသာရှိခဲ့၍ ဆုံးဖြတ်ချက်အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ပြီးထူးခြားချက်အနေဖြင့် တရုတ်နှင့် ရုရှားနိုင်ငံတို့က မကန့်ကွက်ဘဲ အိန္ဒိယနိုင်ငံနှင့်အတူ ကြားနေမဲပေးခဲ့ကြောင်း ဦးအောင်မျိုးမင်းက ပြောသည်။ -

ဝက်လက် GZ အဖွဲ့ဝင် ၁၀ ဦးကို ရွှေဘိုခရိုင် PDF တပ်ရင်း (၂) ကဖမ်းဆီး
RNA_ဒီဇင်ဘာ(၂၁)၊၂၀၂၂ ခုနှစ်။
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အရှေ့ခြမ်း အခြေစိုက် GZ Special Task Force-Watlet တပ်ဖွဲ့ဝင် (၁၀) ဦးကို ရွှေဘိုခရိုင် PDF အမှတ် (၂) တပ်ရင်းမှ ဒီဇင်ဘာလ (၁၉) ရက်နေ့က ဖမ်းဆီးသွားကြောင်း သိရသည်။
GZ Special Task Force-Watlet တပ်ဖွဲ့ဝင် (၁၀) ကို ဖမ်းဆီးရခြင်းနှင့်ပတ်သက်ပြီး ရွှေဘိုခရိုင် PDF အမှတ် (၂) တပ်ရင်းက မည်သည့်အတွက် ဖမ်းဆီးရခြင်းဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားခြင်းမရှိသေးသော်လည်း GZ Special Task Force-Watlet မဟာမိတ်ရဲဘော်တဦးကတော့ ဆားတောင်ကျေးရွာမှာ အခြေချနေထိုင်သည် GZ Special Task Force-Watlet အဖွဲ့ကို ရွှေဘိုခရိုင် PDF အမှတ် (၂) တပ်ရင်းမှ (၃) ရက်အတွင်း ပြောင်းရွေ့ရန် ဒီဇင်ဘာ ၁၅ ရက်နေ့က ခေါ်ပြောခဲ့ကြောင်း မီဒီယာတွင် ပြောကြားထားသည်။
-

လောင်မြိုက်ခံ ဘဝများ
” အညာသူ အညာသားတွေဖြစ်တဲ့ ဖုံထူတဲ့ လှည်းလမ်းမ ပေါ်တွေမှာ၊ စပါးခင်း ရိုးပြတ်တောတွေမှာ သွေနဲ့ရင်းပြီး မိုင်းသံတွေ ထွက်ပေါ်လာခဲ့တယ်။ ကျေးရွာတွေကို မီးမြိုက်ခံပြီး လက်လုပ်သေနတ်သံတွေ ထွက်ပေါ်လာခဲ့တယ်”ဘဇော် ရေးသားသည်။နွေဦးတော်လှန်ရေးမှာ အညာသူ အညာသား တွေအကြောင်း စာဖွဲ့မကုန်နိုင်အောင် ရှိလှပါတယ်။ စစ်ကောင်စီတပ်ကို အသေခံတိုက်တဲ့ တိုက်ပွဲတွေ၊ နားကပ်တွေချွတ်လှူကြတာတွေ၊ အညာသူရိုးရိုးကြီးတွေရဲ့ တော်လှန်လိုစိတ်၊ အညာသား ရိုးရိုးကြီးတွေရဲ့ စစ်ကျွန်မခံလိုစိတ်တွေဟာ ကမ္ဘာတစ်ခြမ်းအထိ ဟိုးဟိုးလေးတကြော်ကြော် ပြည်သူတွေမျှော်လင့်တဲ့ ဖက်ဒရယ်ဒီမိုကရေစီအရေးမှာ အညာမြေတခွင်က စစ်တလင်းတွေအကြောင်းလည်း အများအသိဖြစ်ပါတယ်။ အခုတစ်ခါ ပြောပြချင်တာက အညာမြေတစ်ခွင်က အွန်လိုင်းပေါ်မှာ မတက်လာတဲ့ လောင်မြိုက်ခံ ဘဝများအကြောင်းပဲဖြစ်ပါတယ်။စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက တောတောင်ရေမြေ သဘာဝနဲ့ မူလ အခွင့်အရေးတွေအရ နှစ်ပေါင်းများစွာ လက်နက်ကိုင်တိုက်ပွဲတွေဆင်နွှဲခဲ့ကြတာဖြစ်ပါတယ်။ ချွင်းချက်အနေနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကလည်း လွတ်လပ်ရေးရပြီး အဆက်ဆက်သော အစိုးရတို့ရဲ့ နှိပ်ကွပ်မှု၊ အဆက်ဆက်သော စစ်ကျွန်လူတစ်စုရဲ့ နှိပ်ကွပ်မှုအောက်မှာ မူဝါဒရေးရာမှာ အားကောင်းခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးကိုတော့ တခန်းရပ်ခဲ့ ရပါတယ်။အခု နွေဦးတော်လှန်ရေးမှာတော့ ကွန်မြူနစ်ယုံကြည်သူတွေက ပြည်သူတွေအတွက် အသက်ကို ပဓာနမထားပဲ စစ်အာဏာရှင်ကို နိုင်ငံရေးအရပါအဝင် လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲဖို့ ပြင်ဆင်နေသလို ဆင်နွှဲနေသူတွေလည်း ရှိနေပြီဖြစ်ပါတယ်။ ထပ်ပြီးထူးခြားလာတာက မကွေးတိုင်းနဲ့စစ်ကိုင်းတိုင်းက အညာသားကြီးတွေ လက်နက်ကိုင်လာကြတယ်။ အညာမြေတခွင် စစ်တလင်းဟာ လူမှုကွန်ယက်ပေါ်မှာ ထင်ရှားကျော်ကြားသလောက် မြေပြင်အနေအထားဟာ လူမှုကွန်ယက် ပေါ်မှာလောက် အောင်ပွဲမခံနိုင်တဲ့ နေရာတွေရှိနေတယ်ဆိုတာကို အသိပေးချင်ပါတယ်။
အုပ်စုဖွဲ့ နယ်မြေခွဲဝေမှုနဲ့ ဗိုလ်လုပ်ချင်တဲ့ ပြဿနာစစ်တပ်အာဏာသိမ်းပြီး နွေဦးတော်လှန်ရေးမှာ လှည်းနေလှေအောင်းမြင်းဇောင်းမကျန် ကလေးလူကြီး တအိမ်လုံး တနိုင်ငံလုံးနီးပါး လမ်းမပေါ်တက်ဆန္ဒပြခဲ့ကြတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြနေပေမဲ့ အာဏာသိမ်းစစ်တပ်ကတော့ ခေါင်းကို တည့်တည့် ပစ်ခတ်သတ်ဖြတ်ပြတာတွေဟာ နေပြည်တော်မှစပြီး ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်း စတဲ့ တစ်နိုင်ငံလုံးကို လုပ်ပစ်တဲ့နောက်ပိုင်း စစ်အာဏာရှင်နဲ့ လက်ပါးစေတွေရဲ့ ယုတ်မာမှုကို လက်နက် လက်နက်ခြင်း ယှဉ်ပြိုင်တိုက်ခိုက်မဲ့ ခုခံစစ် ပြောက်ကျားစစ်တွေ နိုင်ငံအနှံ့မှာ ဆင်နွှဲလာပါတယ်။ အဲဒီအထဲမှာ အညာသူ အညာသားတွေဖြစ်တဲ့ ဖုံထူတဲ့ လှည်းလမ်းမ ပေါ်တွေမှာ၊ စပါးခင်း ရိုးပြတ်တောတွေမှာ သွေနဲ့ရင်းပြီး မိုင်းသံတွေ ထွက်ပေါ်လာခဲ့တယ်။ ကျေးရွာတွေကို မီးမြိုက်ခံပြီး လက်လုပ်သေနတ်သံတွေ ထွက်ပေါ်လာခဲ့တယ်။ -

ကိုင်းလယ်တိုက်ပွဲအပြီး စစ်ဘေးရှောင်များကို ပွင့်ဖြူ PDF ဆေးကုသမှုများပြုလုပ်ခဲ့
RNA_ဒီဇင်ဘာ(၂၀)၊၂၀၂၂ ခုနှစ်။မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကိုင်းလယ်ကျေးရွာရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်လက်အောက်ခံများနှင့်လေယာဉ်သုံးပစ်ခတ်မှုများအပြီီး ရှောင်တိမ်းနေကြရသည့် ဒေသခံစစ်ဘေးရှောင်ပြည်သူများကို ပွင့်ဖြူပြည်သူ့ကာကွယ်ရေးတပ် – People’s Defence Force Pwintbyu က စောင့်ရှောက်မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ကိုယ်လယ်ကျေးရွာ ရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေး မဟာမိတ်များက နိုဝင်ဘာလ ၂၂ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီလက်အောက်ခံများ ကျဆုံးမှုများရှိကြောင်း၊ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူယူခဲ့သည့်အတွက် ဒေသခံများထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ -

တိုက်ပွဲတွင်း စစ်ကောင်စီဘက်က အကျအဆုံးများပြီး ကျားဖြူစစ်ကြောင်းမှ ရဲဘော်တဦးကျ
RNA_ဒီဇင်ဘာ(၁၇)၊၂၀၂၂ခုနှစ်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တံတားကျိုးကျေးရှိ စစ်ကောင်စီတပ် တပ်ရင်းအ ကျားဖြူစစ်ကြောင်းမှဦးဆောင်ပြီး ပူးပေါင်းတပိဖွဲ့များဖြင့် ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်အကျအဆုံးများပြီး ကျားဖြူတပ်ခွဲမှ ရဲဘော်တဦး ကျဆုံးခဲ့ရကြောင်း သိရသည်။
-

BPLA ရဲဘော် အာလေး(ခ) ကာလေး ရှေ့တန်းစစ်မြေပြင်တွင်ကျဆုံး
RNA_ဒီဇင်ဘာ(၁၅)၊၂၀၂၂ ခုနှစ်။

ဓာတ်ပုံ : BPLA အခြေခံစစ်ပညာသင်တန်း၊ အမှတ်စဥ်(၁)မှ သင်တန်းသူ/သင်တန်းသားများအား တွေ့ရစဉ်။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) အပတ်စဉ် (၁) သင်တန်းဆင်း ရဲဘော်အာလေး(ခ) ကာလေး ( ကိုယ်ပိုက်အမှတ် BA 00014) သည် ဒီဇင်ဘာလ (၁၄) ရက်နေ့ နေ့လည် ၁ နာရီ ၃၀ မိနစ်ဝန်းကျင်က ရှေ့တန်းစစ်မြေပြင်တွင် တော်လှန်ရေး တာဝန်များထမ်းဆောင်ရင်း ကျဆုံးသွားခဲ့ကြောင်း သိရသည်။
-

“သေနတ်ကိုင်တိုက် ဓားကိုင်ဖိုက်မဲ့ ၅/” ဟုဆိုကာ ကျေးရွာအတွင်း လှည့်လည်ဆန္ဒပြ
RNA_ဒီဇင်ဘာ(၁၅)၊၂၀၂၂ ခုနှစ်။
ဒေသခံပြည်သူများဖြစ်သည့် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများမှ မိဘပြည်သူများနှင့် ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်ကော်မတီတို့ ပူးပေါင်းကာ စစ်ကောင်စီတပ်စစ်ကြောင်းများအန္တရယ်ကြားမှ ခက်ခက်ခဲခဲ လူထုအင်အားဖြင့် “၅/ဆိုတာ သေနက်ကိုင်တိုက်မယ် ဓားကိုင်ဖိုက်မယ်” ဟုဆိုကာ ယနေ့ ညနေပိုင်းက ဆန္ဒပြခဲ့ကြသည်။ -

ပျူစောထီးရွာ ဈေးရောင်သွားသူများကို ကြိမ်ဒဏ်အပြစ်ပေး
RNA_ဒီဇင်ဘာ(၁၅)၊၂၀၂၂ခုနှစ်။
စစ်ကောင်စီတပ် တပ်စွဲထားသည့် ရွှေဘိုမြို့နယ် ကော့ရွာကျေးရွာ(ပျူစောထီးရွာ) ကိုဈေးရောင်းသွားသူများကို Burma Rangers (ShweBo) အဖွဲ့က ကြိမ်ဒဏ်ပေးခဲ့ကြောင်း သိရသည်။
” ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သတိပေးခြင်းကို မသိကျိုးကျင်ပြု၍ ထပ်မံဝင်ရောက်ဈေးရောင်းချနေသော ပြင်ပဈေးသည်များအား ဒုတိယအကြိမ် ကြိမ်ဒဏ်အပြစ်ပေး၍ ထပ်မံသတိပေးခြင်း။ အထက်ပါကိစ္စနှင့်စပ်လျှင်း၍ ပျူစောထီးနှင့်စစ်ခွေးများ တပ်စွဲထားသော ဟံလင်းကျေးရွာနှင့် ကော့ရွာကျေးရွာတို့အား ပြင်ပဈေးသည်များ ထပ်မံဝင်ရောက်ဈေးရောင်းချခြင်းမပြုရန် နောက်ဆုံးအကြိမ်သတိပေး ထုတ်ပြန်လိုက်ပါသည်” ဟု Burma Rangers (ShweBo) အဖွဲ့က ယမန်နေ့က ထုတ်ပြန်ထားသည်။
-

ရပ်ကွက်နေပြည်သူများ ကြားရသည့်ပေါက်ကွဲသံသည် စကစ ယာဉ်တန်း တိုက်ခိုက်ခံရမှုဖြစ်
RNA_ဒီဇင်ဘာ(၁၅)၊၂၀၂၂ ခုနှစ်။
ဒီဇင်ဘာလ ၁၄ ရက်နေ့ညပိုင်းက မြောက်ဒဂုံမြို့နယ်နှင့်မြောက်ဥက္ကလာပမြို့နယ်အတွင်းထိ ကြားခဲ့ရသည့် ပေါက်ကွဲသံသည် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရမှုဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့၊ အရှေ့ဒဂုံမြို့နယ်၊ အမှတ် (၂)လမ်းမကြီးနှင့် ကျန်စစ်သားလမ်းဆုံမီးပွိုင့်အရောက် ကင်းလှည့်နေသည့် စစ်ကောင်စီယာဉ်တန်းကို ဒီဇင်ဘာ ၁၄ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ဝန်းကျင်က Generation Z Defense Force & Supply Army (GZDF) မှ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။
[embedyt] https://www.youtube.com/watch?v=ycQFwAoPRHY[/embedyt]
ရန်ကုန်မြို့ရှိ မြို့ပြပြောက်ကျားတပ်ဖွဲ့များသည် အခွင့်ရတိုင်း စစ်ကောင်စီတပ်သားများနှင့်လက်အောက်ခံများကို တိုက်ခိုက်မှုများရှိကြောင်း၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြသူများကလည်း လမ်းမထွက်ပြီး ဆန္ဒပြမှုများရှိကြောင်း သိရသည်။
-

မုံရွာမြို့ အထင်ကရနေရာ အချို့တွင် ပြောက်ကျားသပိတ် ပြုလုပ်
RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၂ခုနှစ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် စစ်ကောင်စီတပ်သားများ၏ အန္တရာယ်ကြားမှ ဗိုလ်ချုပ်ကြေးရုပ်နှင့် မြို့နယ် နေရာအချို့တွင် အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ယနေ့ နံနက်ပိုင်းက ပြောက်ကျားသပိတ် ပြုလုပ်ကာ စစ်အာရှင်အား ဆန့်ကျင်ဆန္ဒပြခဲ့ကြောင်း သိရသည်။

စစ်အာဏာရှင်စနစ်မလိုမရှိ၊ လုံးဝအုပ်ချုပ်ခွင့်မရစေရ၊ PTT အားသပိတ်မှောက်၊ လိပ်ပြာလုံပါစေ စသည့် စာသားများဖြင့် ဆန္ဒပြခဲ့ကြကြောင်း Red News Agency ကို သတင်းပေးပို့လာသည်။

#RedNewsAgency