နွေဦးတော်လှန်ရေး

ရွေးကောက်ပွဲလမ်းကြောင်း အရောင်တင်ရန် လွတ်ပေးသည့်အတွက် ကျေးဇူးတင်စရာမရှိဟု NUG ဝန်းကြီးပြောကြား

ရွေးကောက်ပွဲလမ်းကြောင်း အရောင်တင်ရန် လွတ်ပေးသည့်အတွက် ကျေးဇူးတင်စရာမရှိဟု NUG ဝန်းကြီးပြောကြား

RNA_နိုဝင်ဘာ(၁၇)၊၂၀၂၂ ခုနှစ်။   အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီအဖွဲ့က အမျိုးသားအောင်ပွဲနေ့ အကြောင်းပြုကာ လွတ်ရက်နီး မတရားဖမ်းဆီးခံထားရသူများအပါအဝင် သာမန်ပြစ်ဒဏ်ကျ အကျဉ်းသားစသည်တို့ကို လွှတ်ပေးခြင်းသည်ရွေးကောက်ပွဲကို အရောင်တင်ရန်သာ ဖြစ်သည့်အတွက် ကျေးဇူးတင်စရာ မရှိကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောကြားထားသည်။   မင်းအောင်လှိုင်ဦးဆောင်နေသည့် အကြမ်းဖက်အာဏာသိမ်းအဖွဲ့သည် ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေကြောင်း၊ ယနေ့ လွှတ်ပေးသည့် နိုင်ငံရေးအကျဉ်းသားများထဲတွင် လွတ်နီးများပါရှိပြီး၊ဖမ်းဝရမ်းထုတ်ခံရသည့် အနုပညာရှင်တို့ ပါဝင်ကြောင်း၊ ခိုး၊ဆိုး၊လု၊နှိုက်စသည့် ပြစ်ဒဏ်ကျအကျဉ်းသားများပါဝင်ပြီး စုစုပေါင်း (၅၇၇၄) ဦး လွှတ်ပေးမည်ဟု သိရသည်။ (more…)
Read More
ညပိုင်းအရေးပေါ် စစ်ဘေးရှောင်နေရ 

ညပိုင်းအရေးပေါ် စစ်ဘေးရှောင်နေရ 

စကစ တပ်၏ သတ်ဖြတ်မှုကြောင့် ညပိုင်းအရေးပေါ် စစ်ဘေးရှောင်နေရ RNA_နိုဝင်ဘာ(၁၅)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းမှ ဒေသခံပြည်သူများကို သတ်ဖြတ် နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည့်အတွက် ဒေသခံပြည်သူများ ညပိုင်း ‌စစ်ဘေးရှောင်နေကြရသည်။ " အညာဒေသက ပြည်သူတွေဟာ အကြမ်းဖက်စစ်ခွေးတွေရဲ့ ရွာတွေကိုမီးရှို့မှုတွေ လူတွေကိုဖမ်းဆီးသက်မှုတွေကြောင့် ညအချိန်ကြီး စစ်ရှောင်နေကြသောမြင်ကွင်းပါ" ဟု 96 Soldiers -PDF အညာဒေသတပ်ခွဲက ရုပ်သံနှင့်တကွ အသိပေးထားသည်။ ယခုရက်ပိုင်း စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း၊ ဝက်လပ်မြို့နယ်မှာ ထိုးစစ်ဆင်နေပြီး နေသခံ PDF တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနေကြောင်း၊ စစ်ကောင်စီတပ်စစ်ကြောင်းက ကျေးရွာများကို ဝင်စီးကာ နေအိမ် အဆောက်အဦများကို မီးရှို့ပြီး တွေ့ရှိပြီး ဖမ်းဆီးရမိသည့် ပြည်သူများကို သတ်ဖြတ်နေကြောင်း…
Read More
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ (၁၅၅) ဦး သေဆုံးခဲ့ရ 

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ (၁၅၅) ဦး သေဆုံးခဲ့ရ 

RNA_နိုဝင်ဘာ(၁၅)၊၂၀၂၂ခုနှစ်။ ၂၀၂၁ ခုနှစ်၊အောက်တို ဘာလ (၁)ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့အထိ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုကြောင့် အမျိုးသမီး၊ ကလေးအပါအဝင် အပြစ်မဲ့ပြည်သူ (၁၅၅) ဦး သေဆုံးခဲ့ရပြီး (၁၈၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ထားသည်။ (more…)
Read More
စစ်ကောင်စီတပ်က ပြည်သူများကို သတ်ဖြတ်ပြီး ကျေးရွာကို မီးလောင်တိုက်သွင်း

စစ်ကောင်စီတပ်က ပြည်သူများကို သတ်ဖြတ်ပြီး ကျေးရွာကို မီးလောင်တိုက်သွင်း

RNA_နိုဝင်ဘာ(၁၅)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထန်းကြီးကျေးရွာကိုဝင်စီးစဉ် ပြည်သူများကို သတ်ဖြတ်ပြီး လေဖြတ်နေသည့် ပြည်သူတဦးနှင့် ကျေးရွာကို မီးရှို့သွားကြောင်း သိရသည်။ ဝက်လက်မြို့နယ် တောင်ဘက်ခြမ်း ကျေးရွာများအတွင်း ယခုရက်ပိုင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသည့်အတွက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တချို့နှင့် တိုက်ပွဲဖြစ်ပွားကြောင်း၊ နိုဝင်ဘာလ (၁၃) ရက်နေ့က ထန်းကြီးကျေးရွာဝင်စီးစဉ် ဒေသခံပြည်သူ အနည်းဆုံး (၅) ဦးကို သတ်ဖြတ်ပြီး ကျေးရွာကို မီးရှို့သွားခဲ့သည်။ (more…)
Read More
နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က (၂) ယောက်သေ၊ ရဲဘော် (၅) ဦးဖမ်းဆီးခံရ

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က (၂) ယောက်သေ၊ ရဲဘော် (၅) ဦးဖမ်းဆီးခံရ

RNA_နိုဝင်ဘာ(၁၅)၊၂၀၂၂ ခုနှစ်။   မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဇေယျာ (၃) နယ်မြေအတွင်း စစ်ကောင်စီတပ် အင်အားအများအပြားနှင့် မော်လမြိုင်အခြေစိိုက် အထူးမြေအောက်လှုပ်ရှားမှုအင်အားစု - SUMF ရဲဘော် (၅) ဦးတို့ အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က (၂) ဦးသေဆုံးပြီး ရဲဘော် (၅) ဦး ဖမ်းဆီးခံလိုက်ရသည်။   မော်လမြိုင်မြို့၊ ဇေယျာ (၃) နယ်မြေအတွင်း ယမန်နေ့ ( နိုဝင်ဘာ ၁၄ ရက်) ညနေ ၅ နာရီ ၃၀ မိနစ် ဝန်းကျင် Special Underground Movement Force - အထူးမြေအောက်လှုပ်ရှားမှုအင်အားစု ရဲဘော် (၅) ဦးကို…
Read More
“တော်လှန်ရေးမှာလည်း အကြည်ဓာတ် လိုတယ်”

“တော်လှန်ရေးမှာလည်း အကြည်ဓာတ် လိုတယ်”

“ ပျော်စရာရှိရင်လည်း ပျော်ပါ... ပျော်ရင်းနဲ့ပဲ သတိလေးထားပြီး... အပျော်မလွန်ပဲ တော်လှန်ရေး ဆက်လုပ်ပါ။ ဝမ်းနည်းစရာ ရှိရင်လည်း ငိုပါ...ငိုရင်းနဲ့ပဲ သတိလေးထားပြီး... တော်လှန်ရေးရဲ့ ပန်းတိုင်ကိုဆက်လျှောက်ပါ” ချစ်ဝင်းမောင် အကြည်ဓာတ်လေး...ဆိုတဲ့ စကားကို လူအတော်များများက ပြောဆို သုံးစွဲလာတာ သတိထားမိပါတယ်။ လူတစ်ယောက်ရဲ့ အကြည်ဓာတ်ဆိုတာက ဘယ်နေရာမှာ ဖြစ်နိုင်ပါသလဲ။ နှစ်ပိုင်းရှိမယ်တော့ ထင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အကြည်ဓာတ်နဲ့ စိတ်ပိုင်းဆိုင်ရာ အကြည်ဓာတ်လို့ သရုပ်ခွဲလို့ ရနိုင်ပါတယ်။ ရုပ်ကို ကြည်အောင် ခေတ်မီ အလှပြင်ပစ္စည်းတွေ၊ နည်းပညာတွေနဲ့ ပြင်ဆင်လို့ ရနိုင်ပါတယ်။ စိတ်ကို ကြည်အောင်တော့ဖြင့် ပြင်ပ အကူအညီ တစ်ခုတည်းနဲ့တင် ပြင်ဆင်လို့မရနိုင်ပါဘူး။ နဂို ပကတိစိတ်ကကို ကြည်လင်နေမယ်၊ ကြည်လင်စေနိုင်တဲ့…
Read More
“ဂျပု ဂျပု အို့ …အို့” လှုပ်ရှားမှု ရန်ကုန်မှာပြုလုပ်

“ဂျပု ဂျပု အို့ …အို့” လှုပ်ရှားမှု ရန်ကုန်မှာပြုလုပ်

RNA_နိုဝင်ဘာ(၁၄)၊၂၀၂၂ခုနှစ်။ အကြမ်းဖက်အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရည်ရွယ်ပြီး " ခွေးပု"၊"ဂျပု ဂျပု အို့ ...အို့" စသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး စာသားပါ စကေကာများကပ်ကာ ယနေ့ ရန်ကုန်မြို့အတွင်း Shwe Pyi Thar Strike Committee(SPTSC)က စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်‌ခဲ့ကြောင်း ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
စစ်ဘေးရှောင်များခိုလှုံနေသည့် ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်

စစ်ဘေးရှောင်များခိုလှုံနေသည့် ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်

RNA_နိုဝင်ဘာ(၁၄)၊၂၀၂၂ ခုနှစ်။   စစ်ဘေးရှောင်များ ခိုလှုံနေမှန်းသိနေသည့် ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းဆွတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း စစ်ကောင်စီတပ်က ယမန်နေ့ (နိုဝင်ဘာ ၁၃ ရက်) နံနက် ၈ နာရီဝန်းကျင်က လက်နက်ကြီးပစ်ခတ်သည့်အတွက် စစ်ဘေးရှောင်အမျိုးသမီး ၂ ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။   ကရင်နီပြည်တွင်း စစ်ကောင်စီတပ်သည် စစ်ဘေးရှောင်များခိုလှုံနေသည့် ခရစ်ယာန်ဘုရားကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းများ၊ ဒုက္ခသည်စခန်းနှင့် ကျေးရွာများအတွင်း ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ပြုလုပ်နေသည်။   ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့အထိ ကရင်နီပြည်တွင် စစ်ကောင်စီတပ်က အရပ်သားပြည်သူ (၂၈၂) ဦးနှင့် စစ်ဘေးရှောင်သေဆုံးမှု (၉၇)…
Read More
ကျေးရွာမီးရှို့သည့် စကစ တပ်ဖွဲ့ တိုက်ခိုက်ခံရ

ကျေးရွာမီးရှို့သည့် စကစ တပ်ဖွဲ့ တိုက်ခိုက်ခံရ

စစ်ကောင်စီတပ်ကို ဝက်လက်ဗိုလ်ကျားကြီးအဖွဲ့နှင့်မဟာမိတ်များတိုက်ခိုက် RNA_နိုဝင်ဘာ(၁၃)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထန်းကြီးကျေးရွာကို မီးရှို့ပြီး ထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ယနေ့ နေ့လည် ၁ နာရီဝန်းကျင်က ကျောင်းဖြူရွာအနီးတွင် ဝက်လက်ဗိုလ်ကျားကြီးအဖွဲ့နှင့်မဟာမိတ်ရဲဘော်များက တိုက်ခိုက်ခဲ့ကြကြောင်း Bo Tiger အဖွဲ့က ရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။ Red News Agency
Read More
ဒီသေနတ်ကို ယူလာခဲ့တာ ဆုကြေးငွေလိုချင်လို့ မဟုတ်ပါဘူး

ဒီသေနတ်ကို ယူလာခဲ့တာ ဆုကြေးငွေလိုချင်လို့ မဟုတ်ပါဘူး

ရေငတ်တဲ့ဒဏ် မခံနိုင်တော့ သူငယ်ချင်း ၂ ယောက် ​ရေရှာခပ်တော့ မိုင်းထိပြီး သူငယ်ချင်းက ဆုံးသွားတယ်။ ကျနော်က ဒဏ်ရာရသွားတယ် CDM တပ်သားတစ်ဦး သူငယ်ချင်း ၂ ယောက် CDM ဝင်ဖို့ ကြိုးစားခဲ့တာ ကြာခဲ့ပြီ။ CDM ကူညီရေး အဖွဲ့တွေထဲက တစ်ခုဖြစ်တဲ့ မေမေ့ရင်ခွင် အဖွဲ့နဲ့ ချိတ်ဆက်ခဲ့တယ်။ ချက်ခြင်းပဲ ထွက်လာလို့ရတယ်ဆိုပြီး လက်ခံပြီး ကမ်းကူခပါ အကူညီပေးမယ်လို့ ကြိုဆိုခဲ့ပေမယ် ကိုယ်လက်ထဲ ငွေလေးလည်း ဆောင်ထားချင်လို့ လစာလေးထုတ်ပြီးမှ ထွက်ခဲ့မယ်လို့ အကြောင်းပြန်ခဲ့တယ်။ လစာ မထုတ်ခင် ရှေ့တန်းကို ပါသွားတယ်။  ရှေ့တန်းမှာ ရိက္ခာမလောက် သောက်စရာရေ မရှိနဲ့ ရှေ့တန်း ကာကင်းကုန်းကို အပို့ခံရတယ်။…
Read More