နွေဦးတော်လှန်ရေး

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က (၂) ယောက်သေ၊ ရဲဘော် (၅) ဦးဖမ်းဆီးခံရ

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က (၂) ယောက်သေ၊ ရဲဘော် (၅) ဦးဖမ်းဆီးခံရ

RNA_နိုဝင်ဘာ(၁၅)၊၂၀၂၂ ခုနှစ်။   မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဇေယျာ (၃) နယ်မြေအတွင်း စစ်ကောင်စီတပ် အင်အားအများအပြားနှင့် မော်လမြိုင်အခြေစိိုက် အထူးမြေအောက်လှုပ်ရှားမှုအင်အားစု - SUMF ရဲဘော် (၅) ဦးတို့ အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က (၂) ဦးသေဆုံးပြီး ရဲဘော် (၅) ဦး ဖမ်းဆီးခံလိုက်ရသည်။   မော်လမြိုင်မြို့၊ ဇေယျာ (၃) နယ်မြေအတွင်း ယမန်နေ့ ( နိုဝင်ဘာ ၁၄ ရက်) ညနေ ၅ နာရီ ၃၀ မိနစ် ဝန်းကျင် Special Underground Movement Force - အထူးမြေအောက်လှုပ်ရှားမှုအင်အားစု ရဲဘော် (၅) ဦးကို…
Read More
“တော်လှန်ရေးမှာလည်း အကြည်ဓာတ် လိုတယ်”

“တော်လှန်ရေးမှာလည်း အကြည်ဓာတ် လိုတယ်”

“ ပျော်စရာရှိရင်လည်း ပျော်ပါ... ပျော်ရင်းနဲ့ပဲ သတိလေးထားပြီး... အပျော်မလွန်ပဲ တော်လှန်ရေး ဆက်လုပ်ပါ။ ဝမ်းနည်းစရာ ရှိရင်လည်း ငိုပါ...ငိုရင်းနဲ့ပဲ သတိလေးထားပြီး... တော်လှန်ရေးရဲ့ ပန်းတိုင်ကိုဆက်လျှောက်ပါ” ချစ်ဝင်းမောင် အကြည်ဓာတ်လေး...ဆိုတဲ့ စကားကို လူအတော်များများက ပြောဆို သုံးစွဲလာတာ သတိထားမိပါတယ်။ လူတစ်ယောက်ရဲ့ အကြည်ဓာတ်ဆိုတာက ဘယ်နေရာမှာ ဖြစ်နိုင်ပါသလဲ။ နှစ်ပိုင်းရှိမယ်တော့ ထင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အကြည်ဓာတ်နဲ့ စိတ်ပိုင်းဆိုင်ရာ အကြည်ဓာတ်လို့ သရုပ်ခွဲလို့ ရနိုင်ပါတယ်။ ရုပ်ကို ကြည်အောင် ခေတ်မီ အလှပြင်ပစ္စည်းတွေ၊ နည်းပညာတွေနဲ့ ပြင်ဆင်လို့ ရနိုင်ပါတယ်။ စိတ်ကို ကြည်အောင်တော့ဖြင့် ပြင်ပ အကူအညီ တစ်ခုတည်းနဲ့တင် ပြင်ဆင်လို့မရနိုင်ပါဘူး။ နဂို ပကတိစိတ်ကကို ကြည်လင်နေမယ်၊ ကြည်လင်စေနိုင်တဲ့…
Read More
“ဂျပု ဂျပု အို့ …အို့” လှုပ်ရှားမှု ရန်ကုန်မှာပြုလုပ်

“ဂျပု ဂျပု အို့ …အို့” လှုပ်ရှားမှု ရန်ကုန်မှာပြုလုပ်

RNA_နိုဝင်ဘာ(၁၄)၊၂၀၂၂ခုနှစ်။ အကြမ်းဖက်အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရည်ရွယ်ပြီး " ခွေးပု"၊"ဂျပု ဂျပု အို့ ...အို့" စသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး စာသားပါ စကေကာများကပ်ကာ ယနေ့ ရန်ကုန်မြို့အတွင်း Shwe Pyi Thar Strike Committee(SPTSC)က စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်‌ခဲ့ကြောင်း ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
စစ်ဘေးရှောင်များခိုလှုံနေသည့် ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်

စစ်ဘေးရှောင်များခိုလှုံနေသည့် ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်

RNA_နိုဝင်ဘာ(၁၄)၊၂၀၂၂ ခုနှစ်။   စစ်ဘေးရှောင်များ ခိုလှုံနေမှန်းသိနေသည့် ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းဆွတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း စစ်ကောင်စီတပ်က ယမန်နေ့ (နိုဝင်ဘာ ၁၃ ရက်) နံနက် ၈ နာရီဝန်းကျင်က လက်နက်ကြီးပစ်ခတ်သည့်အတွက် စစ်ဘေးရှောင်အမျိုးသမီး ၂ ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။   ကရင်နီပြည်တွင်း စစ်ကောင်စီတပ်သည် စစ်ဘေးရှောင်များခိုလှုံနေသည့် ခရစ်ယာန်ဘုရားကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းများ၊ ဒုက္ခသည်စခန်းနှင့် ကျေးရွာများအတွင်း ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ပြုလုပ်နေသည်။   ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့အထိ ကရင်နီပြည်တွင် စစ်ကောင်စီတပ်က အရပ်သားပြည်သူ (၂၈၂) ဦးနှင့် စစ်ဘေးရှောင်သေဆုံးမှု (၉၇)…
Read More
ကျေးရွာမီးရှို့သည့် စကစ တပ်ဖွဲ့ တိုက်ခိုက်ခံရ

ကျေးရွာမီးရှို့သည့် စကစ တပ်ဖွဲ့ တိုက်ခိုက်ခံရ

စစ်ကောင်စီတပ်ကို ဝက်လက်ဗိုလ်ကျားကြီးအဖွဲ့နှင့်မဟာမိတ်များတိုက်ခိုက် RNA_နိုဝင်ဘာ(၁၃)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထန်းကြီးကျေးရွာကို မီးရှို့ပြီး ထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ယနေ့ နေ့လည် ၁ နာရီဝန်းကျင်က ကျောင်းဖြူရွာအနီးတွင် ဝက်လက်ဗိုလ်ကျားကြီးအဖွဲ့နှင့်မဟာမိတ်ရဲဘော်များက တိုက်ခိုက်ခဲ့ကြကြောင်း Bo Tiger အဖွဲ့က ရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။ Red News Agency
Read More
ဒီသေနတ်ကို ယူလာခဲ့တာ ဆုကြေးငွေလိုချင်လို့ မဟုတ်ပါဘူး

ဒီသေနတ်ကို ယူလာခဲ့တာ ဆုကြေးငွေလိုချင်လို့ မဟုတ်ပါဘူး

ရေငတ်တဲ့ဒဏ် မခံနိုင်တော့ သူငယ်ချင်း ၂ ယောက် ​ရေရှာခပ်တော့ မိုင်းထိပြီး သူငယ်ချင်းက ဆုံးသွားတယ်။ ကျနော်က ဒဏ်ရာရသွားတယ် CDM တပ်သားတစ်ဦး သူငယ်ချင်း ၂ ယောက် CDM ဝင်ဖို့ ကြိုးစားခဲ့တာ ကြာခဲ့ပြီ။ CDM ကူညီရေး အဖွဲ့တွေထဲက တစ်ခုဖြစ်တဲ့ မေမေ့ရင်ခွင် အဖွဲ့နဲ့ ချိတ်ဆက်ခဲ့တယ်။ ချက်ခြင်းပဲ ထွက်လာလို့ရတယ်ဆိုပြီး လက်ခံပြီး ကမ်းကူခပါ အကူညီပေးမယ်လို့ ကြိုဆိုခဲ့ပေမယ် ကိုယ်လက်ထဲ ငွေလေးလည်း ဆောင်ထားချင်လို့ လစာလေးထုတ်ပြီးမှ ထွက်ခဲ့မယ်လို့ အကြောင်းပြန်ခဲ့တယ်။ လစာ မထုတ်ခင် ရှေ့တန်းကို ပါသွားတယ်။  ရှေ့တန်းမှာ ရိက္ခာမလောက် သောက်စရာရေ မရှိနဲ့ ရှေ့တန်း ကာကင်းကုန်းကို အပို့ခံရတယ်။…
Read More
“တော်လှန်ရေးက အောင်ကိုယ်အောင်မှာပါ”

“တော်လှန်ရေးက အောင်ကိုယ်အောင်မှာပါ”

ပြည်သူ PDF NUG လက်တွဲညီညီလှုပ်ရှားနေသည့်အတွက် တော်လှန်ရေးက အောင်ကိုယ် အောင်မည် RNA_နိုဝင်ဘာ(၅)၊၂၀၂၂ ခုနှစ်။   “ တော်လှန်ရေးက အောင်ကိုအောင်မှာပါ၊ ဘာလို့လည်းဆိုတော့ အခုချိန်ထိ ပြည်သူတွေနဲ့ PDF တွေ NUG တို့ဟာ အားလုံးက လက်တွဲညီညီ လှုပ်ရှားနေတာဖြစ်တဲ့အတွက် တနေ့တလံ ပုဂံဘယ်ရွေ့မလဲဗျာ၊ ဘယ်လိုပဲနေနေ အောင်မြင်မှုကတော့ ရကိုယ်ရမှာဖြစ်ပါတယ်၊ အဲဒီ ဖက်ဒရယ်ဒီမိုကရေစီ အောင်မြင်မှုကြီးရသည့်တိုင်အောင် အားလုံး ယုံကြည်ချက်မပျက်ပဲနဲ့ လက်တွဲမှုဖြုတ်ဘဲနဲ့ ဆက်လက်ယုံကြည်ပြီးတော့ လုပ်ဆောင်ပေးဖို့လည်း လိုအပ်ပါတယ်”ဟု လူငယ်သူရဲကောင်းတပ် - YRF မှရဲဘော် ဖီးနစ်က ပြောကြားထားသည်။   စစ်ကိုင်းတိုင်း၊ ယင်းမာပင်အခြေစိုက် လူငယ်သူရဲကောင်းတပ်မှ ရဲဘော်ဖီးနစ်ကစစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က တော်လှန်ရေးအခြေအနေများ၊…
Read More
မြဝတီမင်းကြီးဆရာတော်၏ အန္တိမအဂ္ဂိဈာပန အခမ်းအနား မြင်ကွင်း 

မြဝတီမင်းကြီးဆရာတော်၏ အန္တိမအဂ္ဂိဈာပန အခမ်းအနား မြင်ကွင်း 

RNA_အောက်တိုဘာ(၃၁)၊၂၀၂၂ခုနှစ်။ မြဝတီမင်းကြီးဆရာတော် ဘဒ္ဒန္တအရိယာဘိဝံသ သည် ထိုင်းနိုင်ငံမဲဆောက်မြို့၌ အောက်တိုဘာလ (၂၇) ရက်နေ့ ည ၁၀ နာရီ ကျော်ခန့်တွင်နှလုံးရောဂါဖြင့် ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး ယနေ့ နေ့လည် ၁ နာရီမှ ၃ နာရီအထိ အန္တိမအဂ္ဂိဈာပနအခမ်းအနားကို ထိုင်း မြန်မာနယ်စပ် တစ်နေရာတွင် ပြုလုပ်ခဲ့သည်။ Red News Agency
Read More
ပထမဆုံး လွတ်မြောက်နယ်မြေဖြစ်လာမည့် အညာ

ပထမဆုံး လွတ်မြောက်နယ်မြေဖြစ်လာမည့် အညာ

"အညာဒေသဟာ ပထမဆုံး လွတ်မြောက်နယ်မြေဖြစ်လာမယ်ဆိုတာ ကောလဟလမဟုတ်ဘူး တစ်ကယ်ပါ"    RNA_အောက်တိုဘာ(၂၈)၊၂၀၂၂ ခုနှစ်။   " လောလောဆယ် ကျွန်တော်တို့ လက်နက်ကိုင်တွေ စိုးမိုးထားတဲ့အခြေအနေက ကျေးရွာတွေအားလုံးကို အညာဒေသတွင်းမှာရှိတဲ့ ကျေးရွာတွေ အားလုံးနီးပါးကို ထိန်းချုပ်ထားနိုင်ပြီ PDF တွေစိုးမိုးထားနိုင်ပြီ၊ ကျေးရွာတွေရဲ့ နောက်တဆင့်ဖြစ်တဲ့ တိုက်နယ်တွေပေါ့နော် ကျေးရွာတွေစုပေါင်းထားတဲ့တိုက်နယ်တွေ အဲတိုက်နယ်တွေလည်း စိုးမိုးထားနိုင်ပြီ၊ တိုက်နယ်ကနေတဆင့် မြို့တွေပေါ့နော် အဲဒီမြို့တွေ အကုန်လုံးနီးပါးကို အဲဒီ မြို့တကွက်လေးပေါ့ဗျာ မြို့တကွက်လေး ကွက်ကွက်လေးတခုသာပဲ ဒီကောင်တွေက ထိုင်နိုင်တယ်၊ ကျန်တဲ့ဟာ သူတို့ မထိုင်နိုင်တော့ပါဘူး" ဟု စသဖြင့် 96 Solders - PDF တာဝန်ခံ ကိုဇေယျာလွင်က Red News…
Read More
လေကြောင်းကာကွယ်ရေးလက်နက် ဖြန့်ကျက်တပ်ဆင်ဖို့ ကန့်အသတ်ရှိဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြော 

လေကြောင်းကာကွယ်ရေးလက်နက် ဖြန့်ကျက်တပ်ဆင်ဖို့ ကန့်အသတ်ရှိဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြော 

RNA_အောက်တိုဘာ(၂၇)၊၂၀၂၂ခုနှစ်။ လေကြောင်းကာကွယ်ရေးလက်နက် (MANPADS) အလုံ အလောက်ဖြန့်ကျက်တပ်ဆင်နိုင်ရန် အကန့်အသတ်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးရည်မွန်က ပြောသည်။ PDF ရဲဘော်များသို့ ပြောကြားသည့် ရေဒီယို NUG အသံလွှင့်အစီအစဉ်တွင် ဦးရည်မွန်က ပြောကြားထားခြင်းဖြစ်သည်။ " လေကြောင်းကာကွယ်ရေးလက်နက် (MANPADS) အသုံးပြုတယ်ဆိုတာ နည်းလမ်းတစ်ခုပဲ ဖြစ်တယ်။ ဒီလက်နက်က တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ကြပ်မတ်ထားတာ ဖြစ်တဲ့အတွက် ပစ္စည်းရဖို့ အချိန်ယူကြိုးစားရသလို အလုံအလောက်ဖြန့်ကျက်တပ်ဆင်နိုင်ဖို့ ဆိုတာလည်း အကန့်အသတ်ရှိတယ်။ ဒါကြောင့် ငါတို့ ဥာဏ်သုံးပြီး ရန်သူ့လေကြောင်းဟန့်တားနိုင်မယ့်နည်းလမ်းသစ်တွေ ရှာရလိမ့်မယ်။နည်းဗျုဟာပိုင်းဆိုင်ရာ လိုအပ်တဲ့အပြောင်းအလဲနဲ့အသင့်အနေအထား ပြင်ဆင်မှုတွေ ဆောင်ရွက်ကြဖို့ လိုအပ်မှာ ဖြစ်တယ်" ဟု ဦးရည်မွန်က ပြောသည်။ (more…)
Read More