Red News Agency

Independent Journalism for Justice and Human Rights.

Tag: နွေဦးတော်လှန်ရေး

  • မြောက်ဥက္ကလာပမြို့နယ် ဗကသများအဖွဲ့ချုပ်မှ ရဲဘော်ကိုကောင်းဆက်ပိုင် သေဒဏ်ချမှတ်ခံရ

    မြောက်ဥက္ကလာပမြို့နယ် ဗကသများအဖွဲ့ချုပ်မှ ရဲဘော်ကိုကောင်းဆက်ပိုင် သေဒဏ်ချမှတ်ခံရ

    RNA_ဧပြီ(၂၉)၊၂၀၂၃ ခုနှစ်။

    မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၏ မြေပြင်ရေးရာတာဝန်ခံရဲဘော် ကိုကောင်းဆက်ပိုင်အား အကြမ်းဖက် စစ်ကောင်စီတပ် လက်အောက်ခံ တရားရုံးမှ ဧပြီလ (၂၅) ရက်နေ့က သေဒဏ်ချမှတ် ခံခဲ့ရကြောင်း သိရသည်။

    ရဲဘော် ကိုကောင်းဆက်ပိုင်အား မတ်လ ၂၂ ရက်နေ့က အင်းစိန်ထောင်တွင်း စစ်ခုံရုံးမှ ပုဒ်မ ၅၀၅ (က)၊ ၅၀ (ည) တို့ဖြင့် တသက်တကျွန်း အမိန့်ချမှတ်ထားကြောင်း၊ ဧပြီ ၂၅ ရက််နေ့မှာ ပုဒ်မ ၅၀ စျ၊ ၄၉ က တို့ဖြင့် သေဒဏ်အမိန့် ထပ်တိုးချမှတ်လိုက်ကြောင်း သိရသည်။

    (more…)

  • ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်မှ (၂)နှစ်အတွင်း စစ်ကောင်စီတပ်သား (၄၅၀) ကျော်အားရှင်းလင်းနိုင်ခဲ့

    ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်မှ (၂)နှစ်အတွင်း စစ်ကောင်စီတပ်သား (၄၅၀) ကျော်အားရှင်းလင်းနိုင်ခဲ့

    RNA_ဧပြီ(၂၄)၊၂၀၂၃ ခုနှစ်။
     
    ချင်းပြည်နယ်၊ မင်းတပ်အခြေစိုက်၊ ချင်းကာကွယ်ရေးတပ်-မင်းတပ် (CDF-Mindat) ရဲဘော်များမှ (၂) နှစ်အတွင်း အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ (၄၅၀) ကျော်အား ရှင်းလင်းနိုင်ခဲ့ပြီး၊ တိုက်ပွဲများအတွင်း CDF-Mindat ရဲဘော် (၅၅) ဦးကျဆုံးခဲ့ရကြောင်း သိရသည်။
     
    မင်းတပ်ပြည်သူများသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့မှစတင်ကာ အကြမ်းမဖက်သောနည်းဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြောင်း၊ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံများသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၂၄) ရက်နေ့က မင်းတပ်မြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ လူမဲ့သပိတ်ပြုလုပ်နေသည့် ပြည်သူ (၇)ဦးအား ဖမ်းဆီးခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့မှစပြီး မင်းတပ်ပြည်သူများသည် ရရာလက်နက်ဆွဲကိုင်ပြီး ခုခံတော်လှန်ခဲ့သည်မှာ ယနေ့ ( ဧပြီလ ၂၄ ရက်) သည် (၂)နှစ်ပြည့်မြောက်ပြီဖြစ်ကြောင်း CDF-Mindat ယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • အင်းစိန် CID ရုံးဝန်းအနီး အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

    အင်းစိန် CID ရုံးဝန်းအနီး အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

    RNA_ဧပြီ(၂၄)၊၂၀၂၃ ခုနှစ်။
    ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန် CID ရုံးဝန်းအနီး အဝေးထိန်းမိုင်းဖြင့် ဧပြီလ ၂၃ ရက်နေ့ ည ၁၁ နာရီ ဝန်းကျင်က ဖောက်ခွဲတိုက်ခိုက်ခံရကြောင်း သိရသည်။
    “၂၃.၄.၂၀၂၃ (တနင်္ဂနွနေ့) ည ၁၀ နာရီ ၄၂ မိနစ်နှင့် ၁၀ နာရီ ၄၇ မိနစ်တွင် အင်းစိန် CID ရုံးကို အဝေးထိန်း မိုင်းနှစ်လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသည်။ ထပ်မံ၍ ယင်းနေရာအနီး ရန်သူ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ပိတ်ဆို့စစ်ဆေး‌နေချိန် ၁၁နာရီ ၄၂ မိနစ်တွင် ဖျက်အားပြင်း အဝေးထိန်းမိုင်း ၄ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရန်သူ့တပ်သားအများအပြား ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးအ‌ရေအတွက်များနိုင်ကြောင်း သိရပါသည်” Yangon Urban Guerrilla Army ကကြေညာထားသည်။

    (more…)

  • စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲမှု ပြုလုပ်ခဲ့သည့် ဒေါတမကြီး တိုက်နယ်ဆေးရုံ မြင်ကွင်း

    စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲမှု ပြုလုပ်ခဲ့သည့် ဒေါတမကြီး တိုက်နယ်ဆေးရုံ မြင်ကွင်း

    RNA_ဧပြီ(၂၄)၊၂၀၂၃ ခုနှစ်။
     
    ကရင်နီပြည် (ကယား)နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာရှိ တိုက်နယ်ဆေးရုံကို စစ်ကောင်စီတပ် လေကြောင်းမှ ၂၀၂၃ ခုနှစ် မတ်လ ၂၄ ရက်နေ့က ဗုံးကြဲခဲ့သည့်အတွက် ဆေးရုံတခုလုံး ပျက်စီးသွားသည့်မြင်ကွင်းကို ဖော်ပြလိုက်ပါသည်။
    [embedyt] https://www.youtube.com/watch?v=iK_o-i7VmjQ[/embedyt]
     
    #RedNewsAgency

  • စစ်ကောင်စီတပ် ခလရ (၁၄၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်း သေဆုံး 

    စစ်ကောင်စီတပ် ခလရ (၁၄၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်း သေဆုံး 

    RNA_ဧပြီ( ၂၃)၊၂၀၂၃ ခုနှစ်။

    ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ် နယ်စပ်ဒေသရှိ ခလရ (၁၄၇) စခန်းကုန်းကို ဧပြီလ (၂၂) ရက်နေ့ နံနက် (၃)နာရီခန့်တွင် မန္တလေး PDF ရဲဘော်များ တိုက်ခိုက်မှုအပြီး တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်းရောက်ရှိလာချိန် ကားရပ်မပေးသည့်အတွက် ပစ်ခတ်ရာ သေဆုံးသွားကြောင်း သိရသည်။

     

    “မိမိတို့တပ်ဖွဲ့များ အခြေပြုနေရာ ယူထားရာ နေရာသို့ အိမ်စီးကား(၂) စီး ရောက်ရှိလာရာ အိမ်စီးကားပေါ်တွင် ရန်သူ့တပ် ယူနီဖောင်းဝတ်တဦး ပါလာသဖြင့် တားမြစ်စစ်ဆေးရာ မရပ်ပေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သည်။ Toyota Corolla အိမ်စီးကားတစီး ရပ်တန့်သွားပြီး ကားပေါ်မှ ခလရ(၁၄၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်းအား သက်သေ ခံပစ္စည်းများ နှင့်တကွ အသေဖမ်းဆီးရရှိခဲ့သည်” ဟု NUG ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

    (more…)

  • ခရမ်း PDF ရဲဘော် (၆) ဦး ဖမ်းဆီးခံရပြီးနောက် ကွင်းဆက်များ သတိထားရန် အထူးသတိပေး

    ခရမ်း PDF ရဲဘော် (၆) ဦး ဖမ်းဆီးခံရပြီးနောက် ကွင်းဆက်များ သတိထားရန် အထူးသတိပေး

    RNA_ဧပြီ(၂၃)၊၂၀၂၃ ခုနှစ်။

    ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF – Khayan) ရဲဘော် (၆) ဦး ဧပြီလ (၂၂) ရက်နေ့က စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရပြီးနောက် ကွင်းဆက်များလိုက်ကာ ဖမ်းဆီးရန် လုပ်ဆောင်နေကြောင်း သိရသည်။

    “ရဲဘော်ခြောက်ဦးသည် (၂၂.၄.၂၀၂၃) ရက်နေ့တွင် မတော်တဆ အကြမ်းဖက်စစ်ကောင်စီလက်သို့ ဖမ်းဆီးခံခဲ့ရပါသည်။ စစ်ကောင်စီသည် ၎င်းတို့ကို ဖမ်းဆီးနှိပ်စက်၍ ကွင်းဆက်များကိုလိုက်ဖမ်းဆီးမှုများ၊ မြို့နေပြည်သူများကို ဖမ်းဆီးခြင်းများ ဆက်တိုက်ပြုလုပ်လျက်ရှိပါသည်။ ရဲဘော်များ၏ဖုန်းများဖြင့် ဆက်သွယ်ခြင်းများကိုလည်း ပြုလုပ်လျက်ရှိပါသည်” ဟု PDF – Khayan မှ ယနေ့ အရေးပေါ် ထုတ်ပြန်ကြေညာထားသည်။

    (more…)

  • KTV သွားသည့် စစ်ကောင်စီတပ်ဗိုလ်မှူးဇော်မောင် အပါအဝင် (၃) ဦး ပစ်သတ်ခံရ

    KTV သွားသည့် စစ်ကောင်စီတပ်ဗိုလ်မှူးဇော်မောင် အပါအဝင် (၃) ဦး ပစ်သတ်ခံရ

    RNA_ဖားကန့်၊ ဧပြီ(၂၃)ရက်၊ ၂၀၂၃ ခုနှစ်။

    ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်ရှိ၊ Happy KTV သွားသည့် စစ်ကောင်စီ တပ်မ (၃၃) လက်အောက်ခံ တပ်ရင်း (၁၃)၊ လုံးခင်းလယ်ပြင် ယမ်းချက်စက်ရုံမှ 2IC DSA (၄၇) ဗိုလ်မှူးဇော်မောင်အပါအဝင် (၃) ဦး ယနေ့နံနက်ပိုင်းက ပစ်ခတ်ခံရကာ သေဆုံးသွားကြောင်း သိရသည်။

    Happy KTV တွင် ဗိုလ်မှူး ဇော်မောင်၊ လုံးခင်းကျေးရွာမှ ကျောက်လုပ်ငန်းရှင် ဦးဘတုတ်နှင့် အမျိုးသမီးတဦးတို့ ပစ်ခတ်ခံရပြီး နေရာတွင် သေဆုံးသွားကြောင်း၊ ဒဏ်ရာရရှိခဲ့သည့် ကျောက်လုပ်ငန်းရှင် ဦးကျော်စိုးနှင့် ဦးတင်မောင်လတ်တို့ကို မြစ်ကြီးနားဆေးရုံသို့ လွှဲပြောင်းကာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။

    (more…)

  • KNLA နှင့် မဟာမိတ်များ စစ်ကောင်စီတပ်စခန်း (၄) ခုကို တိုက်ခိုက်စဉ် ဒုတပ်ရင်းမှူးအပါအဝင် (၁၆) ဦးသေဆုံး

    KNLA နှင့် မဟာမိတ်များ စစ်ကောင်စီတပ်စခန်း (၄) ခုကို တိုက်ခိုက်စဉ် ဒုတပ်ရင်းမှူးအပါအဝင် (၁၆) ဦးသေဆုံး

    RNA_ဧပြီ(၂၃)၊၂၀၂၃ ခုနှစ်။

    ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၃) တပ်ပေါင်းစုမှ ဧပြီလ (၂၂) ရက်နေ့က စစ်ကောင်စီတပ်စခန်း (၄) ခုကို တပြိုင်တည်း တိုက်ခိုက်စဉ် စခန်း(၂) ခုအ တိုက်ခိုက် ချေမှုန်းဖျက်ဆီးနိုင်ခဲ့ပြီး စစ်ကောင်စီတပ်မှလဒုတပ်ရင်းမှူးအပါအဝင် ( ၁၆) ဦးသေဆုံးကာ (၁၇) ဦးဒဏ်ရာရရှိသွားသည်ဟု KNU ဗဟိုက ယနေ့ ထုတ်ပြန်ထားသည်။

    စစ်ကောင်စီတပ်မှ အထိုင်ချစခန်းများဖြစ်သည့် ကေအဲန်ယူ-မူးမြို့နယ်ရှိ နောင်ကုန်းစခန်း၊ ရန်မျိုးအောင်စခန်းစခန်းတို့ကို တိုက်ခိုက်ခဲ့သော်လည်း မပြီးတိုင်မချေမှုန်း နိုင်ခဲ့ကြောင်း၊ ကေအဲန်ယူ-လယ်ဒိုမြို့နယ်ရှိ ညောင်ကုန်းစခန်းနှင့် ကျွန်းကုန်း စခန်းတို့ကို အပြီးတိုင်ချေမှုန်းနှိုင်ပြီး လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

    (more…)

  • မိုင်းဘုန်းဆရာတော် မိုင်းလုံမြို့သို့သွားစဉ် PDF (မန္တလေး) မှ လုံခြုံရေးယူပေးခဲ့ 

    မိုင်းဘုန်းဆရာတော် မိုင်းလုံမြို့သို့သွားစဉ် PDF (မန္တလေး) မှ လုံခြုံရေးယူပေးခဲ့ 

    RNA_ဧပြီ(၂၂)၊၂၀၂၃ ခုနှစ်။

    မိုင်းဘုန်းဆရာတော်ဘုရားကြီးသည် မိုင်းလုံမြို့သို့ ကြွရောက်စဉ် တိုက်ပွဲဖြစ်ပွားနေသည့် နယ်မြေမအတွင်း ဖြတ်သန်းစဉ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲဘော်များက လုံခြုံရေး ယူပေးခဲ့ကြောင်း သိရသည်။

    [embedyt] https://www.youtube.com/watch?v=_hr07clMQV8[/embedyt]

    စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)တို့ တိုက်ပွဲဖြစ်ပွားနေသည့် နယ်မြေအတွင် ဧပြီလ (၁၁) ရက်နေ့က မိုင်းဘုန်းဆရာတော်၏ ယာဉ်တန်း ဖြတ်သန်းသွားလာခဲ့ခြင်း ဖြစ်သည်။

    (more…)

  • NUG မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံး ဗုံးကြဲခံရပြီးနောက် မြေပြင်အင်အား အများအပြားဖြင့် စစ်ကြောင်းထိုးလာ

    NUG မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရုံး ဗုံးကြဲခံရပြီးနောက် မြေပြင်အင်အား အများအပြားဖြင့် စစ်ကြောင်းထိုးလာ

    RNA_ဧပြီ(၂၁)၊၂၀၂၃ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရ-NUG လက်အောက်ခံ မကွေးတိုင်း၊ ထီးလင်းမြို့နယ် အနောက်ခြမ်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)ရုံးကို စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲပြီးနောက် မြေပြင်အင်အား အများအပြားဖြင့် စစ်ကြောင်းထိုးနေကြောင်း သိရသည်။

    ထီးလင်းမြို့နယ်နောက်ခြင်းရှိ ပ..ဖ ရုံးကို စစ်ကောင်စီတပ် လေကြောင်းမှ ဧပြီလ ၂၀ ရက်နေ့ နေ့လည် ၁၂ နာရီခန့်က ဗုံးကြဲတိုက်ခိုက်ခံရမှု ဖြစ်စဉ်အတွင်း ပ..ဖ ရဲဘော် အမျိုးသား () ဦး၊ အမျိုးသမီး () ဦး ကျဆုံးခဲ့ရပြီး၊ အမျိုးသား () ဦး၊ အမျိုးသမီး () ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယနေ့ မြေပြင်မှ ပျူစောထီးများအပါအဝင် စစ်ကောင်စီတပ်စစ်ကြောင်းတို့ စစ်ကြောင်းထိုးလာနေကြောင်း YDF ထီးလင်းမှတာဝန်ရှိသူတဦးကပြောကြားထားသည်။

    (more…)