နွေဦးတော်လှန်ရေး

သရက်တော ရဲစခန်းတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ (၁၂) ဦးသေ၊ PDF ရဲဘော် ၃ ဦးကျဆုံး

သရက်တော ရဲစခန်းတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ (၁၂) ဦးသေ၊ PDF ရဲဘော် ၃ ဦးကျဆုံး

RNA_မေ(၁၃)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ရှိ သရက်တောရဲစခန်းကို PDFများ မေလ (၁၀) ရက်နေ့ နံနက် (၃) နာရီဝန်းကျင်က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီလက်အောက်ခံ (၁၂) ဦးသေပြီး၊ PDF (၃) ဦးကျဆုံးကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။ သရက်တောရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မကွေးခရိုင် အမှတ်(၁) တပ်ရင်း၊ မကွေးတိုင်း ကွပ်ကဲရေးအဖွဲ့နှင့် မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်း ပူးပေါင်းစစ်ကြောင်းက စစ်ကြောင်းလေးကြောင်းခွဲကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ (more…)
Read More
စစ်ဆင်ရေးလုပ်ငန်းများအပါအဝင် ကာကွယ်ရေးဆိုင်ရာကိစ္စများ YPDF ရဲဘော်များ တွေ့ဆုံဆွေးနွေး

စစ်ဆင်ရေးလုပ်ငန်းများအပါအဝင် ကာကွယ်ရေးဆိုင်ရာကိစ္စများ YPDF ရဲဘော်များ တွေ့ဆုံဆွေးနွေး

RNA_မေ(၁၁)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ယောဒေသအခြေစိုက်၊ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)မှ မဟာမိတ်များနှင့် ပူးပေါင်းစစ်ဆင်ရေးကိစ္စ၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များကို မေလ (၁၀) ရက်နေ့ နံနက်ပိုင်းက YPDF တပ်ခွဲ (၃) ရှိ ရဲဘော်များနှင့် ဥက္ကဌ ရဲဘော်ယောလေးအပါအဝင် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာတွင် ချင်းအမျိုးသားတပ်မတော် (CNA)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF)များနှင့် အတူ ပူးပေါင်းစစ်ဆင်ရေးအခြေအနေများကို တိုက်ပွဲပြန်ရဲဘော်များမှ ရှင်းလင်းပြောကြားခဲ့ကြောင်း၊ YPDF ဗဟိုဦးဆောင်ကော်မတီ ဥက္ကဌရဲဘော်ယောလေး၊ အထွေထွေ အတွင်းရေးမှူး ရဲဘော်အောင်ကြီး၊ တပ်ရင်းမှူး ရဲဘော်တာရာနဲ့ တာဝန်ရှိသူများကလည်း တပ်ဖွဲ့၏ လုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းပြောကြားခြင်း၊…
Read More
စစ်ကောင်စီတပ်အတွင်း ပြိုကျနေသည့် အင်အား

စစ်ကောင်စီတပ်အတွင်း ပြိုကျနေသည့် အင်အား

“ဝ“ တပ်နှင့်မိုင်းလားတို့ကိုထိမ်းချုပ်ဖို့ပြင်ဆင်ထားသည့် စစ်ကောင်စီတပ်တွေမှာဘယ်တုန်းကမှ မကြုံဖူးခဲ့သည့်အနေအထားကို ကြုံတွေ့နေကြရတာကတော့ ကယားနှင့်ချင်းပြည်နယ်ဘက် တပ်အင်အား လွှတ်နေရတာခြင်းဖြစ်သည်။ ကယားပြည်နယ်တိုက်ပွဲများဘက်စစ်ကူသွားနေကြသည့်အခါ နယ်မြေမကျွမ်းကျင်မှုကြောင့် အသေအဆုံးများနေကြရခြင်းဖြစ်သည်။ စစ်ကောင်စီတပ်မှာ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းမကွေးတိုင်းများတွင် နေ့စဉ်သေဆုံးနေရပြီး နောက်တန်းအင်အားနည်းပါးနေကြသည် အောင်ဇေ အာဏာသိမ်းပြီးနောက်စစ်ကောင်စီလက်အောက်ခံ တပ်အင်အားပြဿနာသည် တိုင်ရင်းသားလက်နက်ကိုင်များနှင့် PDF ရဲဘော်များအားစစ်မျက်နှာအသီးသီးတွင်ရင်ဆိုင်နေရသည့်အခြေအနေများမှာတော်တော်ဆိုးဆိုးရွားရွားကျဆင်းလာခြင်းဖြစ်နေသည်။မိုင်းဆွဲတိုက်ခိုက်ခံရသည့်နေရာတွင်လည်းများစွာကျဆုံးထိခိုက်ဒဏ်ရာရရှိခြင်း၊စခန်းများဝင်ရောက်တိုက်ခိုက်ခံရချိန်တွင်လည်းထိခိုက်ကျဆုံးမှုများစွာရှိခြင်းနှင့်တပ်ပြင်ထွက်ပါကလည်းပစ်ခတ်ရှင်းလင်းခံခြင်းများမှာနေ့စဉ်ဖြစ်ပွားနေသည်။ မင်းအောင်လှိုင်ဦးဆောင်သည့်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်အင်အားသည် သိသိသာသာထိခိုက်ကျဆင်းလာတာကို တွေ့ရှိနေရသည်။ ဥပမာ အနေဖြင့်ချင်းပြည်နယ်တွင် ဖြစ်ပွားသည့်တိုက်ပွဲများကိုကြည့်မည်ဆိုပါလျှင် သံချပ်ကားယာဥ်တန်းတိုက်ခိုက်ခံရမှု တွင်ယာဥ်တန်းတစ်ခုလုံးတိုက်ခိုက်ခံရသည့်အပြင် အရာရှိအခြားအဆင့်များစွာလည်း ကျဆုံးထိခိုက်ပြီး သံချပ်ကားယာဥ် ၂ စီးနှင့် အုပ်ချုပ်မှုယာဥ်များ စစ်လက်နက်ပစွည်းများစွားလည်း ပျက်ဆီဆုံးရှုံးခဲ့ရသည်အထိ ဖြစ်ပွားလာသည်ကို တွေ့ရှိရသည်။ အာဏာသိမ်းပြီးနောက်ကျဆုံးမှုများတွင်လည်း ဗျူဟာမူး၊ တပ်ရင်းမူး၊ ဒုတပ်ရင်းမူး၊ ဗိုလ်မူးအဆင့်ထိပါ ထိခိုက်ကျဆုံးမှုများရှိသည်။ ကရင်နီ၊…
Read More
နယ်ကျွံလာသည့် စစ်ကောင်စီတပ်လက်အောက်ခံ (၂) ဦး ပစ်ခတ်ခံရ

နယ်ကျွံလာသည့် စစ်ကောင်စီတပ်လက်အောက်ခံ (၂) ဦး ပစ်ခတ်ခံရ

RNA_မေ(၁၀)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် မူးတိမ်ချောင်းတံတားတွင် တပ်စွဲထားသော စစ်ကောင်စီတပ်လက်အောက်ခံ လက်နက်ကိုင် (၂) ဦး ခင်ဦး-‌ရေဦး ကားလမ်းပေါ်သို့ ယနေ့ နေ့လည် (၁၂) နာရီ ၄၀ မိနစ် ဝန်းကျင်က နယ်ကျွံလာစဉ် ပ.က.ဖနှင့် ပူးပေါင်းတပ်ဖွဲ့ဆို့ ထိတွေ့ ပစ်ခတ်စဉ် စစ်ကောင်စီလက်အောက်ခံ (၂) ဦး သေဆုံးသွားခဲ့သည်။ ခင်ဦး-ရေဦး ကားလမ်းပေါ်သို့ ရောက်ရှိလာသည့် စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင် (၂) ဦးနှင့် ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် နယ်မြေခံကာကွယ်ရေးအဖွဲ့ (LDF) များနှင့် ထိတွေ့တိုက်ပွဲ (၃) မိနစ်ခန့်သာကြာပြီး သေဆုံးသွားခဲ့ပြီး၊ ကိုင်ဆောင်ခဲ့သော MA 1- ၁လက်၊ AK…
Read More
အကြမ်းဖက်မှုကျူးလွန်နေသည့် အာဏာသိမ်းအဖွဲ့ကို အရေးယူနိုင်ရေး ဩစတြေးလျရောက်ရှိနေသည့် NUG လူ့အခွင့်အရေးဝန်ကြီး ကြိုးပမ်း

အကြမ်းဖက်မှုကျူးလွန်နေသည့် အာဏာသိမ်းအဖွဲ့ကို အရေးယူနိုင်ရေး ဩစတြေးလျရောက်ရှိနေသည့် NUG လူ့အခွင့်အရေးဝန်ကြီး ကြိုးပမ်း

RNA_မေ(၁၀)၊၂၀၂၃ ခုနှစ်။   သြစတြေးလျနိုင်ငံသို့ရောက်ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းသည် အာဏာသိမ်းခေါင်းဆောင်များ၏ လူ့အခွင့်အရေးကျူးလွန်ဖေါက်ဖျက်မှုများ၊ ရာဇဝတ်မှု လုပ်ရပ်များအတွက် တာဝန်ယူရန်နှင့် တရားမျှတမှု ဖေါ်ဆောင်နိုင်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်နေကြောင်း သိရသည်။   ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ Gilbert + Tobin ဥပဒေအကျိုးဆောင်အဖွဲ့မှ ရှေ့နေများနှင့် လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းတို့နှင့် မေလ ၈ နေ့က တွေ့ဆုံးပြီး အာဏာသိမ်းခေါင်းဆောင်များ၏ လူ့အခွင့် အရေး ကျူးလွန်ဖောက်ဖျက်မှုများ၊ ရာဇဝတ်မှု လုပ်ရပ်များအတွက် တာဝန်ခံယူရန်နှင့် တရားမျှတမှု ဖေါ်ဆောင်ရန် ကြိုးပမ်းမှုများကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။ (more…)
Read More
ကျားဖြူတပ်ခွဲ စခန်းတခု လေယာဉ်ဖြင့် ဗုံးကြဲခံရပြီး PDF ရဲဘော်(၃) ဦးကျဆုံး

ကျားဖြူတပ်ခွဲ စခန်းတခု လေယာဉ်ဖြင့် ဗုံးကြဲခံရပြီး PDF ရဲဘော်(၃) ဦးကျဆုံး

RNA_မေ(၉)၊ ၂၀၂၃ ခုနှစ်။   ပြည်သူ့ကာကွယ်ရေးတပ် ကျားဖြူတပ်ခွဲ (၁) စခန်းတခုကို စစ်ကောင်စီတပ်လေကြောင်းမှ မေလ ၈ ရက်နေ့ညပိုင်းက လေယာဉ်ဖြင့် ဗုံးလာကြဲသည့်အတွက် စခန်းမှ ရဲဘော် ၃ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။   စစ်ကောင်စီတပ်၏ လေကြောင်းအသုံးပြုပစ်ခတ်မှုအတွင်း ကျားဖြူတပ်ခွဲ (၁) မ PDF ရဲဘော် ဇွဲမာန်လင်း(ခ) စနေ၊ ရဲ​ဘော် ​ထွန်းလင်းအောင် (ခ)မြကြီး၊ ရဲမေ မခင်သန္တာဆွေ(ခ)မမြင့်တို့ ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ (more…)
Read More
စစ်ကောင်စီတပ်စစ်ကြောင်း ၁ နာရီကြာ  ကြားဖြတ်ပစ်ခတ်ခံရ

စစ်ကောင်စီတပ်စစ်ကြောင်း ၁ နာရီကြာ  ကြားဖြတ်ပစ်ခတ်ခံရ

ကျောက်ရစ်ရဲစခန်းသွားသော စစ်ကောင်စီတပ်စစ်ကြောင်း ၁ နာရီကြာ  ကြားဖြတ်ပစ်ခတ်ခံရ   RNA_မေ(၇)၊၂၀၂၃ ခုနှစ်။   စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ရွှေတစ်ချောင်းရွာမှ ကျောက်ရစ်ရဲစခန်းသို့ တက်သွားသော စစ်ကောင်စီတပ်စစ်ကြောင်းကို မေလ (၆) ရက်နေ့ ညနေ (၄) ရီဝန်းကျင်က Myingyan Black Tiger(MBT) နှင့် ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ် အနီးကပ် ပစ်ခတ်တိုက်ခိုက်မှု (၁) နာရီဝန်းကျင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။   "မိမိတို့ MBT အဖွဲ့က ခွေးစစ်ကြောင်း ချီလာရာ အနီးဆုံး သနပ်ကုန်းတံတားဆီအထိ ကပ်ပြီး အနီးကပ် စပစ်ခဲ့ရာ မဟာမိတ်အဖွဲ့များမှ 60mm များ လက်နက်ငယ်များဖြင့် ကာပစ်ပစ်ပေးခဲ့သဖြင့် ခွေးစစ်ကြောင်းအထိနာသွားသည်"…
Read More
စစ်ဗျူဟာ ဌာနချုပ်စခန်း တိုက်ခိုက်ခံရပြီး ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းလက်အပါအဝင် (၃) ဦးသေဆုံး

စစ်ဗျူဟာ ဌာနချုပ်စခန်း တိုက်ခိုက်ခံရပြီး ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းလက်အပါအဝင် (၃) ဦးသေဆုံး

RNA_မေ(၆)၊၂၀၂၃ ခုနှစ်။   ချင်းပြည်နယ်၊ မတူပီ-ဟားခါးလမ်းမပေါ်တွင် အခြေစိုက်သည့် စစ်ကောင်စီတပ် စစ်ဗျူဟာ ဌာနချုပ်စခန်းကို CDF မတူပီရဲဘော်များ မေလ (၅) ရက်နေ့ ညနေ (၄) နာရီ ဝန်းကျင်က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းလတ်အပါအဝင် (၃) ဦးသေဆုံးသွားကြောင်း မတူပီ CDF (Chinland Defense Force- Matupi) က ထုတ်ပြန်ထားသည်။   အထူးစစ်ဆင်ရေးအဖြစ် မတူပီ-ဟားခါးလမ်းမပေါ်တွင် အခြေစိုက်သည့် စစ်ကောင်စီ စစ်ဗျူဟာ ဌာနချုပ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစိုးမင်းလတ်နှင့် ဗိုလ်မှူးတဦး၊ ဗျူဟာမှူးယာဉ်မောင်း တပ်သားတဦး တို့သေဆုံးခဲ့ပြီး MA 3 တစ်လက်…
Read More
ABSDF စစ်ကြောင်း (၃) ရဲဘော်များ စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းရှိ PDF များနှင့် ပူးပေါင်းတိုက်ခိုက်နေ

ABSDF စစ်ကြောင်း (၃) ရဲဘော်များ စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းရှိ PDF များနှင့် ပူးပေါင်းတိုက်ခိုက်နေ

RNA_မေ(၅)၊၂၀၂၃ ခုနှစ်။ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး( ABSDF -ကျောင်းသားတပ်မတော်) စစ်ဒေသ ( ၁ ) ၊ စစ်ကြောင်း (၃) ရဲဘော်များသည် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းမှ Local PDFများ ၊ ပ.က.ဖ များဖြင့် ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေကြောင်း သိရသည်။ ABSDF စစ်ကြောင်း ၃၊ ယောဒေသတွင် အခြေစိုက်ထားသည့် အမှတ် ( ၁၂ )တပ်ရင်းနှင့် ချင်းတွင်းဒေသတပ်ရင်းတို့သည် ၂၀၂၃ ခုနှစ် မတ်လနှင့် ဧပြီလတို့တွင် တိုက်ပွဲများဖော်ဆောင်ခဲ့ကြောင်း၊ မတ်လ ၃၁ ရက်နေ့တွင် ဂန့်ဂေါမြို့နယ် ကန်ရွာရဲစခန်းအား ဂန့်ဂေါခရိုင် PDF တပ်ရင်းများ၊ ပ.က.ဖများဖြင့်…
Read More
KNDFနှင့် မဟာမိတ်တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ဧပြီလအတွင်း စစ်ကောင်စီတပ်မှ (၇၀) ဦးသေဆုံး

KNDFနှင့် မဟာမိတ်တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ဧပြီလအတွင်း စစ်ကောင်စီတပ်မှ (၇၀) ဦးသေဆုံး

RNA_မေ(၃)၊၂၀၂၃ ခုနှစ်။ ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း - ဖယ်ခုံမြို့နယ်တို့တွင် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို KNDF နှင့်မဟာမိတ်များ၏ တိုက်ခိုက်မှုကြောင့် ဧပြီလအတွင်း စစ်ကောင်စီတပ်မှ (၇၀) ဦးသေဆုံးကာ (၃) ဦးအရှင်းဖမ်းမိကြောင်း KNDF ကယနေ့ ထုတ်ပြန်ထားသည်။ ဧပြီလအတွင်း တိုက်ပွဲပေါင်း (၅၀) ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ KNDF ရဲဘော် (၃) ဦးကျဆုံးခဲ့ရကြောင်း၊ စစ်ကောင်စီတပ်၏ လက်နက်ကြီးအပါအဝင် လေယာဉ်ဗုံးကြဲပစ်ခတ်မှုများအတွင်း အရပ်သားပြည်သူ (၃) ဦးသေဆုံးပြီး (၁၁) ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု (၁၀၈) ကြိမ်ပြုလုပ်ခဲ့သည်ဟု သိရသည်။ (more…)
Read More