Tag: နွေဦးတော်လှန်ရေး
-

စစ်ကောင်စီ စစ်တပ်မှ ဖားကန့် မှော်ပုံကျေးရွာမှပြည်သူများအား ဖမ်းဆီးပြီး “NUG အလိုမရှိ” ဟု အော်ခိုင်း
RNA_ဖားကန့်၊ ဧပြီ(၂၁) ရက်။ ၂၀၂၃ ခုနှစ်။ယနေ့ နံနက်ပိုင်းက စစ်ကောင်စီ စစ်သား(၅၀)ကျော်ခန့်သည် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်ပုံကျေးရွာအတွင်း ဝင်ရောက်ကာ ကျေးရွာနေ ပြည်သူ(၆၀)ဦးခန့်အား အတင်းအဓမ္မဖမ်းဆီးပြီး “NUG အလိုမရှိ”ဟု အော်ခိုင်းကြောင်း သိရသည်။“စစ်သားတွေက မှော်ပုံလမ်းသွယ်(၁၀)ထိပ်မှာ “NUG အလိုမရှိ”လို့ အော်ခိုင်းပြီး ဓါတ်ပုံ ဗွီဒီယိုတွေရိုက်ကြတာ၊ ပြီးတော့ အိမ်တစ်အိမ်ကို မီးရှို့ကြတယ်၊ အဆောင်တစ်ခုကိုလည်း ရိုက်ချိုးဖျက်ဆီးပစ်ကြတယ်”ဟု အဆိုပါကျေးရွာနေ ပြည်သူတစ်ဦးက ပြောသည်။ -

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် တည်ထောင်ခြင်း (၂) နှစ်ပြည့်အခမ်းအနား အမှတ်(၂၀၃) စစ်ဒေသတွင် ကျင်းပပြုလုပ်
RNA_ဧပြီ(၁၉)၊၂၀၂၃ ခုနှစ်။
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တပ်တည်ထောင်ခြင်း (၂) နှစ်ပြည့်အခမ်းအနားကိုရှမ်းမြောက်ရှိ အမှတ်(၂၀၃) စစ်ဒေသတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – BPLA ၂၀၂၃ ခုနှစ် ဧပြီလ (၁၇) ရက်နေ့သည် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တပ်တည်ထောင်ခြင်း (၂)နှစ်ပြည့်မြောက်နေ့ ဖြစ်ကြောင်း၊ KNU/KNLA တပ်မဟာ (၅) နယ်မြေရှိ အမှတ် (၁၀၇) စစ်ဒေသနှင့် ရှမ်းမြောက်ရှိ အမှတ် (၂၀၃) စစ်ဒေသတို့တွင် BPLA ရဲဘော်များက အခမ်းအနားများပြုလုပ်ခဲ့ကြသည်။
-

စစ်ကောင်စီလက်အောက်ခံစခန်းအား တာဝေးပစ်လက်နက်များဖြင့် ပစ်ခတ်
RNA_ဧပြီ(၁၉)၊၂၀၂၃ ခုနှစ်။
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ပေါ်ရှိ စစ်ကောင်စီတပ် လက်လောက်ခံ စခန်းတခုအား ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဧပြီလ (၁၈) ရက်နေ့ ညနေ (၆) နာရီ (၄၁) မိနစ်ခန့်က ၈၀ မမ ဖြင့် (၃) ကြိမ်၊ ၆၀ မမ ဖြင့် (၄) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Dog Killers People’s Defence Force Myinmu မှ ထုတ်ပြန်ထားသည်။
မြင်းမူမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ စခန်းတခုကို People’s Army To Fight Dictatorship(PAFD) တပ်ခွဲ DK PDF-MMU၊ People’s Knight Defence Force Myinmu(PKDF MMU)၊ Zarmini Revolution Force Myinmu/Myaung၊ မြင်းမူမြို့တိုက်နယ်အနောက်ခြမ်း ပ.က.ဖ၊ TAUNGTHA People DefenseForce(TTAPDF)၊ (D.B.B.F-MMU)စသည့် မဟာမိတ်တပ်ဖွဲ့များမှ ပူပေါင်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
[embedyt] https://www.youtube.com/watch?v=CldIyycGHdc[/embedyt]
-

ပဇီကြီး လေကြောင်းတိုက်ခိုက်မှုအတွင်း သေဘေးမှလွတ်လာသူ နှစ်ဦးပြောကြားချက်
RNA_ဧပြီ(၁၈)၊၂၀၂၃ ခုနှစ်။
စစ်တိုင်းတိုင်း၊ ကန့်ကလူမြို့နယ်၊ ပဇီကြီးကျေးရွာ၊ လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံ (၁၇၀) ကျော်သေဆုံးခဲ့ရသည့်အထဲမှ လွတ်မြောက်လာသူနှစ်ဦး၏ ပြောကြားချက်ကို တင်ပြလိုက်ပါသည်။
[embedyt] https://www.youtube.com/watch?v=kq3hPLXVasU[/embedyt]
#RedNewsAgency
-

အနောက်ပိုင်းတိုင်း တပ်ရင်း (၇၀၃)နှင့် ချင်းအမျိုးသားတပ်မတော်တို့ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် သဘောတူ
RNA_ဧပြီ(၁၇)၊၂၀၂၃ ခုနှစ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တပ်မဟာ (၇) လက်အောက်ခံတပ်ရင်း (၇၀၃) နှင့် ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်( CNF/CNA)တို့ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။
“ထိုသဘောတူစာချုပ်အရ အနောက်ပိုင်းတိုင်းတပ်ရင်း (၇၀၃)သည် တော်လှန်ရေးကို အရှိန်မြင့်တင်သွားမည်ဖြစ်ကြောင်း မိဘပြည်သူများကို အသိပေး သတင်းထုတ်ပြန်အပ်ပါသည်” ဟု တပ်ရင်း (၇၀၃)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
-

ပဇီကြီးကျေးရွာအတွက် လက်တုန့်ပြန်သည့်အနေဖြင့်စစ်ကောင်စီတပ်ကို တိုက်ခိုက်
ပဇီကြီးကျေးရွာအတွက် လက်တုန့်ပြန်သည့်အနေဖြင့် ဘုန်းမကြီးကင်းကျေးရွာတွင် တပ်စွဲနေသော စစ်ကောင်စီတပ်ကို တိုက်ခိုက်RNA_ဧပြီ(၁၆)၊၂၀၂၃ ခုနှစ်။စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ အစုလိုက်အပြုံလိုက် သတ်ခံရမှုအတွက် လက်တုန့်ပြန်သည့်အနေဖြင့် မြင်းမူမြို့နယ်၊ ဘုန်းမကြီးကင်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် အင်အား (၈၅) ဦးခန့်ပါ စစ်ကြောင်းကို ယနေ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လက်လုပ် ၈၀ မမဖြင့် (၈) ကြိမ်၊ ၆၀ မမ ဖြင့် (၂) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Dog Killers People’s Defence Force Myinmu ကယနေ့ ရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။[embedyt] https://www.youtube.com/watch?v=NgLYdnoSY6k[/embedyt]“ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကိုလေကြောင်း ဖြင့်လူမျိုးတုံးသက်ဖြတ်မှုကို မလိုလား၍ ပဇီကြီးကျေးရွာအတွက် လက်တုန့်ပြန့်သောအနေဖြင့် မြင်းမူမြို့နယ် ဘုန်းမကြီးကင်းကျေးရွာတွင် အင်အား ၈၅ဦးခန့် အထိုင်ချနေသော စစ်ခွေးများအား ၈၀မမ ဖြင့် ၈ကြိမ်၊ ၆၀ မမ ဖြင့် ၂ ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ ထိုတိုက်ခိုက်မှုကြောင့် စစ်ခွေး၈ကောင်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားနိုင်ကြောင်း သတင်းရရှိပါသည်။ စစ်ခွေးများဘက်မှလက်နက်ကြီး လက်နက်ငယ်ဖြင့် ပြန်လှန်ပစ်ခတ်မှု့ကြောင့်တော်လှန်ရေးရဲဘော်များဘက်မှ တစ်ဦးထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ -

အကြတ်နေ့လည်း ရပ်ကွက်များအတွင်း ရေကစားပျော်ပါးသူ နည်းပါးပြီး တိတ်ဆိတ်နေ
RNA_ဧပြီ(၁၅)၊၂၀၂၃ ခုနှစ်။ရန်ကုန်တိုင်းအတွင်း မြို့နယ်များမှ ပြည်သူများသည် စစ်ကောင်စီပြုလုပ်သည့် သင်္ကြန်အကြတ်နေ့ ယနေ့ နံနက်ပိုင်းတွင် ရေကစား ပျော်ပါးသူနည်းပါးပြီး တိတ်ဆိတ်နေကြောင်း တွေ့ရှိရသည်။
သင်္ကြန်အကြတ်နေ့ ရောက်ပြီဖြစ်သော်လည်း ရန်ကုန်ရှိ မြို့နယ်ရပ်ကွက်များထဲတွင် ရေကစားသူနည်းပါးပြီး စစ်ကောင်စီကို ဆန့်ကျင်နေကြကြောင်း မြို့ခံများက ပြောသည်။ -

စစ်ကောင်စီပြုလုပ်သည့် ပြည်သူ့ရင်ပြင် သင်္ကြန် စည်ကားရေး လာရောက်သူများကို ဒံပေါက်ဝေ
RNA_ဧပြီ(၁၅)၊၂၀၂၃ ခုနှစ်။ပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်၊ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီးနေသည့် စစ်ကောင်စီပြုလုပ် သင်္ကြန်တွင် ပြည်သူများ ပူးဆောင်ဆောင်ရွက်မှုမရှိသည့်အတွက် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် သင်္ကြန်ပွဲ လူများလာရောက် စည်ကားစေရေး ဒံပေါက်ဝေပေးနေရကြောင်း သိရသည်။ပြည်သူရင်ပြင် ညာဘက် အဝင်ဘက်ခြမ်းတွင် စစ်ကောင်စီတပ်သားများနှင့် ရဲများက လာရောက်သူများ၏ ဖုန်း၊ စီးကရက်ဘူး၊ အိတ်တို့ကို စစ်ဆေးမှုများ အထူးတင်းကြပ်လုပ်ဆောင်နေပြီး၊ ကားများကိုလည်းတစ်စီးချင်း အစစ်အဆေးကြမ်းလျက်ရှိကြောင်း၊ ပစ်ခတ်သတ်ဖြတ်ရန် အသင့်အနေအထား လုပ်ဆောင်ထားသည်။ -

သင်္ကြန်အကျနေ့ ရန်ကုန်မြို့ နံနက်ပိုင်းမြင်ကွင်း
RNA_ဧပြီ(၁၄)၊၂၀၂၃ ခုနှစ်။ရန်ကုန်မြို့လယ်တဝိုက်တွင် နှစ်စဉ်နှစ်တိုင်း သင်္ကြန် စည်ကားနေသည့် နေရာများတွင် စစ်ကောင်စီပြုလုပ်သည့် သင်္ကြန်ကို ပြည်သူများမပူးပေါင်းသည့်အတွက် ယနေ့ (သင်္ကြန်အကျ) နံနက်ပိုင်း (၉) နာရီကျော်က လမ်းမပေါ်တွင် ရေကစားသူမရှိကြောင်း သိရသည်။
စစ်ကောင်စီပြုလုပ်သည့် သင်္ကြန်တွင် ပြည်သူများ ပူးပေါင်းပါဝင်မှုမရှိကြောင်း၊ စစ်ကောင်စီသည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်းအသုံးပြုတိုက်ခိုက်ခြင်းနှင့် ကျေးရွာများကို မီးရှို့ဖျက်ဆီခြင်းများ ပြုလုပ်နေသည့်အတွက် ပြည်သူများက စစ်ကောင်စီကိုလက်မခံသည့်အတွက် စစ်ကောင်စီပြုလုပ်သည့် သင်္ကြန်တွင်လည်း ပူးပေါင်းပါဝင်မှုမရှိကြောင်း သိရသည်။



