နွေဦးတော်လှန်ရေး

လက်နက်ကြီးများထုတ်လုပ်ကာ မဟာမိတ်များနှင့် မျှဝေပြီး တိုက်ပွဲဝင်နေသည့် Golden Eagle Defence Force 

လက်နက်ကြီးများထုတ်လုပ်ကာ မဟာမိတ်များနှင့် မျှဝေပြီး တိုက်ပွဲဝင်နေသည့် Golden Eagle Defence Force 

RNA_ဧပြီ(၇)၊၂၀၂၃ ခုနှစ်။   သေနတ်အစစ်များရှားပါးနေသည့် စစ်ကိုင်းတိုင်းအတွင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် လက်လုပ် လက်နက်ကြီးများကို အားကိုးအားထားပြုတိုက်ခိုက်နေရသည့်အတွက် လက်နက်ကြီးများ ထုတ်လုပ်နေသည့် Golden Eagle Defence Force ခေါင်းဆောင် ကိုသိမ်းငှက်ကို Red News Agency က မေးမြန်းထားသည်။   စစ်ကိုင်းတိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် Golden Eagle Defence Force တပ်ဖွဲ့သည် လက်နက်ကြီးများ ထုတ်လုပ်ကာ စစ်ကောင်စီတပ်ကို မဟာမိတ်များနှင့်ပူးပေါင်းပြီး တိုက်ခိုက်နေကြကြောင်း၊ မဟာမိတ်များနှင့်အတူ တိုက်ပွဲများတွင် အနီးကပ် ပစ်ခတ်မှုများထက် မိုင်းဆွဲခြင်း၊ လက်လုပ်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကိုသာ အဓိကထားတိုက်ခိုက်နေရကြောင်း၊ လက်နက်အစစ်များလည်း လိုအပ်နေကြောင်း သိရသည်။ (more…)
Read More
ဆယ်ဇင်း‌ကျေးရွာအနီးတိုက်ပွဲတွင် PDF ရဲဘော် ၁ ဦးနှင့် KIAရဲဘော် ၂ ဦးကျဆုံး

ဆယ်ဇင်း‌ကျေးရွာအနီးတိုက်ပွဲတွင် PDF ရဲဘော် ၁ ဦးနှင့် KIAရဲဘော် ၂ ဦးကျဆုံး

RNA_ဖားကန့်၊ဧပြီ(၇)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မြေမြင့်ရွာအနီး အကြမ်းဖက် စစ်ကောင်စီတပ်နှင့် တိုက်ပွဲအတွင်း PDF ရဲဘော် ၁ ဦးနှင့် KIA ရဲဘော် ၂ ဦးကျဆုံးခဲ့ရကြောင်း သိရသည်။ ဆယ်ဇင်းကျေးရွာနှင့် မြေမြင့်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံများကို KIA နှင့် PDF တို့ ပူးပေါင်းပြီး ဧပြီလ (၆) ရက်နေ့က တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ကျဆုံးခဲ့ရသည့် PDF ရဲဘော် (ကိုရဲ) သည် ဖားကန့်၌ နွေဦးတော်လှန်ရေးအတွက် လက်နက်ကိုင်လမ်းစဉ်ကို စတင်ရာတွင် အစောဆုံးအုပ်စုထဲတွင် တက်ကြွစွာပါဝင်ခဲ့သူတစ်ဦးဖြစ်ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်မျာထံမှ သိရသည်။ (more…)
Read More
ပုလဲမြို့နယ်မှ M7 PDF စခန်း စီးနင်းခံရပြီး ရဲဘော် (၇) ဦးပျောက်ဆုံးနေ

ပုလဲမြို့နယ်မှ M7 PDF စခန်း စီးနင်းခံရပြီး ရဲဘော် (၇) ဦးပျောက်ဆုံးနေ

RNA_ဧပြီ(၆)၊၂၀၂၃ ခုနှစ်။   စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ M7 People's Defense Force - M7 PDF တပ်ဖွဲ့စခန်းတခုကို ယမန်နေ့ နံနက် ၁၀ နာရီအကျော်က စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြုပစ်ခတ် စီးနင်းခဲ့သည့်အတွက် စခန်းရှိရဲဘော် (၇) ဦးကျပျောက်ဆုံးနေပြီး (၄) ဦးကျဆုံးထားကြောင်း သိရသည်။   “၁၀ နာရီဝန်းကျင်လောက်မှာ Mi 35 တစ်စီး အရင်တက်လာပြီး​တော့ စခန်းကိုပစ်တယ်၊ ဗိုက်ပူ (Mi 17) နှစ်စီးက လူချတယ် နောက်တခါထပ်သွားသယ်ပြီးတော့ လူထပ်ချတယ် နှစ်စီး နှစ်ခေါက်ဆိုတော့ လေးစီးစာဖြစ်တာပေါ့။ စခန်းမှာလည်း ခွဲတစ်က လူအင်အား ၇၀ ခန့်နဲ့ ခွဲနှစ်မှာလည်း…
Read More
ကရင်နီပြည်နယ်၏ ၆၀ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထား

ကရင်နီပြည်နယ်၏ ၆၀ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထား

RNA_ဧပြီ(၅)၊၂၀၂၃ ခုနှစ်။   “စစ်ကောင်စီတပ်သားတွေက ရှေ့တန်းမှာ အသေခံပေးနေရတယ်လို့ ပြောလို့ရတယ်၊ သူတို့ကို အမိန့်ပေးတဲ့သူကတော့ ပေးနေတာ သူတို့ရဲ့ တပ်သားတွေက အတုန်းအရုန်းကို သေနေကြတာ၊ သေပေးနေရတာပေါ့နော် အဲ့တဖွဲ့တက်လာတယ် အဲတဖွဲ့သေသွားရင် နောက်တဖွဲ့တက်လာ ထပ်သေ အလောင်းတွေလည်း ပြန်မဆွဲဘူး ရတဲ့ သေနတ်လောက်ပဲ ပြန်ဆွဲသွားတယ်။ စစ်မြေပြင်မှာဆိုလို့ရှိရင်ဗျာ စစ်ကောင်စီတပ်သားတွေက ဆောက်တည်ရာမရတော့ဘူး ဦးတည်ရာပတ်ပြေးနေကြရတာ အဲသလိုအနေအထားမျိုးပေါ့” ဟု စစ်မြေပြင်နှင့်ပတ်သက်ပြီး KNDFဗဟို သတင်းပြန်ကြားရေးနှင့် ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။ နွေဦးတော်လှန်ရေးအတွင်း ခုခံစစ်အားကောင်းသည့် ကရင်နီ (ကယား) ပြည်နယ်တွင် ၆၀ ရာခိုင်နှုန်လောက်ကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားနိုင်ပြီး၊ ကြားခံ စစ်မြေပြင်အဖြစ် ၂၀ ရာခိုင်နှုန်း၊ မြို့ပေါ်ထိန်းချုပ်မှု အနည်းငယ်သာရှိသည့်…
Read More
မအူရဲစခန်းတိုက်ခိုက်ခံရပြီး စခန်းမှူးမြင့်ကျော်အပါအဝင် (၇)ဦးသေ၊  Anti Drone Gun (၁) လက်နှင့် လက်နက်ခဲယမ်းသိမ်းဆည်းရမိ

မအူရဲစခန်းတိုက်ခိုက်ခံရပြီး စခန်းမှူးမြင့်ကျော်အပါအဝင် (၇)ဦးသေ၊ Anti Drone Gun (၁) လက်နှင့် လက်နက်ခဲယမ်းသိမ်းဆည်းရမိ

RNA_ဧပြီ(၄)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မအူရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ် မဟာမိတ်တပ်ပေါင်းစုအဖွဲ့တို့က ယမန့်နေ့ နံနက် (၅) နာရီဝန်းကျင်က ဝင်ရောက်တိုက်ခိုက်ကြရာ စခန်းမှူး မြင့်ကျော်အပါအဝင် (၇) ဦးသေဆုံးကာ၊ G-3 ၁ လက် ၊ Anti Drone Gun ၁ လက်၊ ဗုံးသီး ၁၀ လုံးနှင့် စခန်းမှူးတံဆိပ်တုန်းအပါအဝင် စာရွက်စာတမ်းများသိမ်းဆည်းရမိခဲ့ကြောင်း ယနေ့ မြိုင် ပကဖကထုတ်ပြန်ထားသည်။ ဧပြီလ (၃) ရက်နေ့ နံနက် (၅) နာရီဝန်းကျင်မှစတင်ကာ တိုက်ခိုက်ခဲ့သည့် မအူရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်စီးနင်းချိန် နံနက် (၈) နာရီဝန်းကျင်တွင် စခန်းအားဝင်ရောက်စီးနင်း မီးရှို့ရှာဖေချိန် စစ်ကောင်စီတပ် လေကြောင်းမှ…
Read More
ရဲဘော်ဝဿန်ကို ဂုဏ်ပြုသောအားဖြင့် ပခုက္ကူစစ်ဒေသမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်ခဲ့

ရဲဘော်ဝဿန်ကို ဂုဏ်ပြုသောအားဖြင့် ပခုက္ကူစစ်ဒေသမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်ခဲ့

RNA_ဧပြီ(၄)၊၂၀၂၃ ခုနှစ်။   စစ်ကိုင်းတိုင်း၊ ရွှေဘိုတက္ကသိုလ်ဝင်ပေါက်မှာ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သွားရောက်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရသည့် ပြည်သူ့တော်လှန်ရေးတပ်ဦး - PRF မှ ရဲဘော်ဝဿန်ကျဆုံးခဲ့ရသည့်အတွက် ယနေ့နံနက်ပိုင်းက မကွေးတိုင်း၊ ပခုက္ကူစစ်ဒေသတွင် ဝမ်းနည်းခြင်းအထိမ်းအမှတ် အလေးပြုခြင်းအခမ်းအနား ယနေ့ ပြုလုပ်ခဲ့ကြောင်း သိရသည်။   ရွှေဘိုတက္ကသိုလ်ဝင်ပေါက်မှာ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဧပြီလ (၂) ရက်နေ့က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သွားရောက်တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်မှ (၆) ဦးသေဆုံးကြောင်း၊ အပြန်အလှန်ပစ်ခတ်မှုအတွင်း ရဲဘော်ဝဿန်နှင့် အခြားတပ်ဖွဲ့မှ ရဲဘော်တဦးတို့ကျဆုံးခဲ့ရသည်။ (more…)
Read More
မတ်လအတွင်း ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် (၂၈၁) ဦးသေဆုံး (၈၀)ဦး ဒဏ်ရာရ

မတ်လအတွင်း ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် (၂၈၁) ဦးသေဆုံး (၈၀)ဦး ဒဏ်ရာရ

RNA_ဧပြီ(၃)၊၂၀၂၃ ခုနှစ်။ ၂၀၂၃ခုနှစ်၊ မတ်လအတွင်း ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဘောလခဲမြို့နယ် နှင့် ဖားဆောင်း မြို့နယ် နှင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်း၊ ဖယ်ခုံမြို့နယ်များသို့ စစ်ကောင်စီတပ်မှ စစ်မျက်နှာပြင် (၅)ခု ဖွင့်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ (၂၈၁) ဦးသေဆုံးပြီး (၈၀) ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။ စစ်ကောင်စီတပ်မှ စစ်မျက်နှာပြင် (၅) ခုဖွင့်ပြီး ထိုးစစ်ဆင်လာသည့်အပေါ်  ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းသို့ လွိုင်ကော်မြို့နယ်မှစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းအား KA၊ KNDF ဗျူဟာ(၆) မှတပ်ရင်း တစ်ခုဖြစ်သည့် KNDF/B09 နှင့် KNDF ဗျူဟာ (၄) မှ တပ်ရင်းများဖြစ်သော KNDF/B01၊ KNDF/B05၊ KNDF/B06၊ KNDF/B07 နှင့်…
Read More
S.O.F အထူးလေးကျင့်ရေးမှတ်တမ်း အပိုင်း (၁)

S.O.F အထူးလေးကျင့်ရေးမှတ်တမ်း အပိုင်း (၁)

RNA_ဧပြီ(၃)၊၂၀၂၃ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး အထူးစစ်ဆင်ရေးတပ်ဖွဲ့ (Speclal Operation Force - S.O.F) ၏ အထူးလေ့ကျင့်ရေးမှတ်တမ်း အပိုင်း (၁) ရုပ်သံကို ပြည်သူများထံ တင်ပြထားခြင်းဖြစ်သည်။ #RedNewsAgency
Read More
“ပြည်သူရှိနေသရွေ့ ပါတီရှိ​နေမယ်” စာသားကိုင်ဆောင်ပြီး ဆန္ဒပြ

“ပြည်သူရှိနေသရွေ့ ပါတီရှိ​နေမယ်” စာသားကိုင်ဆောင်ပြီး ဆန္ဒပြ

RNA_ဧပြီ(၂)၊၂၀၂၃ ခုနှစ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲမှတ်ပုံမတင်သည့် ပါတီများကို ဖျက်သိမ်းကြောင်း ကြေညာသည့်အပေါ် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းမှဦးဆောင်ကာ PDF များ၏ ဝန်းရံမှုဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆားလင်းကြီးမြို့နယ်အတွင်း ယနေ့ ဆန္ဒပြခဲ့ကြသည်။ (more…)
Read More
နံနက်စောစော အလစ်အငိုက်တိုက်ခိုက်ခံရပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် (၅) ဦးကျဆုံး

နံနက်စောစော အလစ်အငိုက်တိုက်ခိုက်ခံရပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် (၅) ဦးကျဆုံး

RNA_ဧပြီ(၁)၊၂၀၂၃ ခုနှစ်။   ပထမနေ့တိုက်ပွဲအပြီး ဒုတိယနေ့တိုက်ခိုက်ရန် မဟာမိတ်ရဲဘော်များစုနေသည့် တပ်ခွဲစခန်းတခုကို နံနက်စောစော စစ်ကောင်စီတပ်မှ လူအင်အား လက်နက်အင်အားအပြည့်ဖြင့် ဝင်ရောက်တိုက်ခိုက်သည့်အတွက် ရေစကြို ပကဖ ရဲဘော် (၄) ဦးနှင့် YLK ​ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော် (၁) ဦးတို့ ကျဆုံးခဲ့ရကြောင်း သိရသည်။   ရေစကြိုမြို့ပေါ်မှ မတ်လ (၃၀) ရက်နေ့ကထွက်လာသည့် အင်အား (၄၀)ပါစစ်ကောင်စီတပ်စစ်ကြောင်းအား ညောင့်စောင်နှင့် သမန္တပိုကျေးရွာအကြားမိုင်းခွဲတိုက်ခိုက်ခဲ့သည့်အတွက် ဒဏ်ရာများရရှိကာ မြို့ပေါ်ပြန်တက်သွားကြောင်း၊ မတ်လ (၃၁) ရက်နေ့နံနက် (၄)နာရီ (၃၀) မိနစ်ဝန်းကျင်တွင် အင်အား (၇၀) ခန့်ဖြင့် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) တပ်ခွဲစခန်းကို စီးနင်းတိုက်ခိုက်ခဲ့သည့်အတွက် ပြည်သူ့ကာကွယ်ရေးရဲဘော်…
Read More