တိုင်ချန်

မြန်မာနိုင်ငံအတွင်းရှိ တိုင်ချန်ကျားဖြန့်အကြောင်း သတင်းပေးသူအမေရိကန်က ဒေါ်လာ (၁၀) သန်း ချီးမြှင့်မည်

မြန်မာနိုင်ငံအတွင်းရှိ တိုင်ချန်ကျားဖြန့်အကြောင်း သတင်းပေးသူအမေရိကန်က ဒေါ်လာ (၁၀) သန်း ချီးမြှင့်မည်

RNA_နိုဝင်ဘာ(၁၆)၊၂၀၂၆ခုနှစ်။ ကရင်ပြည်နယ်အတွင်းရှိ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) စင်တာ တိုင်ချန် (Tai Chang) ၏ ငွေကြေးလည်ပတ်မှုနှင့်ပတ်သက်၍ သတင်းပေးနိုင်သူကို အမေရိကန်အစိုးရက ဒေါ်လာ (၁၀) သန်း ချီးမြှင့်ဖြစ်ကြောင်း ယနေ့ (နိုဝင်ဘာ ၁၆ ရက်) ထပ်မံသတင်းထုတ်ပြန်ထားသည်။ အမေရိကန်အစိုးရက ဆုငွေထုတ်ထားသည့် တိုင်ချန်ကျားဖြန့်စင်တာနေရာသည် မြဝတီမြို့တောင်ဘက် ကျောက်ခတ်ဒေသ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ထိန်းချုပ်ဒေသအတွင်း တည်ရှိနေပြီး တိုင်ချန်ကျားဖြန့်စင် နေရာ (၄) ခုကို ကိုဩဒိနိတ်အတူ ဖော်ပြထားခြင်းဖြစ်သည်။ တိုင်ချန်ကျားဖြန့်စင်တာ ငွေကြေးလည်ပတ်မှုနှင့်ပတ်သက်၍ ပြီးခဲ့သည့် ဧပြီလ (၂၃) ရက်ကတည်းက ဆုကြေးငွေထုတ်ထားခြင်းဖြစ်ပြီး ယခု နိုဝင်ဘာလ၌ ဒုတိယအကြိမ် ထပ်မံထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ တိုင်ချန်ကျားဖြန့်နှင့်ပတ်သက်၍ ငွေကြေးခဝါချမှု သတင်းပေးနိုင်သူကို…
Read More