Tag: စာပြင်စာတည်းမှတ်စု

  • စာပြင်စာတည်း၏ မှတ်စုများ ( ၁၂)

    စာပြင်စာတည်း၏ မှတ်စုများ ( ၁၂)

    မြန်မာစာပေ၌ ကျွန်တော်တို့တစ်တွေ အသေအချာမသိသေးသော အကြောင်းအရာပေါင်း မြောက်မြားစွာ ရှိ၏။ တချို့က သိချင်စိတ်ရှိပြီး သိခွင့်မသာ၍ မသိကြခြင်း ဖြစ်၏၊တချို့ကတော့ သိခွင့်သာပါလျက်နှင့် သိချင်စိတ်မရှိသောကြောင့် မသိကြခြင်း ဖြစ်သည်။ ခင်ဗျားဘာသာ ဘာဖြစ်ဖြစ် ခင်ဗျားသိချင်မသိချင်တာ ခင်ဗျားကိစ္စဖြစ်၏။ ကျွန်တော့်ကိစ္စကတော့ စာပြင်ရင်း တွေ့လေသမျှ တွေ့ရှိချက်ကလေးများကို စုစည်းတင်ပြလိုက်ပါသည်။ စကားတစ်လုံး စာတစ်ကြောင်းက ဘဝကောင်းအောင်၊ ဘဝဆိုးအောင် ပြောင်းလဲပေးနိုင်စွမ်းရှိ၏။ ထိုနှလုံးသွင်းဖြင့် မေတ္တာမူပါသည်။ လိုသော်ယူကြ အသုံးချနိုင်ကြပါစေသတည်း။

    အောင်မှူးဝေ

    ကြောက်ရတယ်။ တွင်းသင်းမင်းကြီး ဦးထွန်းညိုက သူ့သား မင်းရွာစားကိုဆုံးမတဲ့ ကြောက်ကြီး ကိုးလုံးဆုံးမစာ။ ဖွဖွရွတ်ဆိုမိတယ်။ ” မေတ္တာကုန်ခန်း၊စိတ်မချမ်း၊ညှိုးနွမ်းမည်ကိုကြောက်” ဒီတစ်ပိုဒ်ကို ထပ်ကာထပ်ကာ ရွတ်မိတယ်။ သေရတဲ့မသာချင်းအတူတူ မေတ္တာငတ်ပြီး သေရသူက ပိုနာတယ်။သေတာများ နာတယ်လို့ရှိသလား မေးစရာ။နာတာပေါ့။တချို့လူတွေသေပလားဆိုမှဖြင့် သူရော သူ့မိသားစုဆွေမျိုးတွေပါ နာပြီးကျန်ရစ်ခဲ့တာပါပဲ။ရင်နာရင်နာ မဟုတ်ရင် လူနာ ဘဝနာ။ အောင်မှူးဝေ

    အာနာပါနဿတိ။ အာနာပါနဿတိ ထူထောင်ရခြင်း၏ အခြားအကြောင်းတစ်ရပ်မှာလည်း လောဘ၊ ရွံရှာမနှစ်မြို့ခြင်း (ဝါ) ဒေါမနဿနှင့် မောဟတရားများကို စင်ကြယ်စေရေးအတွက်ဖြစ်သည်။ယင်းတို့ကို စင်ကြယ်စေရန်ဆိုလျှင် ယင်းတို့ရှိနေပါကလားဟူ၍ သိနေဖို့က စတင်ရ၏။အာနာပါနလုပ်ခြင်းဖြင့် မိမိ၏ စိတ်အခြေအနေကို ဆင်ခြင်ခွင့်ရ၏။ စိတ်ငြိမ်းသက်အေးချမ်းခိုက်တွင် အသက်ရှူမှုသည် ညင်သာပျော့ပျောင်းသည်။ စိတ်ငြိုငြင်ခြင်းတစ်မျိုးမျိုး ဥပမာစိတ်ဆိုးမှု၊ မုန်းတီးမှု၊ ကြောက်ရွံ့မှု၊ ရာဂစိတ်တက်ကြွမှု တစ်ခုခုဝင်ရောက်လာပြီဆိုလျှင်အသက်ရှုခြင်းသည် ကြမ်းတမ်းလာသည်။လေးလံလာသည်။ မြန်ဆန်လာသည်။ဤနည်းအားဖြင့် အသက်ရှူမှု အခြေအနေပြောင်းလဲခြင်းကို အကဲခတ်၍ ရင်တွင်းမှာဖြစ်ပေါ်နေသော အကုသိုလ်တရားများကိုချေဖျက်ရန် အခွင့်အလမ်းကို ရရှိနိုင်၏။ ။
    ကမ္ဘာ့ဝိပဿနာ သာသနာပြု တရားပြဆရာကြီး၊ဝဏ္ဏကျော်ထင်၊ မဟာသဒ္ဓမ္မဇောတိကဓဇ၊ဆရာကြီး ဦးအက်(စ်) အင်(န်) ဂိုအင်ကာ။ ဦးတင်ဦး (မြောင်) မြန်မာဘာသာပြန်-“အနေတတ်ပါစေ” စာအုပ်၊စာမျက်နှာ (၁၁၆)။

    စိတ်အညစ်အကြေးကင်းပုံ ။ မနေ့က သတိပဋ္ဌာန်ဂုဏ်ရည် ခုနစ်မျိုး၊ ရနိုင်တဲ့အကျိုး ခုနစ်မျိုးကို ဂုဏ်ရည်ပါပဲလို့ အကျဉ်းချုပ်ပြီး ပြောသွားပါတယ်။ အကျယ်တွေကတော့ ပြောစရာအများကြီး ရှိပါတယ်။ နောက် လက်တွေ့ပိုင်းရောက်တဲ့အခါ ထိုက်သလောက်တော့ပါပါလိမ့်မယ်။ အဲဒီအကျိုးခုနစ်မျိုးထဲမှာ ပထမဆုံး “သတ္တာနံ ဝိသုဒ္ဓိယာ” ဧကာယနော မဂ္ဂါဆိုတာ အဲဒါလိုရင်းပါပဲ။ ဘုရား သမ္မာသမ္ဗုဒ္ဓ ပစ္စေကဗုဒ္ဓ အရိယသာဝကလောင်း အစရှိတဲ့ သတ္တဝါအများ စိတ်အညစ်အကြေး ကင်းဝေးစင်ကြယ်ဖို့ရန် ဒီလမ်းဟာ သေချာတဲ့အကျင့်လမ်းကြောင်းပဲဆိုတာ၊ ယင်းလမ်းကြောင်းကတော့ ဟောဒီသတိပဋ္ဌာန်တရားလေးပါးပဲဆိုတာ မြတ်စွာဘုရားက လက်ညှိုးထိုး တိတိကျကျ လမ်းညွှန်ကြားပါတယ်။ စိတ်အညစ်အကြေးဟာ လိုရင်းကတော့ သုံးမျိုးပါပဲ ။ ရာဂမလ-တပ်မက်တဲ့အညစ်အကြေး တစ်ခု၊ မက်မောတဲ့လောဘပါပဲ။ ဒေါသမလ-စိတ်ပျက် စိတ်ဆိုး မုန်းညှိုးပြစ်မှားတဲ့ အညစ်အကြေးတစ်ခု၊ မောဟမလ-အမှန်တရားနဲ့ စပ်ပြီးတော့ တွေဝေမှုန်မွှား မပြတ်သားမှု တစ်နည်း မိုက်မဲမှု၊ အဲဒါ တွေက စိတ်အညစ်အကြေးတွေလို့ ခေါ်ပါတယ်။ အဲဒီ စိတ်အညစ် အကြေးတွေထဲက အစွန်းရောက်တဲ့ နည်းနည်းဒီဂရီများလာလို့ရှိရင် အစွန်းရောက်တဲ့အပိုင်းလည်း ဖြစ်လာတတ်ပါတယ်။

    (more…)

  • စာပြင်စာတည်း၏မှတ်စုများ ( ၁၀) (၁၁)

    စာပြင်စာတည်း၏မှတ်စုများ ( ၁၀) (၁၁)

    မြန်မာစာပေ၌ ကျွန်တော်တို့တစ်တွေ အသေအချာမသိသေးသော အကြောင်းအရာပေါင်း မြောက်မြားစွာ ရှိ၏။ တချို့က သိချင်စိတ်ရှိပြီး သိခွင့်မသာ၍ မသိကြခြင်း ဖြစ်၏၊တချို့ကတော့ သိခွင့်သာပါလျက်နှင့် သိချင်စိတ်မရှိသောကြောင့် မသိကြခြင်း ဖြစ်သည်။ ခင်ဗျားဘာသာ ဘာဖြစ်ဖြစ် ခင်ဗျားသိချင်မသိချင်တာ ခင်ဗျားကိစ္စဖြစ်၏။ ကျွန်တော့်ကိစ္စကတော့ စာပြင်ရင်း တွေ့လေသမျှ တွေ့ရှိချက်ကလေးများကို စုစည်းတင်ပြလိုက်ပါသည်။ စကားတစ်လုံး စာတစ်ကြောင်းက ဘဝကောင်းအောင်၊ ဘဝဆိုးအောင် ပြောင်းလဲပေးနိုင်စွမ်းရှိ၏။ ထိုနှလုံးသွင်းဖြင့် မေတ္တာမူပါသည်။ လိုသော်ယူကြ အသုံးချနိုင်ကြပါစေသတည်း။

    အောင်မှူးဝေ

    ဝိပဿနာဆိုင်ရာများ
    အရှင်အာနန္ဒာ။  ။ ပဋိစ္စသမုပ္ပါဒ် ခက်တယ်ပြောကြတယ်။တပည့်တော်တော့ ခက်တယ်မထင်ဘူးဘုရား ။ မြတ်ဗုဒ္ဓ – ဒီလိုမပြောနဲ့ အာနန္ဒ၊တွေးကြည့်ရုံနဲ့သိတဲ့တရားမျိုးမဟုတ်ဘူးပညာရှိတွေသာ ခံစားသိရှိနိုင်တဲ့တရားမျိုး ဖြစ်တယ်။ သဘောကို စိတ်နဲ့ကြည့် ရုပ်သဘော နာမ်သဘောကိုမျက်စိနဲ့မကြည့်ပါနဲ့စိတ်နဲ့ကြည့်ပါ။ဝေဒနာကို ဆွေမျိုးမတော်လိုက်ပါနဲ့သဘောကိုပဲ မိအောင်ရှုပါ ။သဲအင်းဂူဆရာတော်

    အတွင်းလောကဓံကိုမှ သည်းမခံနိုင်ရင်အပြင်လောကဓံကိုလည်း သည်းမခံနိုင်ဘူး။
    သဲအင်းဂူဆရာတော်
    အရှိအသိ ကိုက်အောင်ကြည့်ကြည့်တဲ့အခါမှာ စိတ်ရှည်ရမယ်နော။ မြောက်ဦးဆရာတော်
    နိဗ္ဗာန်ချမ်းသာဆိုတာမသိသေးလို့မို့ မလိုချင်ကြသေးတာနော။ သိရင်တော့ လိုချင်ပြီ။ဒီကနေ့ တရားအားထုတ်နေကြတယ်ဆိုတာ သိအောင်လို့ ကြည့်နေကြတာ။ မြောက်ဦးဆရာတော်
    မင်းစည်းစိမ်ကို ရလို့မို့ မအိုတော့ဘူး မသေတော့ဘူးမှတ်သလား
    ပံ့သကူမထေရ် တပည့်တော်သည် မိမိအစိုးရသည့် မြေပြင်အားလုံးကို အရှင်မြတ်များအား လှူဒါန်းပါသည်အရှင်ဘုရား။ဤသို့ လှူဒါန်းရသောကောင်းမှုကြောင့်  တပည့်တော်သည် နတ်ပြည်သို့လည်း မရောက်လိုပါ၊ဗြဟ္မာ့ပြည်သို့လည်း မရောက်လိုပါ၊မင်းစည်းစိမ်ကိုလည်း မခံစားလိုပါ။မင်းစည်းစိမ်ဟူသည်မှာ ရေပွက်ပမာ တစ်ခဏမျှသာ ခံပါသည်။ဤကုသိုလ်ကောင်းမှုကြောင့် တပည့်တော်ရလိုသောဆုမှာ အရိယာသံဃာတော်များ တန်ဖိုးထားကြသော မိမိစိတ် မိမိထိန်းချုပ်နိုင်ရေးပင် ဖြစ်ပါသည်ဘုရား။ယင်းဥစ္စာရတနာသည် မည်သည့်အခါမျှ ပြောင်းလဲဖောက်ပြန်မှုမရှိသည့် ဥစ္စာရတနာဖြစ်ပါသည်ဘုရား။ အသောကမဟာရာဇာ

    (more…)