ရှေးဟောင်းပစ္စည်းများနှင့်ပတ်သက်ပြီး လာဖမ်း၍မရဟုဇေကမ္ဘာ ဦးခင်ရွှေပြော

မျိုးချစ်စိတ်ရှိမှသာ လုပ်ဆောင်နိုင်တာဖြစ်ပြီး ရှေးဟောင်းပစ္စည်းများနှင့်ပတ်သက်ပြီး လာဖမ်း၍မရဟု ဇေကမ္ဘာ ဦးခင်ရွှေပြော

ရန်ကုန်၊ စက်တင်ဘာ ၁၆ ရက်။

ရှေးဟောင်းပစ္စည်း စုဆောင်းမှုများနှင့် ပတ်သက်ပြီး မျိုးချစ်စိတ်ရှိမှသာ လုပ်ဆောင်နိုင်တာ ဖြစ်ပြီး ရှေးဟောင်းပစ္စည်းစုဆောင်းမှုများနှင့် ပတ်သက်ပြီး Register လုပ်ထားသည့်အတွက် လာဖမ်း၍မရဟု ဦးခင်ရွှေ (ဇေကမ္ဘာ) က ပြောသည်။ “ကျွန်တော်အားလုံး Register လုပ်တယ် ကျွန်တော်လာဖမ်းလို့ မရဘူး၊ ဘာလို့ အားလုံး Register လုပ်လဲဆိုတော့ အစ်မ (ဒေါ်အောင်ဆန်းစုကြည်) ကနေပြီးတော့ ဦးအောင်ကိုခေါ်ပြီး လွှတ်လိုက်တယ် ” ဟု ဦးခင်ရွှေက မြို့တော်ဝန်ဦးမောင်မောင်စိုးအား ရှင်းပြသည်။

စက်တင်ဘာ ၁၄ ရက်နေ့ကအများပြည်သူ အသုံးပြုနေသည့် ဇေကမ္ဘာဝန်းအဝင်အထွက်တံခါးများ ပိတ်ထားသည့်အတွက် မြို့တော်ဝန် ဦးမောင်မောင်စိုးသွားရောက်တွေ့ဆုံ ဆွေးနွေးအပြီး၊ ရှေးဟောင်းပစ္စည်းများ လိုက်လံ ပြသစဉ် ပြတိုက်ကိစ္စနှင့်ပတ်သက်ပြီး ဦးမောင်မောင်စိုးကို ရှင်းပြခဲ့သည်။ မြန်မာနိုင်ငံတွင် ဇေကမ္ဘာ ဦးခင်ရွှေပိုင်ဆိုင်သည့် ရှေးဟောင်းပစ္စည်းများကို စုစည်းပြီး အရှေ့တောင်အာရှတွင် အကြီးဆုံး ရှေးဟောင်းပြတိုက်ကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံ စက်မှုဥယျာဉ်အတွင်း တည်ဆောက်နေပြီး NLD အစိုးရလက်ထက်တွင် ဖွင့်ပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၊ ရှေးဟောင်းပစ္စည်း အမျိုးပေါင်း ငါးသိန်း ရှိကြောင်း သိရသည်။

Red News Agency

By Editor