05                                    
                                    
                                        Dec 
                                    
                                
                            
                        
                        
                    
                        RNA_ဒီဇင်ဘာ(၅)၊၂၀၂၂ခုနှစ်။ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဘားလားကျေးရွာ တပင်ရွှေထီးလမ်းဘေးမှာ အစ္စလာမ်ဘာသာဝင် (၁၃) ဦးအလောင်း စွန့်ပစ်ခံထားသည်ကို ယနေ့ နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ လမ်းဘေးစွန့်ပစ်ခံရသည့် အစ္စလာမ်ဘာသာဝင် (၁၃) ဦးသည် မည်သည့်အတွက်ကြောင့် သေဆုံးခဲ့ရသည်ကို မသိရှိရသေးကြောင်း၊ အာဏာသိမ်း စစ်ကောင်စီက ရန်ကုန်ဆေးရုံကြီး ပို့ဆောင်စစ်ဆေးနေသည်ဟု သတင်းဖြန့်ထားသည်။ ရခိုင်ပြည်နယ်မှ ကူးလာသည့် အစ္စလာမ်ဘာသာဝင်များ ရန်ကုန်၊ ဧရာဝတီတိုင်း၊ မကွေးတိုင်းတို့တွင် ဖမ်းဆီးခံရမှုများ ရှိခဲ့ကြောင်း၊ ယနေ့ နံနက်က တွေ့ရှိရသည့် အစ္စလာမ် ဘာသာဝင် (၁၃) ဦး မည်သို့သေဆုံးခဲ့ရသည်ကို တိတိကျကျ မသိရှိရသေးကြောင်း၊ တရားခံများအားလည်း ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သိရသည်။ #RedNewsAgency                    
                                            
                                    