01                                    
                                    
                                        Feb 
                                    
                                
                            
                        
                        
                    
                        RNA_ဖေဖော်ဝါရီ(၁)၊၂၀၂၃ ခုနှစ်။   ကချင်ပြည်နယ်၊ ဖားကန့်မြို့ ပြည်သူများသည် စစ်တပ်အာဏာသိမ်းမှု (၂) နှစ်ပြည့် ယနေ့တွင် " အပြင်မထွက်၊ ငြိမ်သက်တိတ်ဆိတ်ခြင်း (Silent Strike)" သပိတ်တွင် ပူးပေါင်းပါဝင်ကြကြောင်း သိရသည်။   မင်းအောင်လှိုင်ဦးဆောင်သည့် အဖွဲ့ အာဏာသိမ်းမှု (၂) နှစ်ပြည့် (ယနေ့) တွင် ပြည်သူများသည် စစ်အာဏာရှင်ကို လက်မခံကြောင်း၊ စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲကို လက်မခံကြောင်း သိစေရန် စစ်အာဏာရှင်ဆန့်ကျင်ရေး Silent Strike သပိတ်တွင် ပူးပေါင်းပါဝင်ကြသည်။   #RedNewsAgency                    
                                            
                                    
