Editor

1561 Posts
စစ်ကိုင်းတိုင်းအနေဖြင့် ဖက်ဒရယ်ယူနစ်တခုအဖြစ်ပါဝင်နိုင်ရန် KNU မျှော်လင့် 

စစ်ကိုင်းတိုင်းအနေဖြင့် ဖက်ဒရယ်ယူနစ်တခုအဖြစ်ပါဝင်နိုင်ရန် KNU မျှော်လင့် 

RNA_မေ(၃၀)၊၂၀၂၃ ခုနှစ်။ ယနေ့ အွန်လိုင်းမှတဆင့် ကျင်းပပြုလုပ်သည့် "စစ်ကိုင်းဖိုရမ်" သို့ ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး ဗဟိုဌာနချုပ်မှ ပေးပို့သည့်သဝဏ်လွှာတွင် ဖက်ဒရယ်ပြည်ထောင်စုသစ်တည်ဆောက်ရေးလုပ်ငန်းစဉ်တွင် စစ်ကိုင်းတိုင်းအနေဖြင့် ဖက်ဒရယ်ယူနစ်တခုအဖြစ်ပါဝင်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားထားသည်။ "နွေဦးတော်လှန်ရေး၏ ပထမဆုံးသောလက်နက်ကိုင်တော်လှန်ရေးစတင်ရာဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကို ဦးဆောင်သောခေါင်းဆောင်များ၏ နိုင်ငံရေးရည်မှန်း ချက်ခိုင်မာမှု၊ အမျှော်အမြင် ရှိမှုနှင့်အတူ မိမိကြမ္မာ မိမိဖန်တည်းခွင့်ကို ကျင့်သုံးပြီး မတူကွဲပြားမှုများကို အင်အားအဖြစ်စုစည်းကာ ဤဖိုရမ်အပါအဝင် ညှိနှိုင်းဆွေးနွေးမှုအဆင့်ဆင့်ဖြင့် ဖက်ဒရယ်ယူနစ်တခုအဖြစ် ဖွဲ့စည်းနိုင်ရေးအတွက်ကိုလည်းတိုက်တွန်းပါကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စုသစ်တည်ဆောက်ရေးလုပ်ငန်းစဉ်တွင် စစ်ကိုင်းတိုင်းအနေဖြင့် ဖက်ဒရယ်ယူနစ်တခုအဖြစ်ပါဝင်နိုင်ရန်ကိုလည်း KNU က မျှော်လင့်ပါကြောင်း မိမိတို့၏သဘောထားကို ဖော်ပြအပ်ပါသည်" ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။ (more…)
Read More
သာယာဝတီအကျဉ်းထောင်တွင် မဲကြီး (ခေါ်) ကိုပြည့်ဖြိုးဝင်း ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခံရ

သာယာဝတီအကျဉ်းထောင်တွင် မဲကြီး (ခေါ်) ကိုပြည့်ဖြိုးဝင်း ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခံရ

RNA_မေ(၂၉)၊၂၀၂၃ ခုနှစ်။   ရန်ကုန်မြို့ အင်းစိန်ထောင်မှ ပဲခူးတိုင်း အနောက်ခြမ်း သာယာဝတီ အကျဉ်းထောင်သို့ ပြောင်းရွှေ့ခံလိုက်ရပြီးနောက် မဲကြီး (ခေါ်) ကိုပြည့်ဖြိုးဝင်းသည် သာယာဝတီထောင်အတွင်း ညှင်းပမ်းနှိပ်စက်ခံရသည့် ဒဏ်ရာများကြောင့် မေလ ၂၁ ရက်နေ့က ကျဆုံးသွားခဲ့ကြောင်း သိရသည်။   ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်မှ မဲကြီး(ခေါ်) ကိုပြည့်ဖြိုးဝင်းသည် ကျန်းမာရေးကောင်းမွန်နေသည့်ကြားမှ ယခုလိုသေဆုံးခဲ့ခြင်းကို သာယာဝတီထောင်အဏာပိုင်များက အဆုတ်ပိုးဝင်ပြီး သေဆုံးသည်ဟု မိသားစုကို ပြောကြားထားကြောင်း၊ မိသားစုသည် သာယာဝတီထောင်သို့ မေလ ၂၂ ရက်နေ့က လိုက်သွားခဲ့ရာ ကိုပြည့်ဖြိုးဝင်း၏ ရုပ်အလောင်း မျက်နှာအား မြင်တွေ့ခွင့်ရခဲ့ကြောင်း၊ ထောင်အာဏာပိုင်များက ဆေးရုံတင်ပြီး ၄ ရက်မြောက်မှ သေဆုံးခဲ့သည်ဟု မိသားစုကို အသိပေးခဲ့ကြောင်း…
Read More
တရုတ်ကျောက်သူဌေး ဦးအားတီနေအိမ် ဓါးပြတိုက်ခံရပြီး ရွှေချောင်း၊ ကျောက်ရိုင်းတုံးနှင့်ကားများပါသွား

တရုတ်ကျောက်သူဌေး ဦးအားတီနေအိမ် ဓါးပြတိုက်ခံရပြီး ရွှေချောင်း၊ ကျောက်ရိုင်းတုံးနှင့်ကားများပါသွား

RNA_ဖားကန့် မေလ ၂၉ ရက်၊ ၂၀၂၃ ခုနှစ်။   ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ၊ ရှမ်းကုန်းဈေးအနီးရှိ တရုတ်ကျောက်သူဌေး ဦးအားတီ၏နေအိမ်ကို မေလ ၂၈ ရက်နေ့ညပိုင်းက ဓားပြ (၆) ယောက်အဖွဲ့မှ ခြိမ်းခြောက်တိုက်ခိုက်ပြီး ရွှေချောင်းများ၊ ကျောက်ရိုင်းတုံးများနှင့် မော်ဒမြင့်ကားနှစ်စီးပါ ယူသွားကြောင်း သိရသည်။   စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဖားကန့်မြို့မှ ရွှေဆိုင် ဓါးပြတိုက်ခံရမှု၊ လုံးခင်းကျေးရွာမှ ဖုန်းဆိုင်တစ်ခုအတွင်း AK 47 ဟုယူဆရသည့် သေနတ်ကိုင်ဆောင်ကာ ဓါးပြတိုက်မှု၊ ဆိပ်မူကျေးရွာ နှီးဘုရားကုန်းအနီး ဓါပြတိုက်ခံရမှုများ ဖြစ်ပွားခဲ့ကြောင်း၊ ဆိပ်မူကျေးရွာ နှီးဘုရားကုန်းအနီး ဓါးပြမှုမှ ပါဝင်သူများကို ဖားကန့် KPDF မှ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း…
Read More
စစ်တပ်နှင့် အပေးအယူတည့်ခဲ့သည့် ဖားကန့်မှ​ကျောက်စိမ်း လုပ်ကွက်တစ်ခုအား စစ်တပ်မှဝင်စီး

စစ်တပ်နှင့် အပေးအယူတည့်ခဲ့သည့် ဖားကန့်မှ​ကျောက်စိမ်း လုပ်ကွက်တစ်ခုအား စစ်တပ်မှဝင်စီး

RNA_ဖားကန့် မေလ၂၉ ရက်၊၂၀၂၃ ခုနှစ်။   ဖားကန့်မြို့၊ မော်ဝမ်းအုပ်စု၊ မော်ဝမ်းကြီးကျေးရွာအနီးရှိ လုပ်ကွက်တစ်ခုအား စစ်ကောင်စီတပ်မှ မေလ ၂၇ ရက် ညဦးပိုင်းတွင် သေနတ်ပစ်ဖောက် ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။   စစ်ကောင်စီတပ်မှဝင်စီးခဲ့သည့် ကျောက်စိမ်းလုပ်ကွက်သည် အပေးအယူ တည့်ထားသည့်အတွက် ကျောက်စိမ်းတူးဖော်မှုလုပ်ကွက်ဖြစ်ကြောင်း၊ ဝင်ရောက်စီးနင်းစဉ် ဘက်ဟိုးနှင့် မြေသယ်ကားများအား သိမ်းဆည်းပြီး လုပ်ကွက်လုံခြုံရေးယူပေးထားသည့် ကချင်အမျိုးသား (၆) ဦးခန့်နှင့် ကျောက်ကျင်းလုပ်ကွက်မှ ဝန်ထမ်း(၅၀)ဦးခန့်အား ‌ဖမ်းဆီးကာ မြေပြင်တွင်ထိုင်ခိုင်းထားခဲ့ကြေင်း မျက်မြင်တွေ့သူတဦးက ပြောသည်။   စစ်ကောင်စီ စစ်တပ်၏ ဝင်ရောက်စီးနင်းခံရသည့် လုပ်ကွက်သည် ကျော်နိုင်နှင့်ညီများ ပိုင်ဆိုင်သည်ဟု စုံစမ်းသိရှိရပြီး ကျော်နိုင်နှင့်ညီများအုပ်စုသည် ယခင်က စစ်ကောင်စီတပ်နှင့် KIA လက်နက်ကိုင်အဖွဲ့အစည်းအပြင်…
Read More
မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ပြည်သူများ AA ကိုသာ အားကိုးနေရ

မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ပြည်သူများ AA ကိုသာ အားကိုးနေရ

RNA_မေ(၂၉)၊၂၀၂၃ ခုနှစ်။   ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းမှ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ပြည်သူများသည် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီကို အားကိုးမရသည့်အတွက် ရက္ခိုင့်တပ်တော်- AAကိုသာ အားကိုးနေရကြောင်း ဒေသခံများက ပြောကြားသည်။   မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီသည် မိုခါမုန်းတိုင်းပြည်လည်ထူထောင်ရေးအတွက် နိုင်ငံတကာပါအဝင်ပါအဝင် ပြည်တွင်းလုပ်ငန်းရှင်များထံမှ အလှူငွေနှင့်အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများအပါအဝင် စားနပ်ရိက္ခာများရရှိထားသော်လည်း ရခိုင်ပြည်နယ်တွင်း ကူညီထောက်ပံ့မှုမရှိသလောက်ဖြစ်ပြီး ရက္ခိုင့်တပ်တော် -AA ရဲဘော်များက လက်တွေ့ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေခြင်း ဖြစ်သည်။   “ဒီမှာက AAပဲအားကိုးရတာ စကစက ဘာမှမရှိဘူး။ စကစက တအိမ်ထောင် ဆန်နို့ဆီဗူး၂ဗူး လှူတယ် ဓာတ်ပုံရိုက်ပြီး ပြန်သွားတယ်" ဟု ဒေသခံတဦးက ပြောသည်။ (more…)
Read More
ရေစကြိုမြို့ပေါ်တွင် ဖမ်းဆီးခံရသည့် MBT ရဲဘော် နှိပ်စက် သတ်ဖြတ်ခံရ

ရေစကြိုမြို့ပေါ်တွင် ဖမ်းဆီးခံရသည့် MBT ရဲဘော် နှိပ်စက် သတ်ဖြတ်ခံရ

RNA_မေ(၂၆)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံလိုက်ရသည့် Myingyan Black Tiger တပ်ဖွဲ့မှ ရဲဘော်တိုးနိုင် ညှင်းပမ်းနှိပ်စပ်မှုများခံရပြီး သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ Myingyan BLack Tiger တပ်ဖွဲ့မှ ရဲဘော်တိုးနိုင်သည် မေလ ၂၄ ရက်နေ့က ရေစကြိုမြို့ပေါ်တွင် ဒဏ်ရာရရှိကာ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရပြီး မေလ ၂၅ ရက်နေ့တွင် ကျဆုံးသွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်သားများသည် ရဲဘော်တိုးနိုင်ကို ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ပြီး ချင်းတွင်းမြစ်အတွင်း မျောခဲ့သည့် အတွက် MBT ရဲဘော်များက ပြန်ဆယ်ကာ ယနေ့ ဈာပနအခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။ #RedNewsAgency
Read More
မကွေးဆေးတက္ကသိုလ် ကျောင်းသား တိုက်ပွဲတွင်ကျဆုံး 

မကွေးဆေးတက္ကသိုလ် ကျောင်းသား တိုက်ပွဲတွင်ကျဆုံး 

RNA_မေ(၂၅)၊၂၀၂၃ ခုနှစ်။ မကွေး ဆေးတက္ကသိုလ်၊ ဆေးပညာအခြေခံနှစ် (Foundation Year) မှ ကျောင်းသား မောင်စွမ်းထက် (အသက် ၂၀ နှစ်)သည် မေလ (၂၂) ရက်နေ့ စစ်ကိုင်း တိုင်း၊ ခင်ဦးမြို့နယ်အတွင်း တိုက်ပွဲတွင် ကျဆုံးခဲ့ရကြောင်း သိရသည်။ "မောင်စွမ်းထက်ကို အာဇာနည်သူရဲကောင်းတစ်ဦးအဖြစ် အသိအမှတ်ပြုအပ်ပြီး မိသားစုနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပါသည်" ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနမှ မေလ ၂၄ ရက်နေ့က ထုတ်ပြန်ထားသည်။ (more…)
Read More
ကျောက်မောရွာရှိ ရဲကင်းစခန်းကို ABSDF ရဲဘော်များ တိုက်ခိုက်သိမ်းပိုက်

ကျောက်မောရွာရှိ ရဲကင်းစခန်းကို ABSDF ရဲဘော်များ တိုက်ခိုက်သိမ်းပိုက်

RNA_မေ(၂၅)၊၂၀၂၃ ခုနှစ်။ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်မြို့နယ် ကျောက်မောကျေးရွာရှိ ရဲကင်းစခန်းကို ABSDF ရဲဘော်များ မေလ (၂၄) ရက်နေ့ နံနက်(၆) နာရီ (၁၅) မိနစ်က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ မိနစ် (၃၀) ဝန်းကျင်ကြာ ရဲကင်းစခန်းစီးနင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ်ကြီး အပါအဝင် (၄) ဦးသေဆုံးပြီး၊ BA- 63 (G-3) ၄ လက်၊ BA-64 (G-4)၁ လက်၊ BA-93 Uzi ၁ လက်၊ ကျည်ကဒ် ၉ ကဒ်၊ ကျည် ၆၅၀ နှင့် လက်ပစ်ဗုံး ၃ လုံးအပါအဝင် ရဲ…
Read More
ဖမ်းဆီးခံရသည့်ရဲဘော် ကယ်ထုတ်နိုင်ရေးအတွက် ရေစကြိုမြို့ပေါ်တွင် ပစ်ခတ်မှုဖြစ်

ဖမ်းဆီးခံရသည့်ရဲဘော် ကယ်ထုတ်နိုင်ရေးအတွက် ရေစကြိုမြို့ပေါ်တွင် ပစ်ခတ်မှုဖြစ်

RNA_မေ(၂၅)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် Myingyan Black Tiger (MBT) အမှတ် (၂) စခန်းမှ ရဲဘော်တဦးဒဏ်ရာရရှိကာ မေလ ၂၄ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးခံရပြီးနောက် နေ့တွင်းချင်း ပြန်လည်ကယ်ထုတ်နိုင်ရေးအတွက် MBT တပ်ဖွဲ့ရဲဘော်များအင်အားအများအပြားဖြင့် မြို့တွင်းဝင်ကာ စစ်ကောင်စီတပ်စခန်းချထားသည့် ရုံးပေါင်းစုံတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ အင်အားအများအပြားဖြင့် MBT ရဲဘော်များ မြို့ပေါ်တက်လာသည့်အတွက် စစ်ကောင်စီတပ်မှ ဒဏ်ရာရ ရဲဘော်ဆေးကုနေသည့်ဆေးရုံတွင် အင်အားပြည့်တင်းထားသည့်အတွက် ရုံးပေါင်းစုံစခန်းကိုသာ ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ရဲဘော်အား မကယ်နိုင်သော်လည်း စစ်ကောင်စီတပ်ဘက်မှ ကျဆုံးမှုများရှိကြောင်း MBTက ယနေ့ ထုတ်ပြန်ထားသည်။ Red News Agency
Read More
ဒီးမော့ဆိုမြို့နယ် (၉) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအပါအဝင် (၄၀) နီးပါးသေ 

ဒီးမော့ဆိုမြို့နယ် (၉) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအပါအဝင် (၄၀) နီးပါးသေ 

RNA_မေ(၂၄)၊၂၀၂၃ ခုနှစ်။ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အရှေ့ဖက်ခြမ်းရှိ တနီးလာလဲကျေးရွာတောင်ပေါ်မှ ဒေါလျားခူ ကျေးရွာ တောင်ပေါ်ဖက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် KNDF နှင့် မဟာမိတ်တပ်ဖွဲ့များအကြား (၉) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်ကြီး တစ်ဦးအပါအဝင် (၄၀) နီးပါးသေဆုံးကြောင်း သိရသည်။ "စစ်ကောင်စီဖက်မှ ဗိုလ်ကြီးအဆင့်ရှိသူ(၁)ဦး၊ဗိုလ်အဆင့်ရှိသူ(၂)ဦး အပါအဝင် စစ်ကောင်စီတပ်သား (၄၀)နီးပါး သေဆုံးခဲ့ပြီး ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူလည်းများပြားခဲ့ပါသည်" ဟု KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (more…)
Read More