10
May
မင်းအောင်လှိုင်မဟုတ်သော စစ်ခေါင်းဆောင်တစ်ယောက်ကို ရွေးချယ်ဖို့နဲ့မင်းအောင်လှိုင်ကို ထိုးကြွေးပြီး တော်လှန်ရေး အင်အားစုတွေနဲ့ ညှိနှိုင်းဆွေးနွေးနိုင်ဖို့ ကို ဦးတည်နေတာကို သိသာထင်ရှားစွာမြင်လာရပါတယ်...... ရေဂါ - ရေးသားသည်။ တရုတ်အစိုးရဟာ ၂၀၂၃ နှစ်ဦးပိုင်းကနေ ဒီနေ့အထိ ကို မြန့်မာအရေးနဲ့ပါတ်သက်လို့ ခပ်စိတ်စိတ်ခြေလှမ်းသွက်လုပ်ဆောင်နေတာတွေကိုတွေ့ရပါတယ်။တရုတ်ဟာ မြန်မာပြည်ရဲ့ တရားမျှတမှုမမျှတမှုတွေ အကျပ်အတည်းတွေ ပြည်သူတွေရဲ့ဒုက္ခတွေကိုလုံးလုံးစိတ်မဝင်စားပဲ ၎င်းတို့ရဲ့အကျိုးစီးပွားတွေမထိခိုက်ဖို့နဲ့အလုံးစုံ လက်ဝေခံနိုင်ငံတစ်ခုအဖြစ် သူ့လက်အောက်မှာထားရှိနိုင်ရေးကိုသာ ဦးတည်စဉ်းစားနေတာဖြစ်ပါတယ်။ မြန်မာပြည်ဟာတရုတ်ရဲ့ပထဝီဝင်နိုင်ငံရေးအရ အိမ်နီးချင်း ခြံစည်းရိုးတစ်ခုဖြစ်သလို ပင်လယ်ထွက်ပေါက်တစ်ခုလည်းဖြစ်နေပြန်ပါတယ်။ ရခိုင်ကမ်းရိုးတန်းကနေ တနင်္သာရီအထိ ၁၃၈၅ မိုင်ထိ ကျယ်ပြန့်တဲ့ပင်လယ်ထွက်ပေါက်နဲ့သဘာဝဓာတ်ငွေ့သိုက်တွေ ဟာလဲ တရုတ်ရဲ့မျက်စိကျစရာ ကမ္ဘာ့ပါဝါချိန်ခွင်လျှာမှာ အသာစီးရစေရေးအတွက် ဗျူဟာမြောက်နေရာတစ်ခုဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဒီလို သူရဲ့ကမ္ဘာ့နံပါတ်တစ်ဖြစ်လာ ဖို့ အိပ်မက်အကောင်အထည်ဖော်ရမှာအရေးပါတဲ့မြန်မာပြည်မှာ မတည်မငြိမ်ဖြစ်နေတာမျိုးကိုသူမလိုလားသလို အားလုံးတစ်ညီတစ်ညွတ်တည်းစည်းလုံးနေမှာမျိုးကိုလဲသူမလိုလားပါဖူး။ဒါကြောင့် ရှုံးနိုင်ချေများနေတဲ့…