Editor

1539 Posts
UEC ဒုတိယညွှန်ကြားရေးမှူးချုပ်ကို သတ်ဖြတ်သည်ဟု စွပ်စွဲကာ လူငယ် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ

UEC ဒုတိယညွှန်ကြားရေးမှူးချုပ်ကို သတ်ဖြတ်သည်ဟု စွပ်စွဲကာ လူငယ် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ

RNA_မေ(၂၁)၊၂၀၂၃ ခုနှစ်။ UEC ဒုတိယညွှန်ကြားရေးမှူးချုပ် စိုင်းကျော်သူအပါ အဝင် အခြားသူများကိုပါ သတ်ဖြတ်ခဲ့ခြင်းနှင့် Yangon Revolution Force-YRF အဖွဲ့ဝင်များဟု စွပ်စွဲကာ လူငယ် (၁၀) ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်း သိရသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် စိုင်းကျော်သူကို ဧပြီလ ၂၂ ရက်နေ့က လုပ်ကြံသတ်ဖြတ်သူဟု စွပ်စွဲကာ ကိုအာကာထက်ကျော် (ခ)အောင်သုခအား မေ ၁၂ ရက်နေ့က Glock ပစ္စတို ၁ လက်၊ ၉ မမ ကျည် ၂၀ တောင့်နှင့်အတူ စမ်းချောင်းမြို့နယ်၊ လင်း လွန်းမြောက်ရပ်ကွက်၊ ဇလွန်လမ်း၊ (၅)လွှာ(A)၊ အိမ်အမှတ် (၃၅)မှာ ဖမ်းဆီးရမိကြောင်း စစ်ကောင်စီလက်အောက်ခံ…
Read More
စစ်ကောင်စီတပ်နှင့် တိုက်ပွဲအတွင်း KNDF အမှတ် (၉)တပ်ရင်း (ဒု)စုမှူးမောင်ဖရန်စစ္စကို ကျဆုံးခဲ့ရ

စစ်ကောင်စီတပ်နှင့် တိုက်ပွဲအတွင်း KNDF အမှတ် (၉)တပ်ရင်း (ဒု)စုမှူးမောင်ဖရန်စစ္စကို ကျဆုံးခဲ့ရ

RNA_မေ(၂၀)၊၂၀၂၃ ခုနှစ်။ KNDF အမှတ် (၉)တပ်ရင်း (ဒု) တပ်စုမှူး မောင်ဖရန်စစ္စကို (ဂျားဂျာ) သည် မေလ ၁၈ ရက်နေ့ ရှေ့တန်းတနေရာတွင် စစ်ကောင်စီတပ်နှင့်တိုက်ပွဲအတွင်း ကျဆုံးခဲ့ရကြောင်း သိရသည်။ မောင်ဖရန်စစ္စကို (ဂျားဂျာ) သည် KNDF အမှတ် (၉)တပ်ရင်းတွင် (ဒု) တပ်စုမှူး တာဝန်ဖြင့် ရှေ့တန်းနယ်မြေ ထိတွေ့တိုက်ပွဲများတွင် ရွံ့ရွံ့ချွန်ချွန် ပါဝင်တိုက်ခိုက်ခဲ့သော ရဲဘော်တစ်ဦးဖြစ်ကြောင်း၊ အမှန်တရားအတွက် အသက်ကို ပဓာနမထားဘဲ ရဲရင့်စွာတိုက်ပွဲဝင်ကာ အသက်ပေးဆပ်သွားခဲ့ပါသော ရဲဘော် (မောင်ဖရန်စစ္စကို)အား အလေးနီပြုပါသည်ဟု KNDF အမှတ် (၉)တပ်ရင်းမှ ထုတ်ပြန်ထားသည်။ Red News Agency
Read More
စစ်ကောင်စီတပ် ပြောင်းလဲလာသည့် စစ်ရေးဗျူဟာ

စစ်ကောင်စီတပ် ပြောင်းလဲလာသည့် စစ်ရေးဗျူဟာ

" နေ့ဘက် Drone ရန်ကာကွယ်ရန်၊ မိုင်းဆွဲတိုက်ခိုက်ခံရမှုများကို ကာကွယ်ရန်အတွက် ညတိုက်ပွဲဗျူဟာကိုပြောင်းလဲအသုံးပြုလာရခြင်းဖြစ်ပါသည်။ ထို့အပြင် ယခင်လို တိုင်းရင်းသာလက်နက်ကိုင်စခန်းများနှင့် PDFစခန်းများကို နေ့အချိန်စစ်ကြောင်းထိုး တိုက်ခိုက်လာခြင်းများမပြုလုပ်တော့ဘဲ လေကြောင်းဖြင့်သာ ညဘက်တိုက်ခိုက်" အောင်ဇေ   စစ်တပ်သည် လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုက်ပွဲများတိုက်ခိုက်လာသည်မှာ သာမန်ရိုကျတိုက်ပွဲများနှင့် သာမန်ရိုးကျစစ်နည်းဗျူဟာများဖြင့်သာ တိုက်ခိုက်လာခဲ့ပါသည်။ ယခုအခါ မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ် အာဏာသိမ်းပြီသည်နောက်ပိုင်းတွင် ယခင် ရင်းသားလက်နက်ကိုင်များသာမက ဒေသကာကွယ်ရေးတပ်များနှင့် PDFရဲဘော်များကိုပါ တိုက်ခိုက်လာရခြင်းဖြစ်ပါသည်။ ထိုကဲ့သို့တိုက်ခိုက်လာရသော စစ်တပ်သည် ယခင် တိုင်းရင်းသားလက်နက်ကိုင်များကို တိုက်ခိုက်သလ်ို သာမန်ရိုးကျတိုက်ပွဲ သာမန်ရိုးကျ ဗျူဟာများကို အသုံးပြု တိုက်ခိုက်၍ မရတော့ဘဲ လေကြောင်းဖြင့် တိုက်ခိုက်ခြင်း နည်းဗျူဟာနှင့် ညဘက်ချီတက်တိုက်ခိုက်ခြင်း နည်းဗျူဟာ (ညတိုက်ပွဲ)များကို…
Read More
မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ထောင်ဒဏ် ၅၂ နှစ်ချမှတ်ခံထားရ 

မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ထောင်ဒဏ် ၅၂ နှစ်ချမှတ်ခံထားရ 

RNA_မေ(၁၉)၊၂၀၂၃ ခုနှစ်။ စစ်အာဏာရှင်စနစ် ကျန့်ကျင်ရေး မုံရွာလူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ တရားရုံးက ယနေ့ ထောင်ဒဏ် အနှစ် (၂၀) ထပ်မံချမှတ်လိုက်သည့်အတွက် စုစုပေါင်း ထောင်ဒဏ် (၅၂) နှစ်ထိ ချမှတ်ခံထားကြောင်း သိရသည်။ ကိုဝေမိုးနိုင်ကို ယနေ့ (မေလ ၁၉ ရက်)တွင် နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ ၁၂၂ ဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်ကြောင်း၊ မတရားဖမ်းဆီးခံရပြီးနောက် ပုဒ်မ ၅၀၅-က ဖြင့် ၅ မှုဖြင့် ထောင်ဒဏ် (၁၀) နှစ်၊ သဘာဝဘေး ပုဒ်မ ၂၅ ဖြင့် (၂) နှစ်၊ ပုဒ်မ ၃၉၅၊ ၃၉၇…
Read More
တူမီးကြောင့် သွေးပျက်နေတဲ့ ဖက်ဆစ်စစ်တပ် 

တူမီးကြောင့် သွေးပျက်နေတဲ့ ဖက်ဆစ်စစ်တပ် 

" ခေါင်းအစား ခေါင်း၊ မျက်လုံးအစား မျက်လုံး၊အသက်အစား အသက်ပြန်ယူတက်သည့် ကလဲ့စားသည် တောင်ပိုင်းချင်းလူမျိုးတစ်စု၏ ရိုးရာ ဓလေ့အမှန်ရှိခဲ့သည်ကိုလည်း မ‌မေ့သင့်ပါ။ မတရားမှုကိုရွံရှာမုန်းတီးပြီး အမှန်တရားကို အသက်ပေးမြတ်နိုးတန်ဖိုးထားကာကွယ်ထိန်းသိမ်းသည့်လူမျိုး"    လင်းယုန် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့စစ်တပ်က အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးစစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေပေါ်ပေါက်လာခဲ့သလို ချင်းပြည်နယ်အတွင်းရှိ မြို့နယ်၊ကျေးရွာတွေအထိ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ အဆက် မပြတ်ပေါ်ပေါက်လာခဲ့ပါသည်။ ချင်းလူမျိုးအားလုံးနီးပါး စစ်အာဏာရှင်ကို ရွံ့ရှာမုန်တီးတဲ့စိတ်က မွေးကတည်းကပါလာပြီးသားဖြစ်သလို မတရားအာဏာလု မင်းအောင်လှိုင်၏ လုပ်ရပ်ကြောင့်လည်းပို၍ ချင်းပြည်သူလူထု သွေးဆူလာစေသည်ဟု သုံးသပ်မိပါသည်။ တူမီးသေနတ်နှင့်ချင်း တူမီးသေနတ်သည် ချင်းလူမျိုးများ၏ ရှေးယခင်ဘိုးဘွားခေတ်ကတည်းက ထိန်းသိမ်းစောင့်ရှောက်လာသည့် ရိုးရာလက်နက်တစ်ခုဖြစ်သလို ချင်းယောက်ျားလေးရှိသည့်အိမ်တိုင်းနီးပါး တူမီး သေနတ်ရှိကြသည်။ လူတစ်ဦးတစ်ယောက်ကိုအသက်အန္တရာယ်ပြုရန်ကိုင်‌ဆောင်ခြင်းမဟုတ်ပါ။…
Read More
အကျဉ်းထောင်မှလက်နက်များနှင့်အတူ လွတ်မြောက်သွားသူ ၁၀ ဦး ယနေ့ည (၈) နာရီထိ လွတ်မြောက်နေ 

အကျဉ်းထောင်မှလက်နက်များနှင့်အတူ လွတ်မြောက်သွားသူ ၁၀ ဦး ယနေ့ည (၈) နာရီထိ လွတ်မြောက်နေ 

RNA_မေ(၁၈)၊၂၀၂၃ ခုနှစ်။ ယနေ့ နေ့လည်ပိုင်းက တောင်ငူထောင်တွင် ဖြစ်ပွားခဲ့သည့် နိုင်ငံရေးအကျဉ်းသားများအပါအဝင် (၁၀) ဦးသည် စစ်ကောင်စီလက်အောက်ခံများထံမှ လက်နက်လုတိုက်ခိုက်ကာ လက်နက်များနှင့်အတူ ယနေ့ည (၈) နာရီထိ လွတ်မြောက်နေကြောင်း သိရသည်။ "အခုညထိ သူဆို့ကို ဖမ်းမိတယ်မကြားသေးဘူး၊ စခဘော်ဘီအကောင့်တွေက ဓာတ်ပုံတွေနဲ့တင်ပြီး အမြန်ဖမ်းဆီးရမိဖို့ အင်တိုက်အားတိုက်လုပ်နေတယ်၊ ဒေသခံတွေဆီရောက်လာရင် ဒါက မဖြစ်မနေကူညီပေးသင့်တယ်၊ နောက်ပြီးတော့ တညလောက်သာ လွတ်ရင် KNU ဆီမှာ ရောက်ပြီ အဲနယ်က KNU နယ်နဲ့ နီးတယ်၊ အခုညလဲ ရောက်သွားနိုင်တယ်" ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တဦးက ပြောသည်။ (more…)
Read More
ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းကို မကွေးတိုင်းကွပ်ကဲရေးရုံးတာဝန်ရှိသူများက လက်နက်တပ်ဆင် 

ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းကို မကွေးတိုင်းကွပ်ကဲရေးရုံးတာဝန်ရှိသူများက လက်နက်တပ်ဆင် 

RNA_မေ ၁၈ ၊၂၀၂၃ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ- NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းနှင့် မကွေးတိုင်းကွပ်ကဲရေးရုံးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး လက်နက်အချို့ တပ်ဆင်ပေးမှုများ ပြုလုပ်ခဲ့ကြောင်း ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းမှ ယနေ့ ထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
ရခိုင်ပြည်နယ် မုန်တိုင်းသင့်ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေးတွင်အသုံးပြုရန် KIO ဗဟိုဌာနချုပ်က သိန်းသုံးထောင်လှူဒါန်း

ရခိုင်ပြည်နယ် မုန်တိုင်းသင့်ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေးတွင်အသုံးပြုရန် KIO ဗဟိုဌာနချုပ်က သိန်းသုံးထောင်လှူဒါန်း

RNA_မေ(၁၈)၊၂၀၂၃ ခုနှစ်။   အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ပျက်စီးဆုံးရှုံးသွားမှုများအတွက် အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် လူသားချင်းစာနာထောက်ထားမှုအားဖြင့် KIO ဗဟိုဌာနချုပ်မှ ကျပ် သိန်းသုံးထောင်ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်သို့ လှူဒါန်းခဲ့ကြောင်း AA ကထုတ်ပြန်ထားသည်။   ရခိုင်ပြည်နယ်အတွင်း မုန်တိုင်ဒဏ်သင့် ပြည်သူများအတွက် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG မှ ကျပ်သိန်းတစ်ထောင်၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် - MNDAA မှ ကျပ်သိန်းတစ်ထောင်၊ ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့- KIO မှ ကျပ်သိန်းသုံးထောင်လှူဒါန်းမှုတို့ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်တို့မှ လက်ခံရရှိထားကြောင်း၊ မုန်တိုင်းလေဘေးဒဏ်ကြောင့် ရခိုင်ပြည်သူလူထု ဒုက္ခရောက်နေချိန် ညီနောင်မဟာမိတ်ပီသစွာ ပံ့ပိုးကူညီပေးမှုအပေါ် လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်မှ ထုတ်ပြန်ပြောကြားထားသည်။ (more…)
Read More
PDF စခန်းများနှင့် စစ်ကြောင်းများ ဘာ့ကြောင့် တိတိကျကျ တိုက်ခိုက်ခံနေရလဲ

PDF စခန်းများနှင့် စစ်ကြောင်းများ ဘာ့ကြောင့် တိတိကျကျ တိုက်ခိုက်ခံနေရလဲ

စစ်ကောင်စီတပ် အသုံးပြုနေသည့် DF ခေါ် Directional  Finder စက်အမျိုးအစားသည် တိုင်းရင်းသားလက်နက်ကိုင်များ အချင်းချင်းပြောဆို ဆက်သွယ်သောလှိုင်းနုန်းများကို Scanဖတ်ပြီး ရရှိလာသောလှိုင်းနှုန်း၏ အရပ်ဒေသကိုသိရှိရန်အတွက် Google Map ပေါ်တွင်တင်၍စက်လှိုင်းနှုန်းထုတ်လွင့်မှုတည်နေရာကိုရှာဖွေနိုင် အောင်ဇေ မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်သည် လွန်ခဲ့သော ၁၀စုနှစ်တခုအတွင်း Cyber Warefare ခေတ်မှိနည်းပညာဆက်သွယ်ရေးနှင့်ကြားဖြတ်ဖမ်းခြင်းများ Jummer များကို အစ္စရေး၊ ဩစတြေးလျနှင့်တရုတ်နိုင်ငံများ မှ ဝယ်ယူပြီး စတင်အသုံးပြုလာခဲ့ပါသည်။ ထိုနိုင်ငံများမှဝယ်ယူထားသောစက်ပစွည်းများတွင် ဆက်စွယ်ရေးစက်များကို ကြားဖြတ်ဖန်းယူနိုင်သောစက်များ ၊ဆက်သွယ်ရေးစက်များ၏ locationများကို ရှာဖွေသောစက်များနှင့် Bomb Jummer များ၊ Frequency jummerများနှင့် နည်းပညာမြင့်မားသော တယ်လီဖုန်းလိုင်းများ ကြားဖြတ်ဖမ်းယူရေးစက်များကို အသုံးပြုလာခဲ့ပါသည်။ တိုင်းရင်းသားလက်နက်ကိုင်းများ၏ ဆက်သွယ်ရေးစက်မှပြောဆို နေသောစစ်ရေးလှုပ်ရှားမှုသတင်းများကို ICR6500…
Read More
မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် တိုင်းနှင့်ပြည်နယ် (၇) ခုတွင် သေဆုံးသူ (၄၃၅) ဦးရှိ

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် တိုင်းနှင့်ပြည်နယ် (၇) ခုတွင် သေဆုံးသူ (၄၃၅) ဦးရှိ

RNA_မေ(၁၇)၊၂၀၂၃ ခုနှစ်။   မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း နှင့် စစ်ကိုင်းတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် (၇) ခုတွင် သေဆုံးသူ (၄၃၅) ဦးရှိခဲ့ပြီး အဆက်အသွယ်မရသေးသည့် ပျောက်ဆုံးနေသူများရှိနေသေးကြောင်း မေလ (၁၆) ရက်နေ့ထိ စာရင်းကောက်ယူထားနိုင်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ -NUG က ထုတ်ပြန်ထားသည်။   မေလ ၁၄ ရက်နေ့က ရခိုင်ပြည်နယ်အတွင်း ဦးတည်ဝင်ရောက်လာသည့် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် နေအိမ်အဆောက်အဦများ၊ လမ်းတံတားများ၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ကျွဲနွားသေဆုံးမှု များပြားခဲ့ကြောင်း၊ စစ်တွေမြို့နယ်အတွင်းရှိ ဒုက္ခသည်စခန်းအပါအဝင် ကျေးရွာများနှင့် မကွေးတိုင်း စလင်းမြို့နယ်အတွင်း သေဆုံးသူများရှိခဲ့ကြောင်း သိရသည်။ (more…)
Read More