Red News Agency

Independent Journalism for Justice and Human Rights.

Author: Editor

  • ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းနိုင်မှု ဂုဏ်ယူဦးညွှတ်ဟု NUG ယာယီသမ္မတပြော

    ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းနိုင်မှု ဂုဏ်ယူဦးညွှတ်ဟု NUG ယာယီသမ္မတပြော

    RNA_ဇွန်(၁၂)၊၂၀၂၃ ခုနှစ်။

    ကရင်နီပြည်ကြားကလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းနိုင်မှုကို ဂုဏ်ယူဦးညွှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ -NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့သည်။

    [embedyt] https://www.youtube.com/watch?v=PEF998Y7XA8[/embedyt]

    “ကရင်နီပြည်နယ်မှာ အခုလို ကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းနိုင်ဖို့ဆိုတာက တောင်ယုံတန်ယုံနဲ့ဖြစ်လာတာမဟုတ်ဘူးလို့ ကျနော်အနေနဲ့ယူဆပါတယ်။ ကရင်နီပြည်နယ်မှာ အသက်သွေးချွေးပေါင်း မြောက်များစွာနဲ့ ရင်းနှီးပေးဆပ်ပြီးမှ ဒီလိုအခြေ အနေမျိုးဖြစ်လာတာလို့ ကျနော်အနေနဲ့သိရပါတယ်။ အဲဒါကြောင့် ကျနော်အနေနဲ့ ဂုဏ်ယူဦးညွှတ်ကြောင်း ပထမဦးဆုံး ပြောကြားလိုပါတယ်” ဟု နံနက်ပိုင်းက အွန်လိုင်းမှ ပြုလုပ်ခဲ့သည့် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။

    (more…)

  • ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်း၊ ဥက္ကဌအဖြစ် ခူဦးရယ်က တာဝန်ယူ

    ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်း၊ ဥက္ကဌအဖြစ် ခူဦးရယ်က တာဝန်ယူ

    RNA_ဇွန်(၁၂)၊၂၀၂၃ ခုနှစ်။

    ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (Interim Executive Council of Karenni State -IEC) ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် ကောင်စီအဖွဲ့ဝင် (၆)ဦးဖြင့် ကနဦး ဖွဲ့စည်းခဲ့ရာတွင် ဥက္ကဌအဖြစ် ခူဦးရယ်က တာဝန်ယူထားသည့်ဟု ယနေ (ဇွန်လ ၁၂ ရက်) နံနက်ပိုင်းက တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။

    ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီတွင် ဥက္ကဋ္ဌ ခူဦးရယ်၊ ဒုတိယဥက္ကဋ္ဌ ခွန်ဘီထူး၊ အထွေထွေအတွင်းရေးမှူး ခူပလုရယ်၊ အတွင်းရေးမှူး ၁ ဇူးပဒုမ္မာ၊ အတွင်းရေးမှူး ၂ ဗညားခွန်အောင်၊ ဘဏ္ဍာရေးမှူး မော်ဖိုးမြာတို့ဖြစ်ဖြင့် ကနဦးဖွဲ့စည်းခဲ့ကြောင်း၊ပြည်နယ် အစိုးရတစ်ရပ်၏ အုပ်ချုပ်ရေးကို ဖော်ဆောင်သွားရန်၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍများ အပြန်အလှန် ထိန်းညှိပြီး တည်ငြိမ်အေးချမ်းရေးကို ကြိုးပမ်းဖော်ဆောင်သွားရန် အပါအဝင် ရည်ရွယ်ချက် ၅ ချက်ရှိကြောင်း သိရှိရသည်။

    (more…)

  • တိုက်ပွဲအတွင်း ဖယ်ခုံ PDF တပ်ရင်း (၂) မှ စနိုက်ပါ ရဲဘော် နာတားလက်နှင့်ရဲဘော်ဂျော်နိုင်တို့ ကျဆုံးခဲ့ရ

    တိုက်ပွဲအတွင်း ဖယ်ခုံ PDF တပ်ရင်း (၂) မှ စနိုက်ပါ ရဲဘော် နာတားလက်နှင့်ရဲဘော်ဂျော်နိုင်တို့ ကျဆုံးခဲ့ရ

    RNA_ဇွန်(၁၂)၊၂၀၂၃ ခုနှစ်။

    ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအနီး ဇွန်လ ၁၀ ရက်နေ့ စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိုးဗြဲ PDF တပ်ရင်း (၂) မှ စနိုက်ပါ ရဲဘော်နာတားလက်နှင့် ရဲဘော်ဂျော်နိုင်တို့ လက်နက်ကြီးထိမှန်ကာ ကျဆုံးခဲ့ရသည့်အတွက် ဇွန်လ ၁၁ ရက်နေ့က ဈာပန အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။

    “ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း ကျွန်တော်တို့ (MOBYE PDF 2) မှအားထားရသော စနိုက်ပါ ရဲဘော် နာတားလက် နှင့် ကျောင်းသားရဲဘော် မောင်ဂျော်နိုင်တို့သည် ရန်သူဘက်မှပစ်ခတ်သော လက်နက်ကြီးထိမှန်ကာ တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးခဲ့ရပါသည်” ဟု 1007 Battalion – MOBYE People Defence Force MBPDF B- 02 ကထုတ်ပြန်ထားသည်။

    (more…)

  • အပုပ်နံ့တထောင်းထောင်းနဲ့ သဘာဝရိပ်သာ ဥတ္တမသာရ

    အပုပ်နံ့တထောင်းထောင်းနဲ့ သဘာဝရိပ်သာ ဥတ္တမသာရ

    “သဘာဝတရားရိပ်သာထဲက အရှုပ်ထုတ်တွေကလည်း အများကြီး။ လူသတ်မှုဖြစ်တဲ့အထိ၊ ရိုက်မှုတွေ အချင်းချင်းအနိုင်ကျင့်မှုတွေဖြစ်တဲ့အထိ၊ငွေရေး ကြေးရေး အချေးအငှား အပေးအယူကနေ ပြဿနာဖြစ်တဲ့အထိ မျိုးစုံပါပဲ” 

    တော်လှန်ရေးသစ္စာဖြင့် -ရဲဘော်မီရို ရေးသားသည်။

    သဘာဝရိပ်သာဆရာတော်လို့ခေါ်တဲ့ ဆူနာမီ ဥတ္တရသာရအကြောင်းဟာ ဒီကနေ့ လူပြောသူပြောများနေတဲ့ကိစ္စဖြစ်လာပါတယ်။

    ဒီမိုကရေစီတက်ကြွလှုပ်ရှားတဲ့ ဦးဇင်းမင်းသုညတို့၊ ဆရာတော် ဦးဝါယမတို့ကတော့ ဆူနာမီ ဥတ္တမသာရရဲ့ လာရာနဲ့ လားရာကို ဖွင့်ချခဲ့ပါတယ်။

    ဥတ္တမသာရ ဘာလဲ၊ဘယ်လဲ

    —————————————–

    ဥတ္တမသာရဟာ စီးပွားရေးသမားတဖြစ်လဲ ဗုဒ္ဓဘာသာဘုန်းကြီးဖြစ်လာတဲ့သူပါ။ဆိုလိုတာ ငယ်ဖြူမဟုတ်ဘူး၊တောထွက်ရဟန်းလို့ ပြောကြပါတယ်။

    ပိုဆိုးတာ သူ့ကိုယ်သူ မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုနေပြီ၊ရဟန်းကိစ္စပြီးသူလို့ ကြွေးကြော်တယ်လို့ သိရပါတယ်။

    ဥတ္တမသာရရဲ့ မဂ်တု ဖိုလ်တုဝါဒကို မဟနက အစောပိုင်းမှာ အဓမ္မဝါဒနဲ့ ဝိနစ္စယခုံရုံးတင်ပြီး ဆုံးဖြတ်မယ်လို့ ကြားပြီး နောက်ပိုင်းမှာ သာသနာရေးဝန်ကြီးဌာနက စစ်ဗိုလ်လူထွက် အရာရှိတွေကို ငွေနဲ့ပေါက်ပြီး အမှုပိတ်လိုက်တယ်လို့ ကြားပါတယ်။

    သာသနာရေးဝန်ကြီးဌာနဆိုတာ စစ်အာဏာရှင်စနစ်ကို ကာကွယ်ဖို့ ဖွဲ့စည်းထားတာဖြစ်လို့ လူထုဘက်ကရပ်တည်တဲ့ ရှင်ဥက္ကဌတို့လို မိုးပြာဦးဉာဏတို့ကိုသာ ပြဿနာရှာခဲ့တာဖြစ်ပေမယ့် ဥတ္တမသာရတို့လို ခရိုနီဘုန်းကြီးတွေကိုတော့ ဖေးဖေးမမလုပ်နေတာ သက်သေထင်ရှားပါတယ်။

    ဥတ္တမသာရရဲ့ အတိတ်ကံကိုပုံချတဲ့ဝါဒ၊ပြုသူအသစ် ဖြစ်သူအဟောင်းဆိုပြီး ကံကြွေးချဝါဒတွေကို ခေတ်မီတိုးတက်တဲ့အမြင်ရှိတဲ့ ဘုန်းကြီးတွေက ဝေဖန်ပါတယ်။

    (more…)

  • စစ်ကောင်စီလက်အောက်ခံ လုံးခင်းကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

    စစ်ကောင်စီလက်အောက်ခံ လုံးခင်းကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

    RNA_ဖားကန့် ဇွန်လ ၉ ရက် ၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေကို အမည်မသိ လက်နက်ကိုင်အချို့က ယနေ့ နေ့လည် (၁) နာရီ ၃၀ မိနစ်ဝန်းကျင်က ပစ်သတ်သွားကြောင်း သိရသည်။

    “သေဆုံးလျက်တွေ့တာက လုံးခင်းသင်္ချိုင်းနားမှာပါ၊ သေနတ်နဲ့တေ့ပစ်ထားတာပေါ့” ဟု လုံးခင်းကျေးရွာ လူမှုကူညီရေးအသင်းတခုမှ တာဝန်ရှိသူတဦးက ပြောသည်။

    အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေကို လူတစ်စုက နေထိုင်ရာ လုံးခင်းနေအိမ်ကနေ ‌ခေါ်ထုတ်သွားကြောင်း၊ သိပ်မကြာခင် လုံးခင်းသင်္ချိုင်းနားအနီးတွင် နားထင်ကို တေ့ပစ်ထားသည့် ဒဏ်ရာဖြင့် သေဆုံးလျက်တွေ့ရခြင်း ဖြစ်သည်ဟု မိသားစုဝင် တဦးကပြောသည်။

    ဖားကန့်၌ စစ်တပ်မှ မတရားအာဏာသိမ်းပြီးနောက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးအများစု နှုတ်ထွက်သွားကြသော်လည်း ဦးကျော်ဆွေနှင့် အချို့သော အုပ်ချုပ်ရေးမှူးများသည် စစ်ကောင်စီ၏အလိုကျ လိုက်နာဆောင်ရွက်နေကြဆဲဖြစ်သည်။

    #RedNewsAgency

  • ကြွက်မနိုင် ကျည်မီးနှင့်ရှို့သည့် စစ်ကော​င်စီ

    ကြွက်မနိုင် ကျည်မီးနှင့်ရှို့သည့် စစ်ကော​င်စီ

    “စစ်ကောင်စီနှင့် မြောက်ပိုင်း ၃ဖွဲ့တွေ့ဆုံမှုအရ မုန်တိုင်းသင့် ရခိုင်ဒေသ လူသားချင်းစာနာမှု အကူအညီများ အမြန်ရောက်ရှိရေးအချက်ပါဝင်ခဲ့သော်လည်း လူသားချင်းစာနာမှု အကူအညီများ ပိတ်လိုက်ခြင်းမှာ AA ကို ရန်စနေသလား ထင်မှတ်စရာဖြစ်သည်။အခက်အခဲများကြား ဒုက္ခတောမှာ တိုက်ပွဲဖော်လိုခြင်းလား”  မေးခွန်းထုတ်ရမလို  ဖြစ်နေသည်”

    ငြိမ်းမောင်

    နိုင်ငံတကာကူညီကယ်ဆယ်ရေးများနှင့်လူမှုအဖွဲ့အစည်းများအားလုံးကိုရခိုင်ပြည်အတွင်းသွားလာခွင့်၊ကူညီခွင့်များကိုရည်ရွယ်ပြီးခရီးသွားလာခွင့်ကိုစစ်ကောင်စီ ရပ်ဆိုင်းလိုက်ကြောင်း သတင်းကြားမိချိန် အလွန်တရာ အံသြမိခဲ့သည်။ ဘာ့ကြောင့်လဲဆိုတာ အားလုံးအသိဖြစ်မှာပါ။ မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရခိုင်ပြည်ကြီး နှစ်ကာလများစွာ အချိန်ကြာကြာ ပြန်လည်ထူထောင်ရမည်၊ ပြည်တွင်း ပြည်ပ အကူအညီများစွာ ရမှတည်ဆောက်နိုင်မည်၊ထိုအခြေအနေကို အားလုံးသိနေကြပါလျက် မည်သည့်အတွက်ကြောင့် ဒုက္ခရောက်နေသူများကို ကူညီထောက်ပံ့မှုများ၏ အဝေးဆုံးသို့ တွန်းပို့လိုကြသနည်း တုန်လှုပ်သွားရသည်။

    ICRC   WFP အပါအဝင် နိုင်ငံတကာကူညီကယ်ဆယ်ရေး အဖွဲ့များ ပြည်တွင်း၊ ပြည်ပ လူမှုအဖွဲ့ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းများအားလုံးကို ဇွန် ၈ ရက်နေ့မှ စပြီး သွားလာခွင့်၊ ကူညီခွင့်များ ရပ်ဆိုင်းလိုက်ခြင်းဖြစ်ပြီး WFP က စားနပ်ရိက္ခာအထောက်အပံ့များကို  ကျောက်တော်၊ကျောက်ဖြူ၊စစ်တွေ၊ပုဏ္ဏားကျွန်း၊ပေါက်တော၊မြေပုံ၊မြောက်ဦးနှင့်ရသေ့တောင်မြို့နယ်များနှင့်ဘူးသီးတောင်၊မောင်တောမြို့နယ်များသို့ဆက်လက်ပံ့ပိုးနိုင်ရန်ဆောင်ရွက်နေချိန်တွင်စစ်ကောင်စီကပိတ်ပင်လိုက်ခြင်းဖြစ်သည်။

    ရခိုင်ပြည်နယ် ပြန်လည်ထူးထောင်ရေးအတွင်  ဒေသခံများ အသက်ရှင်နေထိုင်ရပ်တည်ရေးအတွက် အကူအညီ အထောက်အပံ့ များစွာ လိုအပ်နေချိန် ယခုကဲ့သို့ ရပ်ဆိုင်းလိုက်ခြင်း၍ ရခိုင်ပြည်သူများအတိဒုက္ခရောက်စေနိုင်သည် စစ်ကောင်စီ၏ ယုတ်မာခြင်းဖြစ် သည်ဟု ရခိုင်ဒေသခံများက ပြောထားကြသည်။လူသားချင်းစာနာစိတ်နဲ့ကူညီကယ်ဆယ်ရေးတွေပေးနေတာကို ပိတ်ပင်တားဆီးတဲ့ ကိစ္စကတော့ ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိဘူးဟုဒေသခံတစ်ဦးကမှတ်ချက်ပြုသည်။

    (more…)

  • မိုးဗြဲ PDF တပ်ရင်းတိုးချဲ့တည်ထောင်ခြင်း (၁) နှစ်ပြည့် အခမ်းအနားကျင်းပ 

    မိုးဗြဲ PDF တပ်ရင်းတိုးချဲ့တည်ထောင်ခြင်း (၁) နှစ်ပြည့် အခမ်းအနားကျင်းပ 

    RNA_ဇွန်(၇)၊၂၀၂၃ ခုနှစ်။

    မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်းအမှတ် ၁၀၀၇ (မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၂) တိုးချဲ့ တည်ထောင်ခြင်း ( ၁) နှစ်ပြည့်အခမ်းအနား ယနေ့ ကျင်းပခဲ့ကြောင်း သိရသည်။

    ၂၀၂၃ ခုနှစ် ဇွန်လ ၇ ရက်နေ့သည် စစ်အာဏာရှင်ကို လက်နက်ကိုင်ခုခံသည့်တွန်းလှန်ခြင်း ၂ နှစ်ပြည့်နှင့် မိုးဗြဲပြည်သူ့ ကာကွယ်ရေးတပ်ရင်း ၂တိုးချဲ့တည်ထောင်ခြင်းတစ်နှစ်ပြည့်အခမ်းအနားကို အခြေအနေအရ အကျဥ်းချုပ်ပြုလုပ်ခဲ့ရကြောင်း၊ တပ်ရင်းအမှတ် ၁၀၀၁ ( ယမိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ၁) မှအဖြစ်မှ စစ်မြေပြင်တည်နေရာ အနေအထားအရ ခွဲထွက်ကာ တိုးချဲ့ဖွဲ့စည်းခဲ့ရခြင်း ဖြစ်သည်ဟု MOBYE PDF ၂ သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

    (more…)

  • ရန်ကုန် PDF တပ်ရင်း ၅၁၀၁ မှ ရဲဘော်များ စုဖွဲ့လေ့ကျင့်မှုများ ပြုလုပ်

    ရန်ကုန် PDF တပ်ရင်း ၅၁၀၁ မှ ရဲဘော်များ စုဖွဲ့လေ့ကျင့်မှုများ ပြုလုပ်

    RNA_ဇွန်(၇)၊၂၀၂၃ ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန် PDF တပ်ရင်း ၅၁၀၁ မှ ရဲဘော်များ စစ်ရေးစုဖွဲ့လေ့ကျင့်မှုများ ပြုလုပ်နေကြောင်းရန်ကုန်တိုင်း စစ်ဒေသခွဲဌာနချုပ်က ထုတ်ပြန်ထားသည်။

    ရန်ကုန် PDF တပ်ရင်း ၅၁၀၁ ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ ရက်စွဲဖြင့် ဖွဲ့စည်းကြောင်း တရားဝင်ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ တပ်ရင်း ၅၁၀၁ ရဲဘော်များအနေဖြင့် တောတွင်းစစ်ဆင်ရေးများတွင် မဟာမိတ် စစ်ကြောင်းများနှင့် ပူးပေါင်းပါဝင်တိုက်ခိုက်နေသကဲ့သို့ ရန်ကုန်မြို့ပြအတွင်းတွင်လည်း မြို့ပြစစ်ဆင်ရေးလှုပ်ရှားမှုများကို ဆောင်ရွက်နေကြောင်း သိရသည်။

    (more…)

  • ကရင်နီစစ်မျက်နှာမှာ စစ်ကောင်စီတပ် အသည်းအထန် ဘာ့ကြောင့်ကာကွယ်နေလဲ

    ကရင်နီစစ်မျက်နှာမှာ စစ်ကောင်စီတပ် အသည်းအထန် ဘာ့ကြောင့်ကာကွယ်နေလဲ

    “ကရင်နီပြည်နယ်အတွင်း တော်လှန်ရေးအဖွဲ့တွေ တဖြည်းဖြည်းအားကောင်းလာတာကြောင့် စစ်တပ်ဟာ ၂၀၂၃ ခုနှစ် မှစပြီး ရှမ်းမြောက်မှ  စကခ ၂ တခုလုံးနှင့် စကခ ၇ မှ တပ်ရင်း သုံးရင်းပါ ဗျူဟာတခုအပြင် ရှမ်းအရှေ့မှာရှိတဲ့ စကခ ၁၈ မှ တပ်ရင်း သုံးရင်းပါ ဗျူဟာတခုကို ကရင်နီစစ်မျက်နှာမှာ ထပ်မံဖြည့်တင်းခဲ့ရတယ်။ါကြောင့်၂၀၂၁/၂၀၂၂ အတွင်း တိုင်း/ဒကစ လက်အောက်ခံ တပ်ရင်း ၁၃ ရင်း၊ တပ်မ ၆၆ လက်အောက်ခံ၉ရင်း စုစုပေါင်း ၂၂ ရင်းခန့် စစ်ဆင်ရာမှ ၂၀၂၃ မှာတော့ နောက်ထပ် ၁၆ ရင်းခန့် ထပ်ဖြည့်တင်းခဲ့ရပါတယ်။ ဒါကြောင့်လက်ရှိအချိန် ကရင်နီစစ်မျက်နှာတွင် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ဆင်ရေးဝင် ခြေလျင်/ ခြေမြန် တပ်ရင်း ၃၆ ရင်း၊ အင်အား ၄,၀၀၀ ခန့်ဖြင့် ထိုးစစ်ဆင်နေတယ်လို့ အကြမ်းဖျဥ်းတွက်ဆနိုင်ပါတယ်”

    ချမ်းမင်း

    ကယားပြည်နယ် ( ကရင်နီ) ဟာ ၂၀၂၁ခု နှစ်အာဏာသိမ်းမှုကိုဆန့်ကျင်ရာတွင်ရှေ့တန်းကပါဝင်ခဲ့ပြီး အတက်ကြွဆုံးပါဝင်ခဲ့တဲ့ ပြည်နယ်တစ်ခုဖြစ်တယ်။CDM လှုပ်ရှားမှုမှာလည်း အားကောင်းခဲ့တယ်။ ထို့အပြင် အစောဆုံးလက်နက်ကိုင် တိုက်ခိုက်ခဲ့တဲ့ ပြည်နယ်တစ်ခုလဲ ဖြစ်ပါတယ်။၂၀၂၁ ခုနှစ်မေလ ၂၀ ရက်နေ့က ဒီမော့ဆိုနဲ့ မိုးဗြဲမှာ စစ်ကောင်စီလက်အောက်ခံတွေကို စတင်တိုက်ခိုက်ခြင်းဖြင့် ကယားပြည်နယ်ဟာ နွေဦးတော်လှန်ရေးကို လက်နက်ကိုင်တော်လှန်ခြင်းဖြင့် စတင်ခဲ့ပါတယ်။

    ကရင်နီပြည်မှာ လက်နက်ကိုင်တော်လှန်ရေး စဖြစ်ပြီဆိုကတည်းက အကြမ်းဖက်စစ်တပ်ဟာ လက်နက်ကြီး၊ လက်နက်ငယ် လေယာဥ်ပစ်ကူတွေ ဖောဖောသီသီသုံးပြီး နှိမ်နှင်းဖို့ ကြိုးစားခဲ့တာ အားလုံးအသိပါ။ အခုလို ပြည်နယ်သေးသေးလေးကို အကြမ်းဖက်စစ်တပ်ဟာ နည်းလမ်းမျိုးစုံသုံးပြီး သဲကြီးမဲကြီးနှိမ်နှင်းနေရတဲ့အဓိကအကြောင်းအရင်းကတော့ ကယားပြည် နယ်ဟာ စစ်ခေါင်းဆောင်အခြေစိုက်ရာ နေပြည် တော်မြို့နဲ့ အနီးဆုံးမှာတည်ရှိတဲ့ အတွက်ပဲ ဖြစ်ပါတယ်။

    ကရင်နီပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ ပြည်နယ် ၇ ခုအနက် အသေးဆုံး ပြည်နယ်ဖြစ်ပြီး တောတောင်ထူထပ်တဲ့ ပြည်နယ်လဲဖြစ်ပါတယ်။ ဒါပေမဲ့ အထက်မှာပြောခဲ့သလို စစ်ခေါင်းဆောင်တွေ အခြေစိုက်ရာနေပြည်တော်နဲ့ အနီးဆုံးမှာတည်ရှိတဲ့အတွက်ကြောင့် ဟိုယခင်ကတည်းက စစ်ခေါင်းဆောင်တွေဟာ ကယားပြည်နယ်အတွင်း တပ်အင်အားအများအပြားချထားပြီး နေပြည်တော်လုံခြုံရေးအတွက် ကြိုတင်ပြီးစီမံထားခဲ့ပါတယ်။

    မြေမျက်နှာသွင် ပြင်အရကော၊ စစ်ရေးအနေအထားအရကော အရေးကြီးတာကြောင့် စစ်ခေါင်းဆောင်များဟာ ကယားပြည်နယ်တွင် တိုက်ခိုက်ရေး တပ်များအပြင် အခြားလက်ရုံးတပ်များပါ တည်ထားပြီး စစ်သည်အင်အားအများအပြားချထားပါတယ်။ စစ်ဖက်ဆိုင်ရာ ဖွဲ့စည်းပုံအရ ကရင်ပြည်နယ်ဟာ အကြမ်းဖက်စစ်တပ်၏ တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) နယ်မြေအတွင်း၌ တည်ရှိပါတယ်။ ရပခရဲ့ လက်အောက်မှာ လွိုင် ကော်အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ရှိသည့်အပြင် ဘောလခဲတွင် အခြေချစစ်ဗျူဟာ (စဗခ) တခု လည်းအခြေစိုက်ထားပါသေးတယ်။

    ကယားပြည်နယ်အတွင်းမှာ အခြေစိုက်ထားတဲ့ တပ်တွေကတော့ လွိုင်ကော်  ခလရ ၅၄၊ ဖားဆောင်း  ခလရ ၁၃၄၊ ခလရ ၁၃၅၊ ဘောလခဲ  ခမရ ၃၃၇၊ ခမရ ၄၂၉၊ ခမရ ၄၃၀၊ ဖရူးဆိုး  ခမရ ၄၂၈၊ ခမရ ၅၃၁၊ မိုးဗြဲ ခမရ ၄၂၂၊ လောပိတ  ခလရ ၇၂၊ လွိုင်လင်လေး  ခမရ ၅၃၀ စုစုပေါင်းတပ်ရင်း ၁၁ ရင်း ရှိပါတယ်။ အဲ့တာတွေအပြင် အမှတ်() စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၇) ကိုလည်း ဖယ်ခုံတွင် အခြေစိုက် ထားပါသေးတယ်။

    (more…)

  • ကံသစ်ကျေးရွာကို စစ်ကောင်စီတပ် (၄) ကြိမ်မြောက် မီးရှို့ဖျက်ဆီး

    ကံသစ်ကျေးရွာကို စစ်ကောင်စီတပ် (၄) ကြိမ်မြောက် မီးရှို့ဖျက်ဆီး

    RNA_ဇွန်(၆)၊၂၀၂၃ ခုနှစ်။
     
    စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်းဦးမြို့နယ်၊ ကံသစ်ကျေးရွာကို စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းက ဇွန်လ ၄ ရက်နေ့ ညနေပိုင်းက ၄ ကြိမ်မြောက် မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် (၆၅) လုံး ပျက်စီးဆုံးရှုံးသွားကြောင်း သိရသည်။
     
    ကံသစ်ကျေးရွာတွင် နေအိမ် (၆၀၀) ဝန်းကျင်ရှိရာ စစ်ကောင်စီတပ်စစ်ကြောင်းက စတုတ္တအကြိမ်အဖြစ် နေအိမ် (၆၅) လုံး၊ ၂၀၂၃ ခုနှစ် မေလက တတိယအကြိမ်အဖြစ် နေအိမ် (၂၀၆) လုံး၊ ဒုတိယအကြိမ်အဖြစ် ၂၀၂၂ ခုနှစ် နိုဝင်လာလက ဒုတိယအကြိမ်အဖြစ် နေအိမ် (၇) လုံး၊ ပထမအကြိမ်အဖြစ် ၂၀၂၂ ခုနှစ် ဇွန်လက ပထမအကြိမ်အဖြစ် နေအိမ် (၅၂) လုံး မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် စုစုပေါင်း (၃၂၈) လုံး ပျက်စီးခဲ့ရပြီး၊ ကောက်ပဲသီးနှံများနှင့်ရိက္ခာများပါ မီးထဲပါသွားကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

    (more…)