Editor

1552 Posts
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းနိုင်မှု ဂုဏ်ယူဦးညွှတ်ဟု NUG ယာယီသမ္မတပြော

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းနိုင်မှု ဂုဏ်ယူဦးညွှတ်ဟု NUG ယာယီသမ္မတပြော

RNA_ဇွန်(၁၂)၊၂၀၂၃ ခုနှစ်။ ကရင်နီပြည်ကြားကလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းနိုင်မှုကို ဂုဏ်ယူဦးညွှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ -NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့သည်။ "ကရင်နီပြည်နယ်မှာ အခုလို ကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းနိုင်ဖို့ဆိုတာက တောင်ယုံတန်ယုံနဲ့ဖြစ်လာတာမဟုတ်ဘူးလို့ ကျနော်အနေနဲ့ယူဆပါတယ်။ ကရင်နီပြည်နယ်မှာ အသက်သွေးချွေးပေါင်း မြောက်များစွာနဲ့ ရင်းနှီးပေးဆပ်ပြီးမှ ဒီလိုအခြေ အနေမျိုးဖြစ်လာတာလို့ ကျနော်အနေနဲ့သိရပါတယ်။ အဲဒါကြောင့် ကျနော်အနေနဲ့ ဂုဏ်ယူဦးညွှတ်ကြောင်း ပထမဦးဆုံး ပြောကြားလိုပါတယ်" ဟု နံနက်ပိုင်းက အွန်လိုင်းမှ ပြုလုပ်ခဲ့သည့် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။ (more…)
Read More
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်း၊ ဥက္ကဌအဖြစ် ခူဦးရယ်က တာဝန်ယူ

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီဖွဲ့စည်း၊ ဥက္ကဌအဖြစ် ခူဦးရယ်က တာဝန်ယူ

RNA_ဇွန်(၁၂)၊၂၀၂၃ ခုနှစ်။ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (Interim Executive Council of Karenni State -IEC) ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် ကောင်စီအဖွဲ့ဝင် (၆)ဦးဖြင့် ကနဦး ဖွဲ့စည်းခဲ့ရာတွင် ဥက္ကဌအဖြစ် ခူဦးရယ်က တာဝန်ယူထားသည့်ဟု ယနေ (ဇွန်လ ၁၂ ရက်) နံနက်ပိုင်းက တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီတွင် ဥက္ကဋ္ဌ ခူဦးရယ်၊ ဒုတိယဥက္ကဋ္ဌ ခွန်ဘီထူး၊ အထွေထွေအတွင်းရေးမှူး ခူပလုရယ်၊ အတွင်းရေးမှူး ၁ ဇူးပဒုမ္မာ၊ အတွင်းရေးမှူး ၂ ဗညားခွန်အောင်၊ ဘဏ္ဍာရေးမှူး မော်ဖိုးမြာတို့ဖြစ်ဖြင့် ကနဦးဖွဲ့စည်းခဲ့ကြောင်း၊ပြည်နယ် အစိုးရတစ်ရပ်၏ အုပ်ချုပ်ရေးကို ဖော်ဆောင်သွားရန်၊…
Read More
တိုက်ပွဲအတွင်း ဖယ်ခုံ PDF တပ်ရင်း (၂) မှ စနိုက်ပါ ရဲဘော် နာတားလက်နှင့်ရဲဘော်ဂျော်နိုင်တို့ ကျဆုံးခဲ့ရ

တိုက်ပွဲအတွင်း ဖယ်ခုံ PDF တပ်ရင်း (၂) မှ စနိုက်ပါ ရဲဘော် နာတားလက်နှင့်ရဲဘော်ဂျော်နိုင်တို့ ကျဆုံးခဲ့ရ

RNA_ဇွန်(၁၂)၊၂၀၂၃ ခုနှစ်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအနီး ဇွန်လ ၁၀ ရက်နေ့ စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိုးဗြဲ PDF တပ်ရင်း (၂) မှ စနိုက်ပါ ရဲဘော်နာတားလက်နှင့် ရဲဘော်ဂျော်နိုင်တို့ လက်နက်ကြီးထိမှန်ကာ ကျဆုံးခဲ့ရသည့်အတွက် ဇွန်လ ၁၁ ရက်နေ့က ဈာပန အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။ “ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း ကျွန်တော်တို့ (MOBYE PDF 2) မှအားထားရသော စနိုက်ပါ ရဲဘော် နာတားလက် နှင့် ကျောင်းသားရဲဘော် မောင်ဂျော်နိုင်တို့သည် ရန်သူဘက်မှပစ်ခတ်သော လက်နက်ကြီးထိမှန်ကာ တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးခဲ့ရပါသည်” ဟု 1007 Battalion…
Read More
အပုပ်နံ့တထောင်းထောင်းနဲ့ သဘာဝရိပ်သာ ဥတ္တမသာရ

အပုပ်နံ့တထောင်းထောင်းနဲ့ သဘာဝရိပ်သာ ဥတ္တမသာရ

"သဘာဝတရားရိပ်သာထဲက အရှုပ်ထုတ်တွေကလည်း အများကြီး။ လူသတ်မှုဖြစ်တဲ့အထိ၊ ရိုက်မှုတွေ အချင်းချင်းအနိုင်ကျင့်မှုတွေဖြစ်တဲ့အထိ၊ငွေရေး ကြေးရေး အချေးအငှား အပေးအယူကနေ ပြဿနာဖြစ်တဲ့အထိ မျိုးစုံပါပဲ"  တော်လှန်ရေးသစ္စာဖြင့် -ရဲဘော်မီရို ရေးသားသည်။ သဘာဝရိပ်သာဆရာတော်လို့ခေါ်တဲ့ ဆူနာမီ ဥတ္တရသာရအကြောင်းဟာ ဒီကနေ့ လူပြောသူပြောများနေတဲ့ကိစ္စဖြစ်လာပါတယ်။ ဒီမိုကရေစီတက်ကြွလှုပ်ရှားတဲ့ ဦးဇင်းမင်းသုညတို့၊ ဆရာတော် ဦးဝါယမတို့ကတော့ ဆူနာမီ ဥတ္တမသာရရဲ့ လာရာနဲ့ လားရာကို ဖွင့်ချခဲ့ပါတယ်။ ဥတ္တမသာရ ဘာလဲ၊ဘယ်လဲ ----------------------------------------- ဥတ္တမသာရဟာ စီးပွားရေးသမားတဖြစ်လဲ ဗုဒ္ဓဘာသာဘုန်းကြီးဖြစ်လာတဲ့သူပါ။ဆိုလိုတာ ငယ်ဖြူမဟုတ်ဘူး၊တောထွက်ရဟန်းလို့ ပြောကြပါတယ်။ ပိုဆိုးတာ သူ့ကိုယ်သူ မဂ်ဖိုလ်နိဗ္ဗာန်ကို မျက်မှောက်ပြုနေပြီ၊ရဟန်းကိစ္စပြီးသူလို့ ကြွေးကြော်တယ်လို့ သိရပါတယ်။ ဥတ္တမသာရရဲ့ မဂ်တု ဖိုလ်တုဝါဒကို မဟနက အစောပိုင်းမှာ အဓမ္မဝါဒနဲ့ ဝိနစ္စယခုံရုံးတင်ပြီး ဆုံးဖြတ်မယ်လို့…
Read More
စစ်ကောင်စီလက်အောက်ခံ လုံးခင်းကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

စစ်ကောင်စီလက်အောက်ခံ လုံးခင်းကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

RNA_ဖားကန့် ဇွန်လ ၉ ရက် ၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေကို အမည်မသိ လက်နက်ကိုင်အချို့က ယနေ့ နေ့လည် (၁) နာရီ ၃၀ မိနစ်ဝန်းကျင်က ပစ်သတ်သွားကြောင်း သိရသည်။ "သေဆုံးလျက်တွေ့တာက လုံးခင်းသင်္ချိုင်းနားမှာပါ၊ သေနတ်နဲ့တေ့ပစ်ထားတာပေါ့" ဟု လုံးခင်းကျေးရွာ လူမှုကူညီရေးအသင်းတခုမှ တာဝန်ရှိသူတဦးက ပြောသည်။ အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေကို လူတစ်စုက နေထိုင်ရာ လုံးခင်းနေအိမ်ကနေ ‌ခေါ်ထုတ်သွားကြောင်း၊ သိပ်မကြာခင် လုံးခင်းသင်္ချိုင်းနားအနီးတွင် နားထင်ကို တေ့ပစ်ထားသည့် ဒဏ်ရာဖြင့် သေဆုံးလျက်တွေ့ရခြင်း ဖြစ်သည်ဟု မိသားစုဝင် တဦးကပြောသည်။ ဖားကန့်၌ စစ်တပ်မှ မတရားအာဏာသိမ်းပြီးနောက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးအများစု…
Read More
ကြွက်မနိုင် ကျည်မီးနှင့်ရှို့သည့် စစ်ကော​င်စီ

ကြွက်မနိုင် ကျည်မီးနှင့်ရှို့သည့် စစ်ကော​င်စီ

"စစ်ကောင်စီနှင့် မြောက်ပိုင်း ၃ဖွဲ့တွေ့ဆုံမှုအရ မုန်တိုင်းသင့် ရခိုင်ဒေသ လူသားချင်းစာနာမှု အကူအညီများ အမြန်ရောက်ရှိရေးအချက်ပါဝင်ခဲ့သော်လည်း လူသားချင်းစာနာမှု အကူအညီများ ပိတ်လိုက်ခြင်းမှာ AA ကို ရန်စနေသလား ထင်မှတ်စရာဖြစ်သည်။ "အခက်အခဲများကြား ဒုက္ခတောမှာ တိုက်ပွဲဖော်လိုခြင်းလား”  မေးခွန်းထုတ်ရမလို  ဖြစ်နေသည်" ငြိမ်းမောင် နိုင်ငံတကာကူညီကယ်ဆယ်ရေးများနှင့်လူမှုအဖွဲ့အစည်းများအားလုံးကိုရခိုင်ပြည်အတွင်းသွားလာခွင့်၊ကူညီခွင့်များကိုရည်ရွယ်ပြီးခရီးသွားလာခွင့်ကိုစစ်ကောင်စီ ရပ်ဆိုင်းလိုက်ကြောင်း သတင်းကြားမိချိန် အလွန်တရာ အံသြမိခဲ့သည်။ ဘာ့ကြောင့်လဲဆိုတာ အားလုံးအသိဖြစ်မှာပါ။ မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရခိုင်ပြည်ကြီး နှစ်ကာလများစွာ အချိန်ကြာကြာ ပြန်လည်ထူထောင်ရမည်၊ ပြည်တွင်း ပြည်ပ အကူအညီများစွာ ရမှတည်ဆောက်နိုင်မည်၊ထိုအခြေအနေကို အားလုံးသိနေကြပါလျက် မည်သည့်အတွက်ကြောင့် ဒုက္ခရောက်နေသူများကို ကူညီထောက်ပံ့မှုများ၏ အဝေးဆုံးသို့ တွန်းပို့လိုကြသနည်း တုန်လှုပ်သွားရသည်။ ICRC ၊  WFP အပါအဝင် နိုင်ငံတကာကူညီကယ်ဆယ်ရေး…
Read More
မိုးဗြဲ PDF တပ်ရင်းတိုးချဲ့တည်ထောင်ခြင်း (၁) နှစ်ပြည့် အခမ်းအနားကျင်းပ 

မိုးဗြဲ PDF တပ်ရင်းတိုးချဲ့တည်ထောင်ခြင်း (၁) နှစ်ပြည့် အခမ်းအနားကျင်းပ 

RNA_ဇွန်(၇)၊၂၀၂၃ ခုနှစ်။ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်းအမှတ် ၁၀၀၇ (မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၂) တိုးချဲ့ တည်ထောင်ခြင်း ( ၁) နှစ်ပြည့်အခမ်းအနား ယနေ့ ကျင်းပခဲ့ကြောင်း သိရသည်။ ၂၀၂၃ ခုနှစ် ဇွန်လ ၇ ရက်နေ့သည် စစ်အာဏာရှင်ကို လက်နက်ကိုင်ခုခံသည့်တွန်းလှန်ခြင်း ၂ နှစ်ပြည့်နှင့် မိုးဗြဲပြည်သူ့ ကာကွယ်ရေးတပ်ရင်း ၂တိုးချဲ့တည်ထောင်ခြင်းတစ်နှစ်ပြည့်အခမ်းအနားကို အခြေအနေအရ အကျဥ်းချုပ်ပြုလုပ်ခဲ့ရကြောင်း၊ တပ်ရင်းအမှတ် ၁၀၀၁ ( ယမိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ၁) မှအဖြစ်မှ စစ်မြေပြင်တည်နေရာ အနေအထားအရ ခွဲထွက်ကာ တိုးချဲ့ဖွဲ့စည်းခဲ့ရခြင်း ဖြစ်သည်ဟု MOBYE PDF ၂ သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။ (more…)
Read More
ရန်ကုန် PDF တပ်ရင်း ၅၁၀၁ မှ ရဲဘော်များ စုဖွဲ့လေ့ကျင့်မှုများ ပြုလုပ်

ရန်ကုန် PDF တပ်ရင်း ၅၁၀၁ မှ ရဲဘော်များ စုဖွဲ့လေ့ကျင့်မှုများ ပြုလုပ်

RNA_ဇွန်(၇)၊၂၀၂၃ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန် PDF တပ်ရင်း ၅၁၀၁ မှ ရဲဘော်များ စစ်ရေးစုဖွဲ့လေ့ကျင့်မှုများ ပြုလုပ်နေကြောင်းရန်ကုန်တိုင်း စစ်ဒေသခွဲဌာနချုပ်က ထုတ်ပြန်ထားသည်။ ရန်ကုန် PDF တပ်ရင်း ၅၁၀၁ ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ ရက်စွဲဖြင့် ဖွဲ့စည်းကြောင်း တရားဝင်ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ တပ်ရင်း ၅၁၀၁ ရဲဘော်များအနေဖြင့် တောတွင်းစစ်ဆင်ရေးများတွင် မဟာမိတ် စစ်ကြောင်းများနှင့် ပူးပေါင်းပါဝင်တိုက်ခိုက်နေသကဲ့သို့ ရန်ကုန်မြို့ပြအတွင်းတွင်လည်း မြို့ပြစစ်ဆင်ရေးလှုပ်ရှားမှုများကို ဆောင်ရွက်နေကြောင်း သိရသည်။ (more…)
Read More
ကရင်နီစစ်မျက်နှာမှာ စစ်ကောင်စီတပ် အသည်းအထန် ဘာ့ကြောင့်ကာကွယ်နေလဲ

ကရင်နီစစ်မျက်နှာမှာ စစ်ကောင်စီတပ် အသည်းအထန် ဘာ့ကြောင့်ကာကွယ်နေလဲ

"ကရင်နီပြည်နယ်အတွင်း တော်လှန်ရေးအဖွဲ့တွေ တဖြည်းဖြည်းအားကောင်းလာတာကြောင့် စစ်တပ်ဟာ ၂၀၂၃ ခုနှစ် မှစပြီး ရှမ်းမြောက်မှ  စကခ ၂ တခုလုံးနှင့် စကခ ၇ မှ တပ်ရင်း သုံးရင်းပါ ဗျူဟာတခုအပြင် ရှမ်းအရှေ့မှာရှိတဲ့ စကခ ၁၈ မှ တပ်ရင်း သုံးရင်းပါ ဗျူဟာတခုကို ကရင်နီစစ်မျက်နှာမှာ ထပ်မံဖြည့်တင်းခဲ့ရတယ်။ ဒါကြောင့်၂၀၂၁/၂၀၂၂ အတွင်း တိုင်း/ဒကစ လက်အောက်ခံ တပ်ရင်း ၁၃ ရင်း၊ တပ်မ ၆၆ လက်အောက်ခံ၉ရင်း စုစုပေါင်း ၂၂ ရင်းခန့် စစ်ဆင်ရာမှ ၂၀၂၃ မှာတော့ နောက်ထပ် ၁၆ ရင်းခန့် ထပ်ဖြည့်တင်းခဲ့ရပါတယ်။ ဒါကြောင့်လက်ရှိအချိန် ကရင်နီစစ်မျက်နှာတွင် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ဆင်ရေးဝင်…
Read More
ကံသစ်ကျေးရွာကို စစ်ကောင်စီတပ် (၄) ကြိမ်မြောက် မီးရှို့ဖျက်ဆီး

ကံသစ်ကျေးရွာကို စစ်ကောင်စီတပ် (၄) ကြိမ်မြောက် မီးရှို့ဖျက်ဆီး

RNA_ဇွန်(၆)၊၂၀၂၃ ခုနှစ်။   စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်းဦးမြို့နယ်၊ ကံသစ်ကျေးရွာကို စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းက ဇွန်လ ၄ ရက်နေ့ ညနေပိုင်းက ၄ ကြိမ်မြောက် မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် (၆၅) လုံး ပျက်စီးဆုံးရှုံးသွားကြောင်း သိရသည်။   ကံသစ်ကျေးရွာတွင် နေအိမ် (၆၀၀) ဝန်းကျင်ရှိရာ စစ်ကောင်စီတပ်စစ်ကြောင်းက စတုတ္တအကြိမ်အဖြစ် နေအိမ် (၆၅) လုံး၊ ၂၀၂၃ ခုနှစ် မေလက တတိယအကြိမ်အဖြစ် နေအိမ် (၂၀၆) လုံး၊ ဒုတိယအကြိမ်အဖြစ် ၂၀၂၂ ခုနှစ် နိုဝင်လာလက ဒုတိယအကြိမ်အဖြစ် နေအိမ် (၇) လုံး၊ ပထမအကြိမ်အဖြစ်…
Read More