ရွာသာယာရွာက အိုးလုပ်ငန်း

ဒီလှိုင်း။ မင်းဘူး၊ ဇန်နဝါရီ ၁၄ ရက်။

အိုးလုပ်ငန်းရာသီရောက်လာပြီဖြစ်သော်လည်း ရွာသာယာရွာတွင် အစိုးရဝန်ထမ်းအလုပ်၊ နယ်ဝေးထွက် အလုပ်အကိုင် လုပ်နေသူများကြောင့် ရွာသာယာရွာတွင် အိုးလုပ်ငန်းဖြင့် စီးပွားရှာသူ နည်းပါးသွားပြီဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ရွာသာယာရွာအုပ်စု အတွင်းမှာရှိသည့် စိုင်ရှင်ရွာ၊ကန်းနီရွာ၊သ‌င်္ဘောကျွန်းရွာမ၊အောင်မင်္ဂလာရွာသစ်ရွာများတွင် မြေအိုးလုပ်ငန်းများကို ဘိုးဘွားအစဉ်အဆက်က မိသားစု တပိုင်တနိုင် လက်ဆင့်ကမ်း လုပ်ကိုင်
လာကြခြင်း ဖြစ်ကြောင်း၊ ရွာသာယာကျေးရွာတွင် အိမ်ခြေ ၆၃၀၊အိမ်ထောင်စု၄၇၀စု၊လူဦးရေ ၂၂၀၀ကျော်ရှိပြီး ယခင်နှစ်များကအိုးလုပ်ငန်းကိုဦးရေ၅၀ကျော်လုပ်ကိုင်ကြသော်လည်းယခုအခါ အိမ်ထောင်စု၂၀စုခန့် သာလုပ်ကိုင်ကြကြောင်း၊ စိုင်ရှင်ရွာ၊ကန်းနီရွာ၊သ‌င်္ဘောကျွန်းရွာမ၊အောင်မင်္ဂလာရွာသစ်ရွာတို့မှာ ရွာသာယာရွာထက်အိုးလုပ်ငန်းလုပ်ကိုင်သူနည်းလာကြောင်းသိရသည်။

.

တချို့ကအရောင်းအဝယ်လုပ်တယ်၊အိုး‌ဈေးကွက်ထက်ကောင်းတဲ့နေရာဖြစ်တဲ့နယ်‌တွေထွက်အလုပ် လုပ်ကြတဲ့သူများတော့အလုပ်သမားကရှားပါးလာတယ်၊အရင်ထက်ပစ္စည်းထွက်နှုန်းနည်းလာပါတယ်၊တချို့ကအိုးလုပ်ငန်းလုပ်ကြပါတယ်၊ကျွန်တော်ကအိုးလုပ်ငန်းမလုပ်ဖြစ်တာတော်တော်ကြာပြီ၊မိသားစုလူမစုံတာရယ်သားသမီးတွေကတစ်နယ်တစ်ကျေးမှာစီးပွားရှာပါတယ်၊တစ်ချို့မိသားစုတွေကလည်းအမြင်ကျယ်ရင်ကျယ်သလောက်စီးပွားရှာကြပြည်ပရွေ့ပြောင်းလုပ်ကိုင်ကြတာများပါတယ်။

” ထွက်ပေါက်မရှာလိုတဲ့မိသားစုကတော့အိုးလုပ်ငန်းကို မိရိုးဖလာအနေနဲ့စွဲစွဲမြဲမြဲလုပ်ကိုင်ကြပါတယ်၊ဒီလုပ်ငန်းကလည်း ဆင်းရဲပင်ပမ်းကြတော့မလုပ်ကြတော့ဘဲ ပြည်ပရွေ့ပြောင်းလုပ်ကိုင်ကြတော့အိုးလုပ်သူနည်းသွားတယ် ” ဟု ရွာသာယာရွာမှယခင် အိုးလုပ်ငန်းလုပ်ခဲ့သူဦး‌ကျော်မြင့်ကပြောသည်။

အိုးလုပ်သူများသည် ကျန်းမာရေးအတွက် လူသုံးများသည့် သောက်ရေအိုးကိုသာ အဓိကထား လုပ်ကြကြောင်း၊ သောက်ရည်အိုးအပြီးကို မင်းဘူး မကွေးမြို့က ဖောက်သယ်ဈေး ၁၁၀၀ ကျပ်ရရှိပြီး၊ မြို့သစ်နှင့် တောင်တွင်းကြီးဘက်တွင် ၁၂၀၀ ကျပ် ရရှိကြောင်း သိရသည်။

ရွာသာယာကျေးရွာမှဒေါ်ခင်ဌေးရီက “သီးတင်းကျွတ် လကစပြီးနတ်တော်လအထိအောင် အိုးလုပ်ငန်းလုပ်ကြ‌ပါတယ်။ နတ်တော်လပြီးရင်မိုးတွင်းကာလ‌ရောက်တော့အိုးလုပ်ငန်းလုပ်ရတာအဆင် မပြေဘူး၊‌ဆောင်းရာသီပဲအိုးလုပ်ငန်းလုပ်လို့ကောင်း ပါတယ်၊လူငယ်တွေကအိုးလုပ်ငန်းအားသိပ်စိတ်မဝင်စား‌ကြ‌တော့ဘူး၊ကျန်းမာရေကြောင့်သောက်ရည်အိုးပဲ အသုံးပြုတာများပါတယ် ” ဟု ပြောသည်။

မြေအိုးလုပ်ငန်းတွင် ဘုရားပန်းအိုး၊တာအိုး၊သောက် ရေအိုး အကြီး အ‌သေး၊စုဗူး၊မုန့်ပြစ်သလက်အိုး၊က‌လေးကစားစရာမျိုးစုံ၊ထန်းရည်အိုးနှင့်လက်ဆေးအင်တုံ စသည့် အိုး အမျိုးအစား ၁၅ မျိုးခန့် လုပ်ကြကြောင်း သိရသည်။

အိုးလုပ်ရာတွင် ကျွမ်းကျင်သူတစ်ဦးတည်း တနေ့ကို အိုးအလုံးရေ၃၀ခန့်အထိလုပ်နိုင်ကြောင်း၊ဈေးနှုန်းမှာ၂၅၀ကျပ် မှ၄၀၀ကျပ်၊၇၀၀ကျပ်မှ၁၀၀၀ကျပ်အထိ ရရှိကြောင်း၊မြေအိုးပြုလုပ်ရန်အတွက် ကျတ်တည်းမြေကင်းသည့်ရွံ့စေးမြေကို အိုးလုပ်ချိန်ရာသီတွင်လူငှါးခနှင့်လှည်းတစ်စီးကို၂၀၀၀ကျပ်ပေးဝယ်ယူရကြောင်း သိရသည်။

Red News Agency

By Admin

Leave a Reply

Your email address will not be published. Required fields are marked *