စစ်ဘေးရှောင်စခန်းများစီမံခန့်ခွဲမှုကော်မတီ ယာယီအထိုင်ရုံး ဗုံးကြဲခံရ

RNA_ဇန်နဝါရီ(၁၅)၊၂၀၂၃ ခုနှစ်။
 
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းများစီမံခန့်ခွဲမှုကော်မတီယာယီအထိုင်ရုံးပြုလုပ်ထားသည့် ပလိပ်ထွီ ဘုန်းတော်ကြီးကျောင်းအဆောက် အဦပေါ်ကို အာဏာသိမ်းစစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဇန်နဝါရီလ ၂၃ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
 
“လေယာဥ်ဗုံးကြောင့် တစ်ဖွဲ့လုံးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ် အဖွဲ့၀င် နှစ်ယောက်မှာ ပြင်းထန်ဒဏ်ရာ မစိုးရိမ်ရ အခြေအနေပါ။ ငွေသားသိန်းသုံးဆယ်၊ ရုံးသုံး Computer တစ်လုံး၊ Solar သုံးချပ်၊ Hymon Jeep ကား တစ်စီး ၊ Battery လေးလုံး၊ ဖုန်းနှစ်လုံး၊ Printer တစ်လုံး ၊ ဆိုင်ကယ် နှစ်စီး ၊ ခြုံစောင်များ နှင့် အခြားလူသုံးကုန်ပစ္စည်း အားလုံးနီပါး စုတ်ပြတ်ပျက်စီးသွားခဲ့ပါတယ်” ဟု Mindat Township IDPs Camp Management Committee က ယနေ့ ထုတ်ပြန်ထားသည်။

ပလိပ်ထွီ ဘုန်းတော်ကြီးကျောင်းအတွင်း ဗုံးကြဲခံရသည့် အဆောက်အဦသည် မင်းတပ်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများကို စီမံခန့်ခွဲနေသည့် ရုံးဖြစ်ပြီး အဖွဲ့ဝင်များအားလုံးသည် ယာယီစစ်ဘေးရှောင်များဖြစ်ကြောင်း၊ ဗုံးကြဲခံရသည့်အတွက် စစ်ဘေးရှောင်စီမံခန့်ခွဲရေးရုံးရှိ အဖွဲ့ဝင်များ ရှောင်တိမ်းနေကြရပြီး ဆေးကုသမှုခံယူနေရကြောင်း၊ စစ်ဘေးရှောင်များအတွက် ဆက်လက်ထောက်ပံ့ကူညီနိုင်ရေး လုပ်ငန်းများကို ပြန်လည်ကြိုးစားသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
Red News Agency
By Editor