ဆိုင်ပိတ်ပါက အရေးယူမည်ဟု ကြေညာသူ သေနတ်ပစ်ခံရ

အသံတိတ်သပိတ်နေ့မှာ ဆိုင်ပိတ်ပါက အရေးယူမည်ဟု ကြေညာနေသူ သေနတ်ပစ်ခံရပြီး သေဆုံး

RNA_ဇန်နဝါရီ ၂၈ ရက်၊ ၂၀၂၂ ခုနှစ်။

ပဲခူးတိုင်း၊ အနောက်ဘက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ တံခွန်တိုင်ရွာမှာ စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ လ ၁ ရက်နေ့တွင် အသံတိတ်သပိတ်တွင်ပါဝင်ပြီး ဆိုင်ပိတ်ပါက အရေးယူမည်ဟု ယနေ့ နံနက်က လိုက်လံကြေညာနေသည့် ဒလန်ဟုသတ်မှတ်ခံထားရသူ ကျော်မင်းသူ သေနတ် သုံးချက်ပစ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

စစ်ကောင်စီသတင်းပေး၊ စစ်ကောင်စီတပ်သား၏ ဖခင်ဖြစ်သူ ကျော်မင်းသူကို နတ်တလင်း အခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဖြစ်သည့် နတ်စစ်သည် အဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ကြေညာထားသည်။

Red News Agency

By Editor