ဆန္ဒပြလူငယ်များကို သေစေချင်သည့်သဘောဖြင့် စစ်ကောင်စီလက်အောက်ခံများက ကားနှင့်တိုက်ဖမ်း

RNA_ဇူလိုင်၂၇၊၂၀၂၂ခုနှစ်။

ယနေ့ရန်ကုန်မြို့ တနေရာ၌ လူငယ်များသမဂ္ဂ – ဗဟို နှင့် လူငယ်များမဂ္ဂ – ပုသိမ်တို့ ပူးပေါင်းပြီး “တရားတဲ့သူသာ နိုင်ကြေးဟေ့” စာသားပါ စာတန်းအားကိုင်ဆောင်ဆန္ဒပြစဉ် စစ်ကောင်စီလက်အောက်ခံများက ကားနှင့်တိုက်ကာ ဖမ်းဆီးမှုပြုလုပ်ခဲ့သည်။

ဓာတ်ပုံ : လူငယ့်ခေတ် 

” အိမ်စီးကားနဲ့ ဝင်တိုက်တာအကို။ လမ်းက အကွေ့ဆိုတော့ ပြင်းအားမပါဘူးဖြစ်သွားတယ်။ တိုက်ပြီး ဆင်းဖမ်းတယ် ။ ကျွန်တော်တို့ အပြေးမြန်လို့ လွတ်လာတာ။ သူတို့သဘောကတော့ သေစေချင်တဲ့သဘော ထားရှိမယ်ထင်တယ်။ မသေရင်လည်း ဖမ်းမယ်ပေါ့ သူတို့က နည်းစုံနဲ့ ယုတ်မာတာပေါ့ဗျာ” ဆန္ဒပြပွဲကို ဦးဆောင်ပါဝင်ခဲ့သည့် လူငယ်များသမဂ္ဂ -ဗဟို ဥက္ကဌ ကိုဇော်ထက်က Red News Agency သို့ ပြောကြားထားသည်။

ဓာတ်ပုံ : လူငယ့်ခေတ် 

ရန်ကုန်မြို့တွင်း ငြမ်းချမ်းစွာ ဆန္ဒပြသည့် လူငယ်များကို စစ်ကောင်စီတပ်လက်အောက်ခံများက ကားနှင့်တိုက်ဖမ်းသည့်လုပ်ရပ်များ မကြာခနပြုလုပ်နေကြောင်း၊ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းမှာ ကားနှင့်တိုက်ဖမ်းဆီးခံခဲ့ကြရသည်။

Red News Agency

By Editor