စာပြင်စာတည်း၏မှတ်စုများ ( ၈)

မြန်မာစာပေ၌ ကျွန်တော်တို့တစ်တွေ အသေအချာမသိသေးသော အကြောင်းအရာပေါင်း မြောက်မြားစွာ ရှိ၏။ တချို့က သိချင်စိတ်ရှိပြီး သိခွင့်မသာ၍ မသိကြခြင်း ဖြစ်၏၊တချို့ကတော့ သိခွင့်သာပါလျက်နှင့် သိချင်စိတ်မရှိသောကြောင့် မသိကြခြင်း ဖြစ်သည်။ ခင်ဗျားဘာသာ ဘာဖြစ်ဖြစ် ခင်ဗျားသိချင်မသိချင်တာ ခင်ဗျားကိစ္စဖြစ်၏။ ကျွန်တော့်ကိစ္စကတော့ စာပြင်ရင်း တွေ့လေသမျှ တွေ့ရှိချက်ကလေးများကို စုစည်းတင်ပြလိုက်ပါသည်။ စကားတစ်လုံး စာတစ်ကြောင်းက ဘဝကောင်းအောင်၊ ဘဝဆိုးအောင် ပြောင်းလဲပေးနိုင်စွမ်းရှိ၏။ ထိုနှလုံးသွင်းဖြင့် မေတ္တာမူပါသည်။ လိုသော်ယူကြ အသုံးချနိုင်ကြပါစေသတည်း။

အောင်မှူးဝေ

အားထုတ်ပါ
ကံမလို့ အောင်မြင်လာတာမဟုတ်ဘူး။ကျုပ်အောင်မြင်မှုအကြောင်း ရှာဖွေကြည့်မယ်ဆိုရင် ဉာဏ်က တစ်အောင်စလောက်ပါပြီး ဝီရိယက တစ်တန်လောက်ပါတယ် -သောမတ်အက်ဒီဆင်
သမ္မတိ သန္တစိတ္တော ဘဝတီတိ သမဏော၊ကာရိတဝသေန ပန ကိလေသေ သမေတိ ဥပသမေတီတိ သမဏောတိ နိဗ္ဗစနံ ဒဋ္ဌဗ္ဗံ။(နီတိဓာ၊ ၂၃၆)
သမဏန်တိ သမိတပါပံ။(ထေရဂါထာ၊ ဋ္ဌ (၂) ၊ ၃၄၆)
ငြိမ်းချမ်းတဲ့စိတ်ရှိရင် သမဏ(ရဟန်း)။
ကိလေသာအပူတွေ ငြိမ်းအောင် လုပ်ရင် သမဏ။
ငြိမ်းအေးပြီးသော အကုသိုလ်တရားတွေ ရှိရင် (အကုသိုလ်တရားတွေ ငြိမ်းသွားအောင် ကျင့်ကြံနေထိုင်ရင်) သမဏ။
(ဖြည့်စွက်)ကိုယ်တိုင်လည်း ငြိမ်းချမ်း သူတစ်ပါးကိုလည်း ငြိမ်းချမ်းအောင် တရားရေအေး တိုက်ကျွေးဟောပြနိုင်ရင် သမဏ။ ရတုသစ်ထံမှ ကူးယူသည်။

လူသားတစ်ဦးရဲ့ မျက်ရည်။
၁၉၉၇ ခုနစ်မှာ ဒေါက်တာမိုက်ကယ်အဲရစ်ဟာ ကင်ဆာရောဂါ ခံစားနေရမှန်းသိခဲ့ပါတယ်။
ဆရာမိုက်ကယ်ဟာ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပြီး၊ ဘူတန်၊ တိဘက်၊ ဟိမဝန္တာ ယဉ်ကျေးမှု နှင့် သမိုင်း ဆိုင်ရာပညာရှင်ပါ။ ဆရာမိုက်ကယ်ရဲ့ဝေဒနာဟာ တစ်ဖြည်းဖြည်းဆိုးလာပြီး ဘဝရဲ့ နောက်ဆုံးအချိန်ကို တစ်ဖြည်းဖြည်းရောက်လာခဲ့ပါတယ်။
ဆရာမိုက်ကယ်ရဲ့ ကျန်းမာရေးအခြေအနေ ဆိုးဝါးလာတဲ့အတွက် သူဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့် တောင်းပါတယ်။ စစ်အစိုးရက ဗီဇာမပေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့ဖို့ခွင့်ပြုမယ်လို့ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရွေးချယ်ရခက်ခဲခဲ့ပါတယ် ။ မြန်မာနိုင်ငံအရေး နှင့် သူမရဲ့မိသားစုသေရေးရှင်ရေး ကြားမှာ သူမဟာ မြန်မာနိုင်ငံကနေတစ်ဖဝါးမှမခွါဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူမထွက်သွားရင်မြန်မာနိုင်ငံထဲပြန်ဝင်ခွင့် မပြုမှာစိုးလို့ပါ။

ဆရာမိုက်ကယ်ရဲ့ ကင်ဆာဝေဒနာကျွမ်းလာပြီဖြစ်တဲ့အတွက် မြန်မာပြည်ဝင်ခွင့်ပေးဖို့ ပုပ်ရဟန်းမင်းကြီးအပါအဝင် နိုင်ငံတကာခေါင်းဆောင်တွေက စစ်အစိုးရကို တောင်းပန်ခဲ့ကြပေမယ့် ခွင့်မပြုခဲ့ပါဘူး။ အဲ့ဒီအချိန် နေအိမ်အကျယ်ချုပ်ကနေလွတ်ပြီး အပြင်မှာနေရတဲ့အချိန်ကာလ ခဏလေးနဲ့သွားတိုက်ဆိုင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ နောက်ဆုံးနေဝင်ချိန်ကိုရောက်နေပြီဖြစ်တဲ့ ခင်ပွန်းဖြစ်သူနဲ့ ဖုန်းကနေပဲစကားပြောခဲ့ရပါတယ်။

အဲ့ဒီလို ဝေဒနာသည်ခင်ပွန်းနှင့် စကားပြောရင်းနှစ်သိမ့်နေရတဲ့ အချိန်မှာ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အိမ်က ဖုန်းကိုဖျက်ချလိုက်ပါတယ်။ ခင်ပွန်းဖြစ်သူ အသက်နောက်ဆုံးအချိန်ကလေးမှာ စကားပြောနေရတာလေးနှင့် ကျေနပ်နေရတာပါ။ အဲ့ဒီအချိန်မှာ ဖုန်းဖျက်ချလိုက်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ဟာ လူသားတစ်ဦးအနေနဲ့ ဝမ်းနည်းနေရုံမှလွဲပြီးဘာမှ မတတ်နိုင်ခဲ့ပါဘူး။ အဲ့ဒီအခြေအနေမှာ ဗြိတိန်သံအမတ်ကြီး က ဒေါ်အောင်ဆန်းစုကြည် သူမခင်ပွန်းနဲ့ ဖုန်းပြောနိုင်ဖို့စီစဉ်ပေးခဲ့ပါတယ်။

ဆရာမိုက်ကယ် ရက်ပိုင်းသာအသက်ရှင်နေရတော့မယ်လို့ သိနေရတဲ့တစ်ရက်မှာ ဆရာမိုက်ကယ် ထံမှ “ ဟယ်လို “ စကြားရပြီး ဖုန်းပြတ်ကျသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါးပြင်နှစ်ဖက်ပေါ် မျက်ရည်တွေလှိမ့် ဆင်းကျလာပါတယ်။ သူမအနေနဲ့ ဆရာမိုက်ကယ်ရဲ့ အသံကို နောက်ဆုံးကြားရခြင်းပါ။ ၁၉၉၉ မတ်လ ၂၇ ရက့်နေ့၊ အသက် ၅၃ နှစ်ပြည့်တဲ့မွေးနေ့ မှာ ဆရာမိုက်ကယ် ကွယ်လွန်သွားခဲ့ပါတယ်။ လူသားတစ်ဦးအဖြစ်ခံစားမှု၊ သံယောဇဉ်ဆိုတာရှိစမြဲပါ။ သံမဏိနှင်းဆီလို့တင်စားကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေးဘဝအပိုင်းအစလေးပါ။ လူသားတစ်ဦးရဲ့မျက်ရည်ပါ။ ချစ်ခင်စွာဖြင့် မျိုးရန်နောင်သိန်း၃-၁၁-၂၀၂၀၁၂-၄၄ နာရီ။

ငမှူး။  ။ လူဆိုတာ ကိုယ်ယုံကြည်ရာ ကိုယ်လုပ်ထာပဲဗျ။
သူငယ်ချင်း။  ။ကိုယ်မယုံကြည်တာကျတော့ရောကွာ။
ငမှူး။  ။သူများတွေကို လုပ်ခိုင်းပြီး ဆဲရတာပေါ့ဟ
သူငယ်ချင်း။  ။ကျက်သရေကမ္ဘာအသင်္ချေတုံးတဲ့ နှမပေး
ညီရဟန်းသို့ မင်းဘဝကိုတိမ်မည်းတွေထဲက ဆွဲထုတ်ပြီးတကယ်သုဒ္ဓိဖြစ်ပြီဆိုမှလမင်းဖြစ်ကြောင်း ကြွေးကြော်ပါ ညီလေး။အခုတော့ဆွမ်းခံကြွလိုက်ပါဦး။
ဦးတင်လျက် အောင်မှူးဝေ

ကျေးဇူးမကန်းပါနဲ့
မုဆိုးတစ်ယောက် တောလိုက်တယ်။သမင်တစ်ကောင်တွေ့လို့ အပြင်းလိုက်တယ်။သမင်ကပြေးတယ်။ပြေးနေလို့ လွတ်မှာမဟုတ်ဘူး တွေးမိလို့ နွ ယ်ပင်တွေ အုပ်မိုးထားတဲ့ ချုံတစ်ခုထဲ ဝင်ပုန်းနေလိုက်တယ်။သမင်ကို မျက်ခြည်ပြတ်သွားတဲ့ မုဆိုးဟာ နွယ်ချုံတွေရဲ့ရှေ့ဘက်ကို ကျော်သွားတယ်။စိမ်းစိုရွှင်လန်းတဲ့ နွယ်ပင်တွေကို မြင်တဲ့အခါ သမင်ရဲ့ရသတဏှာလှိုင်းတံပိုးဟာ တဝုန်းဝုန်းထလာတယ်။သွားရည်တွေကျလာတယ်။နွယ်ပင်တွေကို စားပစ်လိုက်တာ ကုန်သလောက်ဖြစ်သွားတယ်။မုဆိုးက သမင်ကိုရှာမတွေ့လို့ နောက်ကြောင်းပြန်လှည့်လာတယ်။အခုတစ်ကြိမ်တော့ ချုံနွယ်တွေမရှိတော့ပြီမို့ သမင်ပုန်းလို့မရတော့ဘူး။ “လက်စသတ်တော့ မင်းက ဒီမှာကိုး” မုဆိုးက သမင်ကို ဒူးလေးနဲ့ပစ်သတ်လိုက်တယ်။အသက်ထွက်ခါနီးမှာ သမင်က-” အကာအကွယ်ပေးတဲ့လူကိုကျေးဇူးကန်းရင် ငါ့လိုကြမ္မာဆိုးနဲ့ကြုံရမှာပဲ” လို့ တွေးရင်း အသက်ထွက်သွားတယ်။ ပါရဂူ၏ဧကံသမယံ -၁မှ ထုတ်နုတ်၍ဆီလျော်သလိုပြန်ရေးတယ်

စိတ်အပြောင်းအလဲ ရဟန်းဘဝကနေ လူဝတ်လဲတဲ့အခါ ကိုယ့်စိတ်ကိုယ် အတော် အဆင်ပြေအောင် တည်ဆောက်ယူခဲ့ရတယ်။မနေ့က အရှိခိုးခံကြီးက ဒီနေ့လဘာဂျာဖြစ်သွားတာကိုး။ဖာသည်မ(ငြိမ်း)တွေလို ခံချိန်ရောက်ရင် မနေတတ်မထိုင်တတ်လို့ ဖင်နဲ့ငုတ် ပြေးပြေးဆောင့်ရတယ်ဆိုတာလိုပါပဲ။လက်အုပ်မြင်တိုင်း၊မထီမဲ့မြင်ပြောဆိုခံရလေတိုင်း ရင်နာရတယ်။သင်္ကန်းလွမ်းနာ ဆိုလေမလားမသိဘူးပေါ့။နှစ်ဖက်လှဦးကျော်လွင်အဖြစ်ကို သတိရမိတယ်။ဦးကျော်လွင်က သူ့ကျောင်းဒကာ သမီးနဲ့ ညားတာတဲ့။ယောက္ခမက ဟေ့ကျော်လွင် မင့်ဘုန်းကြီးဘဝတုန်းက ငါတစ်နေ့သုံးကြိမ်လာကန်တော့ရတာ အခု မင်းက ငါ့သားဖြစ်ပြီ တစ်နေ့သုံးကြိမ်ပြန်ကန်တော့လို့ပြောဆိုပဲ။ကိုယ်တွေလည်းလူ့ဘဝရောက်တော့ လက်အုပ်ကြွေးပြန်တောင်းချင်တဲ့လူတွေနဲ့ လည်းကြုံရသေးတာ။ရဟန်းဝတ်နဲ့တုန်းကတော့ ရဟန်းခံစားချက်ပေါ့။ငါတို့ရဟန်းတွေကို လာမထိနဲ့။ဒီစိတ်။လူဝတ်နဲ့ကျတော့ ရဟန်းတိုင်းကို လိုက်မကြည်ညိုတော့တဲ့အပြင် ရွေးလာမိတယ်။ရဟန်းက ဓမ္မာမိသကျေးဇူးလူက အာမိသကျေးဇူးအပြန်အလှန် ပေးဆပ်ပြီးသာသနာအကျိုး နိုင်ငံအကျိုး သယ်ပိုးမှုနဲ့သာ တန်ဖိုးဖြတ်လာမိတယ်။စဉ်းစားချိန်ရမှ အဲ့ဒီလိုတွေးမိတာပါ။သတိမမူမိရင်တော့ ကိုယ်လည်း ဝေလေလေပါပဲ။ အောင်မှူးဝေ

ရစ်ခွေခဲ့လော ပြေခဲ့လော အိမ်ထောင်ဦးကသားများဘကိုချစ်စမပြေမြဲနှောင်ဝေသည်ရစ်ခွေခဲ့လော ပြေခဲ့လော။ အရှင်မဟာရဋ္ဌသာရ၊ကိုးခန်းပျို့
မျက်ပွင့်နေပျော်ပျော်စံသော်လည်းမတော်ဆနမောင်နှမသို့တလ်လစကားကြဉ်ရှောင်ရှားသည်ငါ့အား ချစ်ရိုသေစွာ့တည်း။ ။ အရှင်မဟာရဋ္ဌသာရ၊ကိုးခန်းပျို့
စွာ့=သတ်စုံရေးစွ= ရိုးရိုးရေး
သန့်ပြန့်တဲ့လက်
သူတစ်ပါးအကျိုး တစ်ခါမျှ မဆောင်ရွက်ဖူးတဲ့အတွက်တစ်ခါမျှ ပင်ပင်ပန်းပန်း မလုပ်ဖူးတဲ့အတွက် တစ်သက်လုံး ပေါ်ကြော့နေခဲ့တဲ့အတွက် လက်ဖဝါးနူးညံ့နေတဲ့လက်တွေဟာ ဘယ်လိုလုပ် သန့်ပြန့်စင်ကြယ်တဲ့လက် ဖြစ်နိုင်မှာလဲ ဂုရုဂေါဝိန္ဒ
ကိုတတ်ပကြီးကျွတ်တော်မူခန်း
ငါလည်း ဘုန်းကြီးဘဝတုန်းကတော့ နေရာတကာ ငါသိငါတတ် လျှောက်ပြောလျှောက်ရေးတာပဲ။သားဖွားဆရာမ အပျိုကြီးချွတ်မှ ကျွတ်သွားတာ။

” အရှင်ဘုရား၊မိန်းမတွေမှာ အပေါက်ဘယ်နှပေါက်ပါသလဲဖျ”
” ကိုးပေါက်ပေါ့ဗျ ဒွာရကိုးပေါက်ဥစ္စာ”
” ဆယ်ပေါက်ဘုရား၊တစ်ပေါက်က သေးပေါက်တာ တစ်ပေါက်က ကလေးမွေးတာ”
” ငင် “
သူက အနာတမီတွေ ဖီစီရော်လော်ဂျီတွေ ဗာဂျိုင်နာလော်ဂျီတွေ အကုန်ထုတ်သုံးတော့ ခေါင်းတုံးလေးပွတ်ပြီး အရှုံးပေးခဲ့ရတယ်။မိန်းမသားလည်း ဖြစ်ပြန်ချောလည်းချော စာလည်းဖတ်ပြန်မို့ သည်းခံခဲ့တာ။သူ့နေရာမှာ ဘဲကြီးဆိုရင်တော့ သောက်ခွက်ပိတ်ထိုးထားခဲ့မှာပဲ။ အောင်မှူးဝေ

ဒေါသပျောက်ဆေး
ဒေါသကို ပြေပျောက်စေတဲ့အကောင်းဆုံးဆေးဟာပါးစပ်ပိတ်ထားခြင်းပဲ ဖြစ်တယ်။ပါးစပ်ပိတ်ထားရင်ဒေါသဟာ သူ့အလိုလို ပျောက်သွားလိမ့်မယ်။ ဟိန္ဒူဒဿန
ဘေးရောက်တဲ့အခါ ဘေးရောက်တဲ့အခါထွက်မပြေးပါနဲ့။ထွက်ပြေးတဲ့အခါ ဘေးက ပြေးလိုက်လာတတ်တယ်။ထွက်မပြေးဘဲ ရင်ဆိုင်လိုက်တဲ့အခါမှာတော့ ဘေးက နောက်ကိုဆုတ်သွားတယ်။

ဆွာမိဝိဝေကာနန္ဒ
မိုးစက်၊ပညာဉာဏ်၊နျူကလီးယားစွမ်းအင် ။ ဆွာတိ ခေါ် ပန္နရသမမြောက်နက္ခတ်နှင့်ယှဉ်သောနေ့၌ ရွာသော မိုးစက်မိုးပေါက်သည် မုတ်ကောင်၏ ခံတွင်းထဲသို့ ရောက်သွားလျှင် ပုလဲဖြစ်သွားသည်။ငှက်ပျောပင်ထဲရောက်သွား ပရုတ်ဖြစ်သွားသည်။သို့သော်လည်းမြွေ၏ခံတွင်းထဲ ရောက်သွားလျှင်ကား အဆိပ်အသွင်ဆောင်သွားသည်။ထိုနည်းအတိုင်းပင်တစ်ခုတည်းသော အရာဝတ္ထုသည်ပင် သဘောသဘာဝမတူ ကွဲပြားခြားနားသော လူအသီးသီးတို့ ထံသို့ ရောက်သွားလျှင် အကျိုးသက်ရောက်မှု တစ်ခုနှင့်တစ်ခု မတူဘဲ ကွဲပြားခြားနားသော အသွင်သဏ္ဌာန်မျိုး ဖြစ်သွားသည်။ယင်းဥပမာအတိုင်းပင်ပညာဗဟုသုတသည် လူကောင်းသူကောင်းတို့ထံ ရောက်သွားလျှင် လောဘ၊ဒေါသ၊မောဟ၊မာန်မာန အစရှိသော အပြစ်အနာအဆာများ ပျက်စီးပျောက်ကွယ်သွားအောင် လုပ်တတ်သည်။ပညာဗဟုသုတ ရရှိသူများသည် တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်အား မိမိနှင့်တန်းတူသဘောထားသည်။တခြားပုဂ္ဂိုလ်အား ကိုယ်ချင်းစာနာငဲ့ညှာထောက်ထားသည်။

မည်သူ့ကိုမျှအနှောင့်အယှက်လည်း မပေးပေ။စိတ်ဆင်းရဲအောင်လည်း မပြုလုပ်ပေ။သို့ရာတွင်ယင်းပညာဗဟုသုတသည်ပင် စိတ်ကောင်းမရှိသူထံသို့ ရောက်သွားလျှင်ကား စိတ်ကောင်းမရှိသူများကို ပို၍ လူဆိုးလူသွမ်းဖြစ်အောင်ပြုလုပ်ပေလိမ့်မည်။မိမိမျက်မှောက် ကမ္ဘာလောကကိုလည်း သေးသိမ်သည်ဟူ၍ပင် ထင်မှတ်အောက်မေ့လိမ့်မည်။ပညာမာန်တက်နေသည်ဖြစ်၍ မည်သူ့ကိုမျှ အထင်ကြီးလိမ့်မည် မဟုတ်ချေ။အားလုံးကို ဖွဲဆန်ကွဲအဖြစ်လုပ်ကာ အောက်မေ့လိမ့်မည်။တစ်ခုတည်းသော ပညာဗဟုသုတ မတူကွဲပြားခြားနားနေသော နေရာနှစ်ခု၌ ဩဇာအရှိန်အဝါတစ်မျိုးစီ သက်ရောက်မှုရှိနေပေလိမ့်မည်။ဆိတ်ငြိမ်သောနေရာဌာနသည် ယောဂီများ၏ စိတ်နှလုံးကို တရားဘက်ဆွဲဆောင်ပြီး ဗြဟ္မစိုရ်တရားလေးပါးနှင့် ညီညွတ်အောင် ကျင့်သုံးဆောက်တည်ရန် လှုံ့ဆော်အားပေးမည်ဖြစ်သော်လည်း ၊ယင်းတိတ်ဆိတ်ငြိမ်သက်သောနေရာသည်ပင် ကာမဂုဏ်အာရုံ ခံစားလိုသူများ၏ စိတ်နှလုံးကိုမူ တောက်လောင်နေသောကာမရာဂစိတ်ကို ပိုပြီးအရှိန်အဟုန်မြင့်အောင် ပြုလုပ်ပေလိမ့်မည်။သိပ္ပံပညာရှင်များ တီထွင်ဖန်တီးသောနျူကလီးယား စွမ်းအင်သည် စစ်သွေးစစ်မာန်ကြွနေသူများ၏ လက်ထဲသို့ ရောက်သွားသောအခါ ကမ္ဘာဖျက် လက်နက်ဖြစ်သွားပြီး၊ငြိမ်းချမ်းရေးသမားများ၏ လက်ထဲသို့ရောက်သွားသောအခါ ကမ္ဘာကြီးတိုးတက်စည်ပင်ရေး ဆောင်ရွက်ရာ ဆောင်ရွက်ကြောင်း ကိရိယာတန်ဆာပလာဖြစ်လာသည်။ ပါရဂူ

ဗုဒ္ဓဘာသာသည်လူအပေါင်းတို့၏ လောကီအကျိုး၊လောကုတ္တရာအကျိုးများကို ပေါက်ဖွားစေသည်သာမကဘဲ ကမ္ဘာလောက၏ စာပေ၊ယဉ်ကျေးမှု၊အနုပညာ စသော နယ်ပယ်အသီးသီးအတွက်လည်း ပြော၍မပြနိုင်လောက်အောင်ပင် ကျေးဇူးပြုခဲ့သည်။အကျိုးပြုဆဲ ဖြစ်သည်။အကျိုးပြုနေလိမ့်ဦးမည်။ ပါရဂူ၊ယဉ်ကျေးမှုအမွေ ပုဂံမြေ…မှ
လူသားအကျိုးပြုလုပ်ငန်းကကျောင်းဆောက်တဲ့အလုပ်ရဲ့အပေါ်မှာ ရှိတယ်✍ဆွာမိဝိဝေကာနန္ဒရာမကရိသျှဏမစ်ရှင်ခေါင်းဆောင်

ချစ်နှမ
ရှေးတုန်းက အရိယာသူတော်စင်တွေဟာအမျိုးသမီးငယ်ဆိုရင် နှမလို့ပဲခေါ်ကြတယ်
ပါမောက္ခချုပ်ဆရာတော်မြတ်ဗုဒ္ဓအဆုံးအမ၏ သက်ရောက်မှုများမှ
ဘုရားကျောင်းဆောင် ဘုရားစင်လို့မသုံးရဘူးကွဲ့ဖိနပ်စင်တို့ ပန်းကန်စင်တို့စာအုပ်စင်တို့နဲ့တစ်တန်းတည်းဖြစ်သွားမယ်။ဘုရားခန်းလို့လည်း မသုံးရဘူးကွဲ့ဖာခန်းတို့ အနှိပ်ခန်းတို့နဲ့တစ်တန်းတည်းဖြစ်သွားမယ်။စာပေရှုထောင့်အရ ဘုရားကျောင်းဆောင်လို့ ပြောမှ ကောင်းတယ် မှန်တယ်။✍အောင်မှူးဝေ ခင်မင်မှုဆိုတာ အရိပ်ရသစ်ပင်လိုပါပဲ
-ဆင်မြူရယ် တေလာ ကောလားရစ်(ဂ်ျ)
အသိအမှတ်ပြုခြင်းမခံရတဲ့ကမ္ဘာကြီးရဲ့ဥပဒေပြုသူများဟာကဗျာဆရာတွေသာဖြစ်ကြတယ်။  ။
ဂျော့အော်ဖန်

Red News Agency – ဆက်လက်ဖော်ပြပါမည်။

By Editor

Leave a Reply

Your email address will not be published. Required fields are marked *