မြန်မာဘက်မှ တိုက်ပွဲများကြောင့် နယ်စပ်လုံခြုံရေးအတွက် ထိုင်းလေတပ်က F-16s တိုက်ခိုက်ရေးလေယာဉ် စေလွှတ်

RNA_နိုဝင်ဘာ(၉)၊၂၀၂၆ခုနှစ်။

ကရင်ပြည်နယ် မြဝတီမြို့နယ်အနီး တိုက်ပွဲများကြောင့် ထိုင်းနယ်စပ်လုံခြုံရေးအတွက် ထိုင်းတော်ဝင်လေတပ် (RTAF) က F-16 MLU တိုက်ခိုက်ရေးလေယာဉ် အရေးပေါ်စေလွှတ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများ၌ ဖော်ပြထားသည်။

နိုဝင်ဘာ (၈) ရက် နေ့လည် (၃) နာရီဝန်းကျင်က ထိုင်းနယ်စပ် တာ့ခ်ခရိုင် ဖုတ်ဖရမြို့နယ်အနီးကို သံသယဖြစ်ဖွယ် လေယာဉ်တစ်စင်း ချဉ်းကပ်လာမှုကြောင့် RTAF က အရေးပေါ် သတိပေးချက်တုံ့ပြန်ရေး (QRA) ဖြင့် F-16s တိုက်လေယာဉ်ကို စေလွှတ်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ နယ်မြေအချုပ်အခြာနှင့် ဝေဟင်လေပိုင်နက်ကို ကာကွယ်ရန် အလေးထားလုပ်ဆောင်ခဲ့ကြောင်း၊ ထိုင်းပြည်သူများ၏ လုံခြုံရေးနှင့် နိုင်ငံနယ်နမိတ်ကို ကာကွယ်ရန်အတွက် အချိန်နှင့်အမျှ အသင့်ပြင်ထားကြောင်း ထိုင်းလေတပ် တာဝန်ရှိသူက ပြောကြားထားသည်။

ထိုင်းနှင့်ကပ်လျက် မြန်မာနယ်စပ်အနီး၌ ဖြစ်ပွားနေသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် မြန်မာစစ်အုပ်စုကြား တိုက်ပွဲများကြောင့် ထိုင်းနယ်စပ်အနီး ကျေးရွာများအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပေါ်နေကာ ဒေသခံပြည်သူအချို့ ထိခိုက်ဒဏ်ရာရမှုများ ရှိနေသည်။

By Editor