🔴 [UPDATE] လက်ရှိ တော်လှန်ရေးအခြေအနေအပေါ် KNLA တပ်မဟာ (၆) မှ ဗိုလ်ဒါဘော၏ အထူးသတင်းစကား

မင်္ဂလာပါရှင်။ Red News Agency သတင်းဌာနကနေ ကြိုဆိုလိုက်ပါတယ်။ ဒီကနေ့မှာတော့ လက်ရှိ နွေဦးတော်လှန်ရေးရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေ သိချင်နေကြမယ့် အကြောင်းအရာတွေကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ (၆)၊ တပ်ရင်း (၂၈) မှ ဒုတိယဗိုလ်မှူးကြီး စောဒါဘောရဲ့ ပြောကြားချက်တွေနဲ့အတူ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

🔴 ယနေ့ ဗီဒီယို အနှစ်ချုပ် –

📌 အာဏာရှင်စနစ် ဖယ်ရှားရေးနှင့် စည်းလုံးညီညွတ်မှု၏ အရေးပါပုံ အာဏာရှင်ကို ဖယ်ရှားရာတွင် လွယ်ကူသော်လည်း၊ တော်လှန်ရေးအင်အားစုများအကြား စည်းလုံးညီညွတ်မှုရှိရန် အထူးလိုအပ်ကြောင်း KNLA တပ်ရင်း (၂၈) ဒုတိယဗိုလ်မှူးကြီး ဒါဘောက အလေးအနက်ထား ပြောကြားလိုက်ပါတယ်။ ဒီဗီဒီယိုထဲမှာဆိုရင်တော့ – လက်ရှိ တော်လှန်ရေး၏ တိုးတက်မှု အခြေအနေများ ကရင်ပြည်နယ်အတွင်းမှ နောက်ဆုံးရ မြေပြင်အခြေအနေများ လက်နက်ချ အလင်းဝင်လာသူများနှင့် ထိန်းသိမ်းခံထားရသူများ (POWs) အရေး ရှေ့ဆက်ရမည့် စည်းလုံးညီညွတ်ရေး အခြေအနေ စတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတွေကို အသေးစိတ် ရှင်းလင်းပြောကြားထားတာကို ရှုစားနားဆင်ရမှာ ဖြစ်ပါတယ်။

#RedNewsAgency #RedNews #RNA

By Editor