မပေါက်ကွဲဘဲကျန်ရှိသည့် စစ်အုပ်စု၏ ပေါင် (၅၀၀)ဗုံးဖြင့် စစ်အုပ်စုကို ပြန်လည်တိုက်ခိုက်

RNA_စက်တင်ဘာ(၁၉)၊၂၀၂၆ခုနှစ်။

မကွေးတိုင်း ပေါက်မြို့နယ်တနေရာ၌ စစ်အုပ်စုဗုံးကြဲတိုက်ခိုက်ချိန် မပေါက်ကွဲဘဲ ကျန်ရှိခဲ့သည့် ပေါင် (၅၀၀)ဗုံးဖြင့် စစ်အုပ်စုစစ်ကြောင်းကို ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း အညာတမာစစ်ဆင်ရေး အင်အားစုများက စက်တင်ဘာ (၁၈) ရက် ညပိုင်းတွင် ထုတ်ပြန်ထားသည်။

မပေါက်ကွဲဘဲ ကျန်ရှိနေသည့် စစ်အုပ်စု၏ ပေါင် (၅၀၀) ဗုံးအား အညာတမာ စစ်ဆင်ရေးအင်အားစုများက မိုင်းပြန်တပ်ဆင်ခဲ့ပြီးနောက် စစ်အုပ်စုစစ်ကြောင်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အညာတမာစစ်ဆင်ရေးအင်အားစုများမှ ထုတ်ပြန်ထားသည့် ရုပ်သံဖိုင်အရ ပေါက်ကွဲအား ပြင်းထန်ခဲ့ပြီး စစ်အုပ်စုစစ်ကြောင်းမှ တပ်ဖွဲ့ဝင်အများအပြား ထိခိုက်ဒဏ်ရာရ သေဆုံးနိုင်ကြောင်း သိရသည်။

အညာတမာစစ်ဆင်ရေးကို ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)၊ မကွေး ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးဖက်ဒရယ်ယူနစ်စစ်ကြောင်းများ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ပခုက္ကူခရိုင် (၂/၆/၇/၉/၁၂ /၁၄/၁၅/၁၇/၁၈ ) တပ်ရင်းများ၊ KG တပ်ဖွဲ့ ၊ ပခုက္ကူခရိုင်ပကဖ၊ ပေါက် ပကဖ၊ မြိုင်ပကဖ၊ ပခုက္ကူ ပကဖ၊ ကျောင်းသားတပ်မတော် (ABSDF) ၊ တိုင်း ပကဖစစ်ကြောင်း(၄) ၊ MRG တပ်ဖွဲ့၊ ရေစကြိုတပ်ပေါင်းစု၊ ကမ္မတပ်ပေါင်းစု ၊ ကမ္မလုံခြုံရေးအင်အားစု ၊ PLC တပ်ပေါင်းစု၊ မြိုင်ညီညွှတ်ရေးတပ်ပေါင်းစု၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အညာမြေတပ်ပေါင်းစုတို့ နှင့်အတူ ပြည့်သူလွတ်မြောက်ရေးတပ်မတော် (PLA ) ၊ ယင်းမာပင်ခရိုင်အမှတ်( ၇/၁၁/၁၂) တပ်ရင်းများ ၊ ပုလဲပကဖ ၊ Myingyan Black Tiger တပ်ဖွဲ့၊ Southern ရေစကြို တပ်ဖွဲ့ ၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့နှင့် ဒေသတွင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်နေကြခြင်း ဖြစ်သည်။

Red News Agency, Red News, RNA

By Editor