ဒီဇင်ဘာ ၁ ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသား ၂၇၂ ဦးလွတ်မြောက်ခဲ့

RNA_ဒီဇင်ဘာ(၄)၊၂၀၂၅ခုနှစ်။

အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီးထားသူများထဲကနေ ဒီဇင်ဘာ ၁ ရက်နေ့က အကျဉ်းထောင်အသီးသီမှ နိုင်ငံရေးအကျဉ်းသား ၂၇၂ ဦးကို လွှတ်ပေးခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ယနေ့ ( ဒီဇင်ဘာ ၄ ရက်) တွင် အသိပေးထားသည်။

ဒီဇင်ဘာ ၁ ရက်နေ့လွှတ်ပေးလိုက်သူများထဲတွင် သာယာဝတီထောင်မှ (၈၃) ဦး၊ ဒိုက်ဦးထောင်မှ (၅၀) ဦး၊ အိုးဘိုထောင်မှ (၄၆)ဦး၊ အင်းစိန်ထောင်မှ (၃၂) ဦး၊ မြင်းခြံထောင်မှ (၂၄) ဦး၊ ကလေးထောင်မှ (၁၁) ဦးအပါအဝင် စုစုပေါင်း (၂၇၂) ဦးဖြစ်ကြောင်း၊ နိုဝင်ဘာ ၂၆ ရက်နေ့က ထုတ်ပြန်သည့် လွတ်ငြိမ်းနှင့်ပတ်သက်ပြီး ၅၀၅-က ပုဒ်မဖြင့် လွတ်လာသူ (၆၃၉) ဦးရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ စာရင်းများအရ သိရသည်။

 

အာဏာသိမ်းစစ်တပ်လက်အောက်ခံ အကျဉ်းထောင်အသီးသီးတွင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်အပင်ခံပုဂ္ဂိုလ်အပါအဝင် နိုင်ငံရေးအကျဉ်းသားများစွာရှိနေသေးကြောင်း၊ အာဏာသိမ်းစစ်တပ်သည် အတုအယောင်ရွေးကောက်ပွဲပြုလုပ်ရန်အတွက် နိုင်ငံတကာနှင့်ပြည်သူများအား ဟန်ပြအဖြစ် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပြနေခြင်းဖြစ်သည်ဟုလည်း ဝေဖန်မှုများရှိနေသည်။

#RedNewsAgency #RNA #REDNEWS

By RNA Editor