RNA_ဇူလိုင်(၁၈)၊၂၀၂၅ခုနှစ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ အထကကျောင်းအရှေ့ဘက် ယနေ့ ညနေ (၄) နာရီခန့်က လက်နက်ကြီးကျပေါက်ကွဲခဲ့သည့်အတွက် လမ်းသွားလမ်းလာနှင့် စျေးရောင်းချသူတစ်ချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အထက ကျောင်းအရှေ့ဘက် ပေါက်ကွဲမှုဖြစ်သောနေရာတွင် ရေခဲမုန့်ရောင်းချသူ အမျိုးသမီးတစ်ဦး၊ CR7 အားကစားပစ္စည်းဆိုင်မှ အမျိုးသမီးနှစ်ဦး၊ ဆိုင်ကယ်မောင်းနှင်လာသည့် လမ်းသွာလာ အမျိုးသားနှစ်ဦးတို့အပါအဝင် (၅) ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးစိုးရိမ်ရသည်ဟု ဒေသခံထံမှ သိရသည်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲသည့် နေရာသည် စာသင်ကျောင်းကြီးရှေ့ ဖြစ်သလို၊ ဖားကန့်ဗျူဟာကုန်းနှင့် ရဲစခန်းကြား မြို့လယ်ခေါင် လမ်းမကြီးပေါ်ဖြစ်ကြောင်း၊ ဖားကန့်၌ စစ်ကောင်စီနှင့် KIA/KPDF တော်လှန်ရေးပူးပေါင်းတပ်တို့ နေ့စဉ် အပြန်အလှန် ပစ်ခတ်မှုများရှိနေပြီး၊ ယခုသတင်းရေးနေချိန်တွင် ဖားကန့်မြို့ပေါ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားသည်။
စစ်ကောင်စီတပ်သည် ဖားကန့်မြို့ကို ယနေ့ အပါအဝင် တစ်ပတ်အတွင်း ဂျက်ဖိုက်တာဖြင့် လေးကြိမ်မြောက် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခြင်းဖြစ်ပြီး၊ ယနေ့ ပစ်ခတ်သွားသည့်အခြေအနေ ထူးခြားပါက ဆက်လက်တင်ပြပါမည်။
Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
#RedNewsAgency #REDNEWS #RNA