RNA_ဧပြီ(၂၉)၊၂၀၂၅ခုနှစ်။
စစ်ကောင်စီတပ်လက်လွှတ်ခဲ့ရသော စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကြံသာကျေးရွာဘက် စစ်ကြောင်းထိုးတက်လာသည့် စစ်ကြောင်း တိုက်ခိုက်ခံရပြီး အထိနာကာ ပြန်ဆုတ်စဉ် ဒဏ်ရာရစစ်ကောင်စီတပ်သားတစ်ချို့ကို စစ်ကောင်စီတပ်က ပစ်သတ်ပြီး နောက်ပြန်ဆုတ်သွားကြသည်ဟု Chinland Information Center ကအသိပေးထားသည်။
CDF KKG ၏ Major operation အတွင်း ကလေးတောင်ပိုင်း တိုက်ပွဲများအတွင်း လက်လွှတ်လိုက်ရသည့် စခန်း (၅) ခုအနက်မှ ကြံသာရွာစခန်း ပြန်လည်သိမ်းပိုက်နိုင်ရေး စစ်ကောင်စီတပ်စစ်ကြောင်း (၂) ကြောင်းသည် ဧပြီလ ၂၇ ရက်နေ့ နံနက် (၅) နာရီက ထိုးစစ်ဆင်လာသည့်အတွက် တော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“စစ်ကြောင်းနှစ်ခုဖြင့် ထိုးစစ်ဆင်လာရာ ရန်သူ့ စကစထံမှ လက်နက် ၈ လက် နှင့် ခဲယမ်းများရရှိခဲ့ပြီး စကစ အလောင်း ၇ လောင်း ကောက်ရသည့်အပြင် ၂၀ ဦး သေဆုံးခဲ့သည်၊ စကစသည် ဒါဏ်ရာရ စစ်သားများကို ပြန်လည်သယ်ဆောင်ခဲ့ကြသော်လည်းတချို့ကိုမူပစ်သတ်သွားခဲ့ကြသည် ” ဟု Chinland Information Center ကအသိပေးထားသည်။
စစ်ကြောင်းထိုးလာသည့် စစ်ကြောင်း (၂) ခုကို CNA, CDF KKG, CDF – Vakok, MCR နှင့် အမှတ် ၁ စစ်ဒေသ ရဲဘော်များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လေကြာင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည့်အထဲတွင် ပြည်သူများနေထိုင်ရာ နတ်ချောင်း၊ နတ်မြောင်း၊ အောင်ချမ်းသာ၊ သံဖိုနှင့် ငါးဖ ရွာများကို ဗုံးကြဲခဲ့သည့်အတွက် ပြည်သူ (၄) ဦးသေဆုံးခဲ့သည်ဟု သိရသည်။
Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
#RedNewsAgency #REDNEWS #RNA