RNA_မတ်(၁၁)၊၂၀၂၅ ခုနှစ်။
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးရဲစခန်းမှ ထွက်လာသော တပ်မ-၁၀၁ လက်အောက်ခံ စစ်ကောင်စီ အင်အား (၂၀၀) ခန့်ရှိ စစ်ကြောင်း တိုက်ခိုက်ခံရပြီးဗိုလ်မှူးဝင်းလှိုင်ဦးနှင့် ဗိုလ်ကြီးအောင်ကိုကို အပါအဝင် (၁၄) ဦး ဖမ်းဆီးခံရပြီး (၂၅) ဦးသေဆုံးကာ လက်နက် (၄၄) လက်သိမ်းဆည်းရမိကြောင်း သိရသည်။
စစ်ကောင်စီတပ် စစ်ကြောင်းကို မြင်းခြံခရိုင် တပ်ရင်း (၄၊ ၁၀)၊ နွားထိုးကြီးမြို့နယ် ပကဖ နှင့် မဟာမိတ် ပူးပေါင်းအဖွဲ့တို့မှ ကျတွင်းဘိုးရွာ အနောက်တောင်ဘက်၌ မတ်လ (၉) ရက်တွင် ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း မိတ္ထီလာနှင့် တံတားဦးမှ တက်သော ဂျက်တိုက်လေယာဉ်ဖြင့် လေကြောင်း (၂) ကြိမ် တိုက်ခိုက်ခဲ့ကြောင်း၊ နွားထိုးကြီးမြို့နယ် ပကဖ ရဲဘော် (၂) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့သည်ဟု အမှတ် (၁) စစ်ဒေသကထုတ်ပြန်ထားသည်။
တိုက်ပွဲအတွင်းမှ MA-1 (၁၉) လက်၊ MA-2 (၂) လက်၊ MA-3 (၇) လက်၊ MA-5 (၂) လက်၊ MA-11 (၇) လက်၊ MA-12 (၁) လက်၊ G-3 (၂) လက်၊ G-4 (၁) လက်၊ ၆၀ မမ ပြောင်းတို (၂) လက်၊ ၈၁ မမ စိန်ပြောင်း (၁) လက်)၊ 5.56 ကျည် (၁၂၀၀၀) တောင့်၊ 7.62 ကျည် (၁၀၄၅) တောင့်၊ ၉ မမ ကျည် (၁၉) တောင့်၊ ၆၀ မမ ကျည် (၂၈) လုံး၊ ၈၁ မမ ကျည် (၇) လုံး၊ RPG ကျည်အဖူး (၇) လုံး၊ RPG ပို့ကျည် (၈) တောင့်၊ အီနာဂါ (၂၁) လုံး၊ နင်းမိုင်း (၅) လုံး၊ လက်ပစ်ဗုံး (၁၁) လုံး၊ Laptop (၂) လုံး၊ ဆက်သွယ်ရေးစက် (၂) လုံး သိမ်းဆည်းရမိကြောင်း သိရသည်။
#RedNewsAgency #REDNEWS #RNA