RNA_မတ်(၈)၊၂၀၂၅ခုနှစ်။
ပြည်သူများအနေဖြင့် အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် အကြမ်းဖက်ခြင်း ကျူးလွန်သူ မည်သူ့ကိုမဆို ခြွင်းချက်မရှိ လူမှုရေးပြစ်ဒဏ်ပေးခြင်းဖြင့် အမျိုးသမီးများအတွက် တရားမျှတမှု ရှာဖွေခြင်းလမ်းကြောင်းကို ပူးပေါင်းပါဝင်ကြရန် အမျိုးသမီးအဖွဲ့အစည်း (၂၅) ဖွဲ့က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် ထုတ်ပြန်ထားသည်။
ပဋိပက္ခအတွင်း အမျိုးသမီးများပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ကျူးလွန်မှုများသည် စစ်ရာဇဝတ်မှုဖြစ်ကြောင်း၊ အမျိုးသမီးများအပေး နည်းမျိုးစုံနှင့် အကြမ်းဖက်ခြင်း (ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်း၊ စီးပွားရေးပိုင်း၊ ထိခိုက်နစ်နာစေသော ရိုးရာဓလေ့ထုံးစံများနှင့် နည်းပညာအရေအကြမ်းဖက်ဖြင်း) တို့သည် မည်သို့မျှ သိခံခွင့်လွှတ်၍ မရသည့် လူသားအချင်းချင်းအပေး တန်ဖိုးမထားသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီ၏ လူမဆန်စွာ ကျူးလွန်မှုများအတွက် ကျူးလွန်သူများအား ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းမရှိအောင် နိုင်ငံ၏ လွတ်လပ်ရေး၊ တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု တည်ဆောက်နေသည့် ကာလတွင် အမျိုးသမီးများသည် ဦးဆောင်ဦးရွက်ပြုကာ အလေးပေးဆောင်ရွက်သွားကြရမည်ဟု သံဓိဌာန်ပြုထားသည်ဟု သိရသည်။
အမျိုးသမီးအလုပ်သမားထုမှ လုပ်ငန်းခွင်အတွင်း မညီမျှမှုများကို ဖော်ထုတ်ကာ တရားမျှတမှုနှင့် တန်းတူညီမျှ အခွင့်အရေးကို ရဲဝံ့စွာဆန္ဒပြ တောင်းဆိုခြင်းအား ၁၈၅၇ ခုနှစ်တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ပြုလုပ်ခဲ့ရာမှ စတင်ခဲ့ကြောင်း၊ အမျိုးသမီးများမှ လူ့အခွင့်အရေးအတွက် တိုက်ပွဲ၀င် ဆန္ဒပြခဲ့ရာမှ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ အမျိုးသမီးအခွင့်အရေး လှုပ်ရှားမှုကို အသိ အမှတ်ပြုသည့်အနေဖြင့် ၁၉၁၁ ခုနှစ်မှစတင်ကာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို နှစ်စဥ်နှစ်တိုင်း မတ်လ (၈) ရက်နေ့တွင် ကျင်းပသည်။
#RedNewsAgency #REDNEWS #RNA