RNA_ဖေဖော်ဝါရီ(၂)၊၂၀၂၅ခုနှစ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ်မှ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် ကိုယ်ဝန်သည်မိခင်နှင့်ရင်သွေးအပြင် သားယောက်ျားလေးတစ်ဦး၊ သမီးနှစ်ဦး စုစုပေါင်း မိသားစုဝင် (၅) ဦးသေဆုံးခဲ့ရသည်ဟု ကလေးမြို့ အစိုးရနည်းပညာအထက်တန်းကျောင်းမှ ကထိက/ဌာနမှူး CDM ဆရာမ ဒေါ်ရတီအုန်းက ဖြစ်စဉ်ကို ပြောပြထားသည်။
စစ်ကောင်စီတပ်သည် ကလေးမြို့နယ်နှင့် တမူးမြို့နယ်အတွင်း ဇန်နဝါရီလကုန်ပိုင်းတွင်ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း၊ မိသာစုဝင် (၅) ဦးသေဆုံးခဲ့ရသည့် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့ ညနေပိုင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
#RedNewsAgency #REDNEWS #RNA