ပုသိမ် – မုံရွာလမ်း စိုးမိုးနိုင်ရေး လုပ်ဆောင်နေသော စစ်ကောင်စီတပ်ကို အပြင်းအထန် ခုခံမည်ဟု ပွင့်ဖြူ PDF ပြော

RNA_ဇန်နဝါရီ(၁၈)၊၂၀၂၅ ခုနှစ်။

မကွေးတိုင်း၊ မင်းဘူး (စကု) မြို့နယ်အတွင်းရှိ ရွှေစက်တော်ဘုရားသွားသည့် ပုသိမ် – မုံရွာလမ်းပိုင်းတွင် စစ်ကောင်စီမှ နယ်မြေစိုးမိုးရေး ရရှိရန် လုပ်ဆောင်နေမှုများကို အပြင်းအထန် ခုခံသွားမည်ဟု မင်းဘူးခရိုင် အမှတ် -၇ တပ်ရင်း (People Defence Force – Pwintbyu)က ပြောကြားထားသည်။

“ရွှေစက်တော်ဘုရားပွဲကလည်း စဖို့ ဘုရားငွေမျှော်နေသူတွေက ဆိုင်းပြင်းနေကြပြီ။ ဒီဘုရားပွဲစတင်နိုင်ဖို့အတွက် မီးရှို့ခံရတဲ့ ကျေးရွာတွေလည်းရှိတယ်။ ရွှေစက်တော်က ဒုတိယဝင်ငွေအကောင်းဆုံးမလို့ စစ်ကောင်စီက မရရအောင်ဝါသဝရဲ့ပျူတွေနဲ့ လမ်းကြောင်းတစ်​လျှောက်စစ်ကြောင်းပြင်ဆင်မှုတွေလုပ်နေပြီ” ပွင့်ဖြူ PDF ၏ ယမန်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီသည် မင်းဘူး (စကု) မြို့နယ်အတွင်းမှ ရွှေစက်တော်ဘုရားပွဲကို စည်းကားသိိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကြိုးပမ်းနေသော်လည်း စစ်ကောင်စီတပ်စစ်ကြောင်းထိုးခြင်းနှင့်အတူ ဒေသခံပြည်သူများကို ဖမ်းဆီးခြင်း၊ ကျေးရွာများကို စီးနင်းကာ ပစ္စည်းများကို ခိုးယူခြင်း၊ လမ်းတလျှောက် တွေ့သည့် လူငယ် လူရွယ်များကို ပေါ်တာဆွဲခြင်း စသည်တို့ကို ပြုလုပ်နေကြောင်း သိရသည်။

မင်းဘူး (စကု) မြို့နယ်နှင့်အစပ် ပွင့်ဖြူမြို့နယ်အတွင်းရှိ ပုသိမ် – မုံရွာ လမ်းပိုင်းတွင်လည်း ပွင့်ဖြူ PDF ကစိုးမိုးထားနိုင်သည့် နေရာများရှိပြီး၊ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်မှုများရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူးယူခဲ့ရသည်အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ပွင်ဖြူမြို့နယ်အတွင်းမှ လူငယ်လူရွယ်များကိုလည်း ပေါ်တာဆွဲမှုများ ပြုလုပ်နေကြောင်း သိရသည်။

#RedNewsAgency #REDNEWS #RNA

By RNA Editor