ဖားကန့် ရွှံ့နွံပေါက်ကျမှုအတွင်း ယနေ့ နံနက်ပိုင်းတွင် ရုပ်အလောင်း (၈) လောင်းရှာဖွေတွေ့ရှိ

RNA_ဖားကန့်၊ ဇန်နဝါရီ (၁၃)၊ ၂၀၂၅ ခုနှစ်။

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာ၌ ကျေးရွားနားကပ်လျက် ကျောက်တူးဖော်နေသည့် ကုမ္ပဏီလုပ်ကွက် (ဒေသအခေါ် ရတနာ အဓိပတိ) မှ ရွှံ့နွံကန် ပေါက်ထွက်ပြီး စပေါ့ကျေးရွာ၊ ရပ်ကွက်(၃)ရှိနေအိမ်များပေါ် ရွှံ့နွံဖုံးအုပ်သွားသည့်ဖြစ်စဉ် ယနေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက် (၁) ခွဲခန့်က ဖြစ်ပွားခဲ့သည့်အတွက် သေဆုံးသူ ရုပ်အလောင်း (၈) လောင်းတွေ့ရှိထားသည်။

ကုမ္ပဏီလုပ်ကွက်မှ ရွှံ့နွံသည် မြေစာဖိအားကြောင့် မြေအောက်မှ ကန်ထွက်ကာ ကျေးရွာအပေါ် ဖုံးအုပ်ခြင်းဖြစ်ကြောင်း စပေါ့ကျေးရွာ ဒေသခံံံတစ်််ဦးက ပြောကြားထားသည်။

 

“ဖြစ်တာက ညအချိန်ကြီး၊ နွံကန်ကို မြေစာဖို့တော့ နွံရေက ထွက်ပေါက်မရှိတော့ မြေအောက်ကနေ ပွင့်ထွက်လာတာ၊ ညလည်းဖြစ်၊ ရုတ်တရက်လည်း ဖြစ်တော့ ပြေးဖို့ မလွယ်ဘူး၊ ပြီးတော့ အဲ့နေရာက အိမ်အသေးလေးတွေ စုနေတာ၊ သေဆုံးသူဦးရေ မနည်းလောက်ဘူးဗျ” ဟု ၄င်းကပြောသည်။

ကျေးရွာ အုပ်ချုပ်ရေး တာဝန်ရှိသူများက “ရွှံ့နွံပေါက်ကျမှုကြောင့် လူပျောက်စာရင်းလာပေးတာတော့ မရှိသေးဘူး၊ ပါသွားတဲ့စာရင်းလုပ်ဖို့က ခုမလွယ်သေးဘူးဗျ၊ တချို့က မိသားစုလိုက်ပါသွားတာလဲရှိတယ်ဆိုတော့”ဟု ဆိုသည်။

ရှာဖွေ ကယ်ဆယ်ရေး ဆောင်ရွက်သည့် လူမှုရေးအသင်းအဖွဲ့များက “ကျနော်တို့ ဒီအတိုင်းရှာဖို့တော့မလွယ်ဘူး၊ နွံတွေဆိုတော့၊ ဘက်ဟိုးနဲ့ နွံတွေသယ်ထုတ်မှ အလောင်းလိုက်ရှာလို့ရတော့မှာ၊ ခုတော့ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်”ဟု ပြောသည်။

#RedNewsAgency #RNA #REDNEWS

By RNA Editor