PDF တပ်ရင်းအားလုံးအတွက် ထောက်ပံ့မှုတကြိမ်လျှင် အမေရိကန်ဒေါ်လာ တစ်သန်းကျော်ကုန်ကျ

RNA_နိုဝင်ဘာ(၁၂)၊၂၀၂၄ ခုနှစ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်းများကို ရိက္ခာနှင့်အထွေထွေအသုံးစရိတ် ပေးပို့နေသည့်မှာ ထောက်ပံ့မှုတကြိမ်လျှင် အမေရိကန်ဒေါ်လာ တစ်သန်းကျော်ကုန်ကျသည်ဟု ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားထားသည်။

“PRF – People’s Revolution Supply Family ရဲ့ ထောက်ပို့တပ်သားတွေဆီကနေ ရရှိတဲ့ငွေတွေကို တပ်ရင်းတွေရဲ့ ရိက္ခာနဲ့ အထွေထွေ အသုံးစရိတ်အတွက် အဓိက အသုံးပြုပါတယ်။ တပ်ရင်းတွေရဲ့ ရိက္ခာဖိုးနဲ့ အထွေထွေ အသုံးစရိတ် တွေကို ပို့ရာမှာလည်း လစဉ်ပို့ဆောင်တာမျိုးမဟုတ်ပဲ ရက် ၄၀ ဒါမှမဟုတ် ၅၀ မှ တကြိမ်ပို့ဆောင်တာမျိုး လုပ်ပါတယ်။ PDF တပ်ရင်းအားလုံးကို အကြိမ် တကြိမ်ပို့မယ်ဆိုရင် အမေရိကန်ဒေါ်လာ တသန်းကျော် ကျသင့်ပါတယ်” ဟု “ပြည်သူလူထု နှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ်”တွင် ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။

Red News Agency

By RNA Editor