အမ်းမြို့နယ်မှ ရိက္ခာပို့ပြန်လာသည့် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး (၁၀) ဦးသေဆုံး

RNA_အောက်တိုဘာ(၃၀)၊၂၀၂၄ခုနှစ်။

တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းမှ ရိက္ခာပို့ပြန်လာသော စစ်ကောင်စီတပ်ယာဉ်တန်းကို မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်း လမ်းပိုင်းတွင် အရှိုချင်းကာကွယ်ရေးတပ် (ACDF)နှင့် မင်းဘူးခရိုင် အမှတ်(၂) တပ်ရင်းတို့ပူးပေါင်းတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီလက်အောက်ခံ (၁၀) ဦးဝန်းကျင်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

အရှိုချင်းကာကွယ်ရေးတပ် (ACDF)နှင့် မင်းဘူးခရိုင် အမှတ်(၂) တပ်ရင်းတို့ ပူးပေါင်းပြီး အမ်း-ပဒါန်း လမ်းပိုင်းတွင် အောက်တိုဘာ ၂၈ ရက်နေ့က ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရရှိသော်လည်း တော်လှန်ရေးအင်အားစုများလက်က ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ACDF ကယနေ့ ထုတ်ပြန်ထားသည်။

မကွေးမြို့အခြေစိုက် တပ်မ (၈၈) မှ စစ်ကား (၁၇) စီးတွင် လူအပြည့် (၁၅) စီးနှင့် လက်နက်ခဲယမ်း ပစ္စည််််််းတင်ဆောင်သော (၂) စီးတို့ဖြင့်အောက်တိုဘာ ၂၈ ရက်နေ့က မင်းဘူးဘက်ထွက်သွားသည့်အတွက် အမ်းဘက်စစ်ကူနှင့်လက်နက်ခဲယမ်းသွားပို့ယာဉ်များဖြစ်သည်ဟု မကွေးမြို့ပေါ်မှ ပြည်သူများက ပြောကြားထားသည်။

#RedNewsAgency #RNA #AhNyar

By RNA Editor