ရှမ်းမန်း စစ်ဆင်ရေးတွင်  ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်မှ ဒုစစ်ရေးတာဝန်ခံ တဦးအပါအဝင် ရဲဘော် (၉) ဦးကျဆုံးခဲ့ရ

RNA_အောက်တိုဘာ()၊၂၀၂၄ခုနှစ်။ 

၁၀၂၇ စစ်ဆင်ရေးအပိုင်း () နှင့် ရှမ်းမန်း စစ်ဆင်ရေးအတွင်း စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အခြေစိုက်  ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ် – DOUNG NI People Defence Force – DNPDF မှ ဒုစစ်ရေးတာဝန်ခံ ၁ ဦး၊ တပ်ခွဲမှူး ၂ ဦး၊ တပ်စိတ်မှူး ၁ဦး၊ ရဲဘော် () တို့ ကျဆုံးခဲ့ရသည်ဟု ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ် တာဝန်ခံ ကိုလင်္ကျာက ပြောသည်။ 

ရှမ်းမန်းစစ်ဆင်ရေးအတွင်း မန္တလေး PDF နှင့်အတူ ကျောက်ဆည်ခရိုင်တပ်ရင်း () ()၊ မြင်းခြံခရိုင်းတပ်ရင်း ()၊ ညောင်ဦးခရိုင်တပ်ရင်း()၊ ရွှေဘိုခရိုင်တပ်ရင်းများ၊ ဝက်လက်ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်၊ စဉ့်ကိုင်တော်လှန်ရေးတပ်ဖွဲ့၊ တလုပ် PDF တပ်ဖွဲ့၊ National Liberation Army (NLA) တမူး၊ SSTF ရဲတပ်ဖွဲ့တို့ ပူးပေါင်းပါဝင် တိုက်ပွဲဝင်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) စစ်ဦးစီးအဖွဲ့ကလည်း ထုတ်ပြန်ထားသည်။ 

ရဲဘော်တွေ ကျတာတော့ ၁၀၂၇ ဒုတိယလှိုင်းမှာပါ ကျနော်တို့ ပါဝင်တိုက်ခဲ့တာကတော့ ပထမလှိုင်းကတည်းပါခဲ့တာပါ။ ဒီလမ်းကို စလျှောက်ကတည်းက ဒီလိုမျိုး အခြေအနေတွေ ကြုံမယ်ဆိုတာတော့ ကျွန်တော်တို့ ကိုယ်တိုင်ထက် ဒီတော်လှန်ရေးကြီးကို ပူးပေါင်းပါဝင်နေတဲ့ ညီအစ်ကိုတွေ ရဲဘော်ရဲဘက်တွေ အကုန်လုံး သိရှိထားပြီးသားဖြစ်တယ်။ ကျွန်တော်တို့ဆီမှာလည်း ကျဆုံးတဲ့ရဲဘော်တွေများတယ် ဒီရဲဘော်တွေအတွက်ကို ကျန်ရှိနေတဲ့ ရဲဘော် ညီအစ်ကိုတွေကနေပြီးတော့ သူတို့အတွက် ပိုပြီး တာဝန်ထမ်းဖို့ လိုအပ်တယ်။ သူတို့အတွက် ပိုပြီး ကြိုးစားဖို့ လိုအပ်ပါတယ်ဟု ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ် တာဝန်ခံ ကိုလင်္ကျာက ပြောသည်။

ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ် အနေဖြင့် ဒေသတွင်း ဝက်လက်မြို့နယ်အတွင်းပြင် စစ်ကိုင်းတိုင်းအတွင်းရှိ မဟာမိတ်များဖြင့်ပါ စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေကြောင်း၊ ရှမ်းမြောက်တိုက်ပွဲအပြင် ဒေသတွင်းတိုက်ပွဲများတွင်လည်း ကျဆုံးရဲဘော်များရှိကြောင်း၊ တပ်အဖွဲ့အနေဖြင့် မဟာမိတ်ဆက်ဆံရေးကို ဆက်လက်ထူထောင်ပြီး တိုက်ပွဲများ ဆက်လက်ဝင်သွားမည်ဖြစ်ကြောင်း သိရသည်။

Red News Agency

By Editor